ကြားသိရသမျှ

စားအုန်းဆီဈေး တသောင်းကျော်နေတဲ့အချိန်မှာ ရေနဲ့ ကြော်လို့ရတဲ့ ကြာဇံကြော် ပြုလုပ်နည်း

စားအုန်းဆီဈေး တသောင်းကျော်နေတဲ့အချိန်မှာ ရေနဲ့ ကြော်လို့ရတဲ့ ကြာဇံကြော် ပြုလုပ်နည်း

လက်ရှိအချိန်မှာ စားအုန်းဆီ ဈေးနှုန်းဟာ တသောင်းကျော်နေတဲ့ အချိန်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များ အသင်းက စားအုန်းဆီ တပိဿာကို ငါးထောင်ကျော် ဈေးနှုန်းနဲ့ ကန့်သတ်ပြီး ရောင်းချပေးနေပမယ့်လည်း ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်နေပြီး ပြည်သူများအနေနဲ့ တိုးဝှေ့ ဝယ်ယူနေကြရပါတယ်။

စကစက စားအုန်းဆီနဲ့ စက်သုံးဆီ တင်သွင်းဖို့အတွက် ဒေါ်လာ သန်း ၂၀၀ ချေးပေးပေမယ့်လည်း မြန်မာတနိုင်ငံလုံး သုံးစွဲမှုအရ ထိုပမာဏဟာ တလစာသာ ရရှိမှာ ဖြစ်ပြီး လာမယ့် လတွေမှာ စားအုန်းဆီ ပြတ်တောက်မှုကို ကြုံတွေ့ရနိုင်ပါတယ်။

ပြည်သူများ နေ့စဉ်သုံးစွဲနေရတဲ့ မီးဖိုချောင်ကုန်ကျစရိတ်များဟာလည်း တဖြည်းဖြည်း မြင့်တက်လာပြီး ဝင်ငွေနဲ့ ထွက်ငွေ ကွာဟမှု များပြားလာတာကြောင့် ပိုမိုကျပ်တည်းလာလျက်ရှိပါတယ်။ အထွေထွေ ကျပ်တည်းမှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ ပြည်သူတွေ အဆင်ပြေစွာ ချက်ပြုတ်စားသောက်နိုင်ဖို့ ဆီမလို ရေနဲ့ ကြော်တဲ့ ကြာဇံအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်-

ရေနဲ့ ကြော်တဲ့ ကြာဇံကြော်ပါ။ သရဖီ ကြာဇံ အစိတ်သားထုပ်မှ တစ်ဝက်ပဲ ရေခဏလေးစိမ် ထားတုန်း ဂေါ်ဖီအနည်းငယ်လှီး ရေဆေး ကြက်သွန်နီတစ်ခြမ်း အဖြူ ငါးမွှာလောက် ဆီသက်၊ ဆီကို ထမင်းဆားဇွန်း နှစ်ဇွန်းပဲထည့်တယ်။

ကြက်ဥတစ်လုံးဖောက် ကြက်သား သုံးတုံလောက် သေးသေးလေးလေး တုံးပြီး ကြက်ဥထဲထည့်မွှေ၊ ဂေါ်ဖီထည့် ငံပြာရည်နည်းနည်း၊ အချိုမှုန့် နည်းနည်း၊ သကြားနည်းနည်း ထည့်မွှေ ပဲငံပြာရည် အကျဲနည်းနည်းပေါက်ထည့် ပြီးလျှင် စိမ်ထားတဲ့ကြာဇံထည့်၊ ရေထည့်ပြီးကြော်၊

မီးနည်းနည်းလေးမှ အဆင်ပြေမယ် ကဲအရမ်းလွယ်ကူ ရိုးရှင်း ဈေးလည်းသက်သာ မနက်အစာပြေပဲစားစား နေ့ခင်းစာပဲ ဖြစ်ဖြစ်။ Good (DeCem Ber Koko)

စားအုန္းဆီေဈး တေသာင္းေက်ာ္ေနတဲ့အခ်ိန္မွာ ေရနဲ႔ ေၾကာ္လို႔ရတဲ့ ၾကာဇံေၾကာ္ ျပဳလုပ္နည္း

လက္ရွိအခ်ိန္မွာ စားအုန္းဆီ ေဈးႏႈန္းဟာ တေသာင္းေက်ာ္ေနတဲ့ အခ်ိန္ကို ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ ဆီလုပ္ငန္းရွင္မ်ား အသင္းက စားအုန္းဆီ တပိႆာကို ငါးေထာင္ေက်ာ္ ေဈးႏႈန္းနဲ႔ ကန႔္သတ္ၿပီး ေရာင္းခ်ေပးေနပမယ့္လည္း ဆင္ပါးစပ္ ႏွမ္းပက္သလို ျဖစ္ေနၿပီး ျပည္သူမ်ားအေနနဲ႔ တိုးေဝွ႔ ဝယ္ယူေနၾကရပါတယ္။

စကစက စားအုန္းဆီနဲ႔ စက္သုံးဆီ တင္သြင္းဖို႔အတြက္ ေဒၚလာ သန္း ၂၀၀ ေခ်းေပးေပမယ့္လည္း ျမန္မာတႏိုင္ငံလုံး သုံးစြဲမႈအရ ထိုပမာဏဟာ တလစာသာ ရရွိမွာ ျဖစ္ၿပီး လာမယ့္ လေတြမွာ စားအုန္းဆီ ျပတ္ေတာက္မႈကို ႀကဳံေတြ႕ရႏိုင္ပါတယ္။

ျပည္သူမ်ား ေန႔စဥ္သုံးစြဲေနရတဲ့ မီးဖိုေခ်ာင္ကုန္က်စရိတ္မ်ားဟာလည္း တျဖည္းျဖည္း ျမင့္တက္လာၿပီး ဝင္ေငြနဲ႔ ထြက္ေငြ ကြာဟမႈ မ်ားျပားလာတာေၾကာင့္ ပိုမိုက်ပ္တည္းလာလ်က္ရွိပါတယ္။ အေထြေထြ က်ပ္တည္းမႈေတြ ျဖစ္ေပၚေနတဲ့ အခ်ိန္မွာ ျပည္သူေတြ အဆင္ေျပစြာ ခ်က္ျပဳတ္စားေသာက္ႏိုင္ဖို႔ ဆီမလို ေရနဲ႔ ေၾကာ္တဲ့ ၾကာဇံအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္-

ေရနဲ႔ ေၾကာ္တဲ့ ၾကာဇံေၾကာ္ပါ။ သရဖီ ၾကာဇံ အစိတ္သားထုပ္မွ တစ္ဝက္ပဲ ေရခဏေလးစိမ္ ထားတုန္း ေဂၚဖီအနည္းငယ္လွီး ေရေဆး ၾကက္သြန္နီတစ္ျခမ္း အျဖဴ ငါးမႊာေလာက္ ဆီသက္၊ ဆီကို ထမင္းဆားဇြန္း ႏွစ္ဇြန္းပဲထည့္တယ္။

ၾကက္ဥတစ္လုံးေဖာက္ ၾကက္သား သုံးတုံေလာက္ ေသးေသးေလးေလး တုံးၿပီး ၾကက္ဥထဲထည့္ေမႊ၊ ေဂၚဖီထည့္ ငံျပာရည္နည္းနည္း၊ အခ်ိဳမႈန႔္ နည္းနည္း၊ သၾကားနည္းနည္း ထည့္ေမႊ ပဲငံျပာရည္ အက်ဲနည္းနည္းေပါက္ထည့္ ၿပီးလွ်င္ စိမ္ထားတဲ့ၾကာဇံထည့္၊ ေရထည့္ၿပီးေၾကာ္၊

မီးနည္းနည္းေလးမွ အဆင္ေျပမယ္ ကဲအရမ္းလြယ္ကူ ႐ိုးရွင္း ေစ်းလည္းသက္သာ မနက္အစာေျပပဲစားစား ေန႔ခင္းစာပဲ ျဖစ္ျဖစ္။ Good (DeCem Ber Koko)

Leave a Reply

Your email address will not be published. Required fields are marked *