ကြားသိရသမျှ

ရန်ကုန် မြို့လယ်ခေါင် ဘူတာကြီးနားမှာ ပေါ်တင်ကျူးလွန်နေတဲ့ ဒုစရိုက်သမားများ

ရန်ကုန် မြို့လယ်ခေါင်မှာ ပေါ်တင်ကျူးလွန်နေတဲ့ ဒုစရိုက်သမားတွေ အကြောင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးရဲ့ အတွေ့အကြုံကို ပြန်လည်ဖော်ပြလိုက်ပါတယ်-

ရှောင်ကြပါ ဘူတာကြီးဂုံးတံတားနား ဒုစရိုက်သမားများကျင်လည် ကျက်စားနေပါသည်။ ကျွန်တော် ဘူတာကြီးထဲ ပစ္စည်းပို့ရန် အသွား အလွယ်တကူ ဗိုလ်ချုပ်လမ်းပေါ် ကားရပ်ပြီး ဂုံးပေါ်တက် ဘူတာကြီးထဲသို့ လမ်းလျှောက်သွားခဲ့သည်။

အသွားထဲက အဲ့နားက လူအုပ် ၁၅ ယောက်လောက်ကို မသင်္ကာလို့ သံဗုဒ္ဓေ ဂါထာလေးတောင် ရွက်သွားခဲ့သေး၊ အပြန်လာကျတော့ ကောင်မလေး ၃ ယောက်က ကိုယ့်အသား ၁ ခုခုကို ထိဖို့ကြိုးစားရင်း လိပ်စာမေးပါသည်။

အစထဲက မသင်္ကာတာမို့ အသားအထိမခံပဲ ရှောင်ရင်းတိမ်းရင်း အဲ့နားက လူတွေ မေးပါလားလို့ ပြန်ပြောရင်း ထိုင်နေတဲ့ ကောင်က သွားမရအောင် ကာထားလိုက်လို့ အော်အပြော ကျွန်တော်လည်း အသည်းအသန်ဆင်းပြေးခဲ့ပါသည်။

ကားနားရောက်မှ ဓာတ်ပုံခိုးရိုက်ပြီး နောက်လူတွေ ရှောင်ရအောင် သတိပေးခြင်းဖြစ်ပါသည်။ မှတ်ချက်။ အိမ်ရောက်တာနဲ့ နားထဲက နားကပ်ကအစ အကုန်ချွတ်ပါတော့မည်။ အော်လူတွေလူတွေ နောက်ဆို ငါလည်း ဘာမှ မဝတ်ဘဲ လမ်းထွက်ရတော့မလားပဲ။ နေပူထဲ ပြေးလိုက်ရတာ မောထှာ

(မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

ရန္ကုန္ ၿမိဳ႕လယ္ေခါင္မွာ ေပၚတင္က်ဴးလြန္ေနတဲ့ ဒုစ႐ိုက္သမားေတြ အေၾကာင္းကို ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရသူတဦးရဲ႕ အေတြ႕အႀကဳံကို ျပန္လည္ေဖာ္ျပလိုက္ပါတယ္-

ေရွာင္ၾကပါ ဘူတာႀကီးဂုံးတံတားနား ဒုစ႐ိုက္သမားမ်ားက်င္လည္ က်က္စားေနပါသည္။ ကြၽန္ေတာ္ ဘူတာႀကီးထဲ ပစၥည္းပို႔ရန္ အသြား အလြယ္တကူ ဗိုလ္ခ်ဳပ္လမ္းေပၚ ကားရပ္ၿပီး ဂုံးေပၚတက္ ဘူတာႀကီးထဲသို႔ လမ္းေလွ်ာက္သြားခဲ့သည္။

အသြားထဲက အဲ့နားက လူအုပ္ ၁၅ ေယာက္ေလာက္ကို မသကၤာလို႔ သံဗုေဒၶ ဂါထာေလးေတာင္ ႐ြက္သြားခဲ့ေသး၊ အျပန္လာက်ေတာ့ ေကာင္မေလး ၃ ေယာက္က ကိုယ့္အသား ၁ ခုခုကို ထိဖို႔ႀကိဳးစားရင္း လိပ္စာေမးပါသည္။

အစထဲက မသကၤာတာမို႔ အသားအထိမခံပဲ ေရွာင္ရင္းတိမ္းရင္း အဲ့နားက လူေတြ ေမးပါလားလို႔ ျပန္ေျပာရင္း ထိုင္ေနတဲ့ ေကာင္က သြားမရေအာင္ ကာထားလိုက္လို႔ ေအာ္အေျပာ ကြၽန္ေတာ္လည္း အသည္းအသန္ဆင္းေျပးခဲ့ပါသည္။

ကားနားေရာက္မွ ဓာတ္ပုံခိုး႐ိုက္ၿပီး ေနာက္လူေတြ ေရွာင္ရေအာင္ သတိေပးျခင္းျဖစ္ပါသည္။ မွတ္ခ်က္။ အိမ္ေရာက္တာနဲ႔ နားထဲက နားကပ္ကအစ အကုန္ခြၽတ္ပါေတာ့မည္။ ေအာ္လူေတြလူေတြ ေနာက္ဆို ငါလည္း ဘာမွ မဝတ္ဘဲ လမ္းထြက္ရေတာ့မလားပဲ။ ေနပူထဲ ေျပးလိုက္ရတာ ေမာထွာ

(မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

Leave a Reply

Your email address will not be published. Required fields are marked *