ကြားသိရသမျှ

မိခင်ဖြစ်သူမှ အတိုးမပေးနိုင်၍ သမီးဖြစ်သူကို အပေါင်းပစ္စည်းအနေဖြင့် အပ်နှံခဲ့ရာမှ ရှက်လွန်း၍ဆိုကာ

မိခင်ဖြစ်သူမှ အတိုးမပေးနိုင်၍ သမီးဖြစ်သူကို အပေါင်းပစ္စည်းအနေဖြင့် အပ်နှံခဲ့ရာမှ ရှက်လွန်း၍ဆိုကာ

မအိရွှေ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ ကိုးတန်းကျောင်းသူတစ်ဦး အမျိုးမျိုးညှင်းပန်း နှိပ်စက်မှုကြောင့် မိမိကိုယ်ကို အဆိပ်သောက် သတ်သေသည့် အမှုတခုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်ညောင်ကိုင်းအနောက်ရွာနေ အဒေါ်ဖြစ်သူ ဒေါ်ဆန်းညွန့်ရီမှ တူမဖြစ်သူအသက်(၁၇)နှစ်ရှိ မအိရွှေအား အမျိုးမျိုးညှင်းပန်း နှိပ်စက်ခဲ့ပါသည်။

သို့အတွက် မအိရွှေသည် အလွန်စိတ်ဆင်းရဲ သောကရောက်လွန်းသည့် အတွက်အိန္ဒိယနိုင်ငံထုတ် အလွန်ပြင်းသော ပိုးသတ်ဆေးပြားသောက်ပြီး မိမိကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့သည်။

မအိရွှေ၏ အမေ ဒေါ်နွဲ့ရီဝင်းသည် တရွာတည်းနေ ကိုဇော်ဝင်းမောင်နှင့် လက်ထပ်ခဲ့သည်။ သို့သော် သဘောထားချင်း မတိုက်ဆိုင်သဖြင့်ကွာရှင်းပြတ်ဆဲရာတွင် ယောက္ခမဖြစ်သူ ဦးရှမ်း (ယခင် ရယက ဥက္ကဋ္ဌဟောင်း)ဒေါ်နွားခင်တို့မှ လက်ထပ်စဉ်က တင်တောင်းခဲ့သော ရွှေများကိုအတိုးပါပြန်ပေးရန် တောင်းဆိုခဲ့သည်။

သို့သော် မိခင်ဒေါ်နွဲ့ရီဝင်းမှာ၎င်းတို့ တောင်းဆိုသော အတိုးရွှေ မပေးနိုင်သဖြင့် သမီးဖြစ်သူ မအိရွှေအားရွှေတိုးအဖြစ် စာချုပ်ဖြင့် ယောက္ခမများထံ အပ်ခဲ့ရသည်။ ယောက္ခမများနှင့်အဒေါ်ဖြစ်သူ မအေးမာလွင်၊ မဆန်းညွန့်ရီတို့မှ ရွှေတိုးအဖြစ်ရလာသော မအိရွှေအားအမျိုးမျိုး ဝိုင်းဝန်း နှိပ်စက်ကြသည်။သစ်ပင်ကို ကြိုးနှင့်တုတ်၍ရိုက်ခြင်း အိမ်တန်းတွင် ဇောက်ထိုးချ၍နှိပ်စက်ခြင်းစသည်ဖြင့် လူမဆန်စွာ ဝိုင်းဝန်းနှိပ်စက်ကြသည်။

နောက်ဆုံးတွင် မအိရွှေခမျာ မခံမရပ်နိုင်သည့်အတွက် အိန္ဒိယနိုင်ငံထုတ်ပိုးသတ်ဆေးပြားများ သောက်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့ပါသည်…။အဆိပ်သောက်ပြီး သေမည့် ကုတင်ပေါ်တွင် မသေနိုင်င်၍ ငြီးငြူနေရာတွင်အဒေါ်ဖြစ်သူ မဆန်းညွန့်ရီမှ မြန်မြန်သေချင်ရင် ဓားနဲ့ထိုးသတ် သေလိုက်ဟုလူမဆန်စွာ ပြောဆိုခဲ့သည်ဟု သိရှိရသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ယင်းမာပင်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသော်လည်းတစ်လပြည့်သည့်တိုင် မည်သို့မျှ အရေးယူခြင်းမရှိသေးပါ။ဦးရှမ်း+ဒေါ်နွားခင်တို့မှာ ပစ္စည်းချမ်းသာသည့်အတွက် ဤအမှုကိုကားတစ်စီးကုန်သည်အထိ အထက်ကို လာဘ်ထိုးပြီး အမှုမပေါ်အောင်လုပ်မည်ဟု ကြုံးဝါးထားကြောင်း ကြားသိရပါသည်။

ဤကဲ့သို့ တစ်လပြည့်သည့်တိုင်အမှုမှန်ပေါ်ပေါက်ရေးကို သက်ဆိုင်ရာ ရဲဋ္ဌာနမှ မည်သို့မျှအရေးယူဆောင်ရွက်ခြင်း တရားလိုအား ဆင့်စာပေးပို့ခြင်း လုံးဝမရှိသည့်အတွက်သက်ဆိုင်ရာ ရဲအရာရှိများသည် လာဘ်ငွေများ အမြောက်အများယူ၍ အမှုကိုသေးသိမ်အောင် ပြုလုပ်နေသည်ဟု ယူဆရပါသည်.။

နိုင်ငံတော် အစိုးရအနေနှင့် တရားဥပဒေစိုးမိုးရေးကို အကြိမ်ကြိမ်ပြောဆိုနေသော်လည်း အောက်ခြေ ဝန်ထမ်းများမှာ ယခင်အစိုးရ လက်ထက်အတိုင်းလာဘ်ပေး လာဘ်ယူမှုများရှိနေပြီး လုံး၀ မပြောင်းသေးကြောင်း ဤဖြစ်စဉ်ကမီးမောင်းထိုးပြနေပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့်တရားဥပဒေစိုးမိုးရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် ကာယကံရှင်များအနေဖြင့်အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

မိခင္ျဖစ္သူမွ အတိုးမေပးႏိုင္၍ သမီးျဖစ္သူကို အေပါင္းပစၥည္းအေနျဖင့္ အပ္ႏွံခဲ့ရာမွ ရွက္လြန္း၍ဆိုကာ

မအိေရႊ စစ္ကိုင္းတိုင္းေဒသၾကီး ယင္းမာပင္ျမိဳ႕နယ္ ေညာင္ကိုင္းအေနာက္ရြာေန ကိုးတန္းေက်ာင္းသူတစ္ဦး အမ်ိဳးမ်ိဳးညွင္းပန္း နွိပ္စက္မႈေၾကာင့္ မိမိကိုယ္ကုိ အဆိပ္ေသာက္ သတ္ေသသည့္ အမႈတခုျဖစ္ပြားခဲ့ပါသည္။

ျဖစ္စဥ္မွာ စစ္ကိုင္းတိုင္းေဒသၾကီး ယင္းမာပင္ျမိဳ႕နယ္ေညာင္ကိုင္းအေနာက္ရြာေန အေဒၚျဖစ္သူ ေဒၚဆန္းညြန့္ရီမွ တူမျဖစ္သူအသက္(၁၇)နွစ္ရွိ မအိေရႊအား အမ်ိဳးမ်ိဳးညွင္းပန္း နိွပ္စက္ခဲ့ပါသည္။

သို႔အတြက္ မအိေရႊသည္ အလြန္စိတ္ဆင္းရဲ ေသာကေရာက္လြန္းသည့္ အတြက္အိႏၵိယနိုင္ငံထုတ္ အလြန္ျပင္းေသာ ပိုးသတ္ေဆးျပားေသာက္ျပီး မိမိကိုယ္ကို သတ္ေသမႈျဖစ္ပြားခဲ့သည္။

မအိေရႊ၏ အေမ ေဒၚႏဲြ႕ရီ၀င္းသည္ တရြာတည္းေန ကိုေဇာ္၀င္းေမာင္နွင့္ လက္ထပ္ခဲ့သည္။ သို႕ေသာ္ သေဘာထားခ်င္း မတိုက္ဆိုင္သျဖင့္ကြာရွင္းျပတ္ဆဲရာတြင္ ေယာကၡမျဖစ္သူ ဦးရွမ္း (ယခင္ ရယက ဥကၠ႒ေဟာင္း)ေဒၚႏြားခင္တို႔မွ လက္ထပ္စဥ္က တင္ေတာင္းခဲ့ေသာ ေရႊမ်ားကိုအတိုးပါျပန္ေပးရန္ ေတာင္းဆိုခဲ့သည္။

သို႕ေသာ္ မိခင္ေဒၚႏဲြ႕ရီ၀င္းမွာ၎တို႔ ေတာင္းဆိုေသာ အတိုးေရႊ မေပးနိုင္သျဖင့္ သမီးျဖစ္သူ မအိေရႊအားေရႊတိုးအျဖစ္ စာခ်ဳပ္ျဖင့္ ေယာကၡမမ်ားထံ အပ္ခဲ့ရသည္။ ေယာကၡမမ်ားနွင့္အေဒၚျဖစ္သူ မေအးမာလြင္၊ မဆန္းညြန္႔ရီတို႔မွ ေရႊတိုးအျဖစ္ရလာေသာ မအိေရႊအားအမ်ိဳးမ်ိဳး ၀ိုင္း၀န္း နိွပ္စက္ၾကသည္။သစ္ပင္ကို ၾကိဳးနွင့္တုတ္၍ရိုက္ျခင္း အိမ္တန္းတြင္ ေဇာက္ထိုးခ်၍နွိပ္စက္ျခင္းစသည္ျဖင့္ လူမဆန္စြာ ၀ိုင္း၀န္းနွိပ္စက္ၾကသည္။

ေနာက္ဆုံးတြင္ မအိေရႊခမ်ာ မခံမရပ္ႏိုင္သည့္အတြက္ အိႏိၵယနိုင္ငံထုတ္ပိုးသတ္ေဆးျပားမ်ား ေသာက္ျပီး မိမိကိုယ္ကိုယ္ ေသေၾကာင္းၾကံခဲ့ပါသည္…။အဆိပ္ေသာက္ျပီး ေသမည့္ ကုတင္ေပၚတြင္ မေသႏိုင္င္၍ ျငီးျငဴေနရာတြင္အေဒၚျဖစ္သူ မဆန္းညြန္႔ရီမွ ျမန္ျမန္ေသခ်င္ရင္ ဓားနဲ႔ထိုးသတ္ ေသလိုက္ဟုလူမဆန္စြာ ေျပာဆိုခဲ့သည္ဟု သိရွိရသည္။

၎ျဖစ္စဥ္နွင့္ ပတ္သက္၍ယင္းမာပင္ျမိဳ႕နယ္ ရဲစခန္းတြင္ တိုင္ခ်က္ဖြင့္ထားေသာ္လည္းတစ္လျပည့္သည့္တိုင္ မည္သို႕မွ် အေရးယူျခင္းမရွိေသးပါ။ဦးရွမ္း+ေဒၚႏြားခင္တို႕မွာ ပစၥည္းခ်မ္းသာသည့္အတြက္ ဤအမႈကိုကားတစ္စီးကုန္သည္အထိ အထက္ကို လာဘ္ထိုးျပီး အမႈမေပၚေအာင္လုပ္မည္ဟု ၾကံဳး၀ါးထားေၾကာင္း ၾကားသိရပါသည္။

ဤကဲ့သို႕ တစ္လျပည့္သည့္တိုင္အမႈမွန္ေပၚေပါက္ေရးကို သက္ဆိုင္ရာ ရဲ႒ာနမွ မည္သို႔မွ်အေရးယူေဆာင္ရြက္ျခင္း တရားလိုအား ဆင့္စာေပးပို႕ျခင္း လုံး၀မရွိသည့္အတြက္သက္ဆိုင္ရာ ရဲအရာရွိမ်ားသည္ လာဘ္ေငြမ်ား အေျမာက္အမ်ားယူ၍ အမႈကိုေသးသိမ္ေအာင္ ျပဳလုပ္ေနသည္ဟု ယူဆရပါသည္.။

နိုင္ငံေတာ္ အစိုးရအေနနွင့္ တရားဥပေဒစိုးမိုးေရးကို အၾကိမ္ၾကိမ္ေျပာဆိုေနေသာ္လည္း ေအာက္ေျခ ၀န္ထမ္းမ်ားမွာ ယခင္အစိုးရ လက္ထက္အတိုင္းလာဘ္ေပး လာဘ္ယူမႈမ်ားရွိေနျပီး လုံး၀ မေျပာင္းေသးေၾကာင္း ဤျဖစ္စဥ္ကမီးေမာင္းထိုးျပေနပါသည္။ နိုင္ငံေတာ္ အစိုးရအေနျဖင့္တရားဥပေဒစိုးမိုးေရးအတြက္ ကူညီေဆာင္ရြက္ေပးပါရန္ ကာယကံရွင္မ်ားအေနျဖင့္အထူးေမတၱာ ရပ္ခံအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *