ကြားသိရသမျှ

အနုပညာရှင်များစုပေါင်း၍ မော်ကွန်းအား စစ်ကောင်စီမှ အရေးယူပေးရန် တိုင်စာဖွင့်တောင်းဆိုနေ

အနုပညာရှင်များစုပေါင်း၍ မော်ကွန်းအား စစ်ကောင်စီမှ အရေးယူပေးရန် တိုင်စာဖွင့်တောင်းဆိုနေ

အနုပညာရှင်ဟု မ‌ခေါ်ထိုက်သော အနုပညာရှင်များစုပေါင်း၍ သရုပ်ဆောင်မင်းမော်ကွန်းအား စစ်ကောင်စီမှ အရေးယူပေးဖို့ တိုင်စာဖွင့်တောင်းဆိုနေ

Ref#myanmarcelebritytvclub

သို့

ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဌေးလွင် (မင်းမော်ကွန်း) အား အရေးယူဆောင်ရွက်ပေးနိုင်ပါရန် တိုင်ကြားခြင်း

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိလူကြီးမင်းများ

ကျွန်တော်/ကျွန်မတို့.. အနုပညာရှင်များအနေဖြင့် . ဩစတြေးလျနိုင်ငံတွင် ခိုလှုံခွင့်ဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဌေးလွင် (မင်းမော်ကွန်း)နှင့် ပတ်သက်၍ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ အားလုံးသို့ အသိပေးတိုင်ကြားလိုပါသည်။

တိုင်ကြားလိုသည့် အဓိကအကြောင်းအရာမှာ ကျော်ကျော်ဌေးလွင် (မင်းမော်ကွန်း) သည် ပုံမှန်အခြေအနေကဲ့သို့ မနေထိုင်ရန်ဟု အကြောင်းပြ၍ မြန်မာနိုင်ငံမှ အနုပညာရှင် အသိုင်းအဝိုင်းကို အနုပညာလုပ်ငန်းများ မဆောင်ရွက်နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်အကြပ်ကိုင် နှောင့်ယှက်လျက်ရှိပါသည်။

ယခုမြန်မာနိုင်ငံနေရာတစ်ချို့တွင် စကစတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားနေပြီး PDF တို့၏ အရပ်သားများကို သတ်ဖြတ်မှုများဗုံးခွဲမှုများရှိနေ သကဲ့သို့၊ … ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးများ အဆမတန် ကြီးမြင့်နေသဖြင့် ကျွန်တော်/ကျွန်မတို့ အနုပညာရှင်များအပါအဝင် ပြည်သူများမှာ မိသားစု တစ်နေ့တာ လောက်ငှရန် ကြိုးစားရုန်းကန်နေကြရသည့် အခြေအနေဖြစ်ပါသည်။

ယခုလိုအချိန်မျိုးတွင် ဩစတြေးလျတွင်မိသားစုလိုက် နိုင်ငံရေးခိုလှုံခွင့်ဖြင့် ရောက်ရှိနေပြီး တော်လှန်ရေး အကြောင်းပြကာ အလှူခံစားနေသည့် ကျော်ကျော် ဌေးလွင်မှ မြန်မာနိုင်ငံမှအခြေအနေအား နားမလည်ဘဲ အနုပညာရှင်များအား ပုံမှန် လုပ်ငန်းများ ဆောင်ရွက်ပါက PDF များကို သတ်ဖြတ်ခိုင်းမည်ဟု စာပို့၍လည်းကောင်း၊ လူမှုကွန်ရက်မှလည်းကောင်း ခြိမ်းခြောက်အကြပ်ကိုင်လျက်ရှိပါသည်။

ကျော်ကျော်ဌေးလွင်အနေဖြင့် အနုပညာလုပ်ငန်းများနှင့် ကင်းကွာနေသည်မှာလည်း ကြာမြင့်ပြီဖြစ်ပြီး သောင်းကျန်းသူများဖွင့်လှစ်သည့် လူသတ်/ဗုံးခွဲသင်တန်းများ တက်ရောက်ခဲ့ခြင်း၊ အကြမ်းဖက်မှုများဖြစ်ပွားရန် အားပေးလှုံ့ဆော်ခြင်း၊ အလှူငွေ ကောက်ခံခြင်းနှင့် အရပ်သားများကိုအကြောင်းမဲ့သတ်နေသည့် မြို့ပြ PDF များကို စေခိုင်း ထောက်ပံ့နေသူဖြစ်သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် အရေးယူ ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဝရမ်းပြေးတစ်ဦးလည်းဖြစ် ပါသည်။

အနုပညာရှင်များအနေဖြင့် ကျော်ကျော်ဌေးလွင်ကို ချစ်ခင်လေးစားပြီး ကြောက်ရွံ့ခြင်း မရှိသော်လည်း ၎င်း၏စေခိုင်းချက်အရ PDF များ လာသတ်မည်ကို စိုးရိမ်ကြောက်ရွံ့နေ ကြပါသည်။ ထို့ကြောင့် အနုပညာရှင်တစ်ချို့မှာ ၎င်းတို့၏ အနုပညာလုပ်ငန်းများကို မလုပ်ရဲခြင်း၊ ရပ်ပစ်ရခြင်းများ ရှိနေသည့်အတွက် စားဝတ်နေရေးကျပ်တည်းပြီး အတိဒုက္ခရောက်နေရပါသည်။

ထို့ကြောင့် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများအနေဖြင့် ကျော်ကျော်ဌေးလွင် ၏ အနုပညာရှင်များကို ခြိမ်းခြောက်နေမှုများနှင့် အရပ်သားများအား သတ်ဖြတ်ရန် လှုံ့ဆော်ကာ အလှူငွေကောက်ခံနေမှုများကို အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးပါရန် အားကိုးယုံကြည်စွာဖြင့် တိုင်ကြားအပ်ပါသည်။

မြန်မာနိုင်ငံမှ အနုပညာရှင်များ

(အသက်အန္တရာယ်စိုးရိမ်ရပါသဖြင့် အနုပညာရှင်များ၏အမည်ကို မဖော်ပြနိုင်ခြင်းအား နားလည်ပေးပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *