CDM ဆရာမ ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခံရေသာ္လည္း တရားခြင္မွ ျပန္အထြက္ လက္သုံးေခ်ာင္း…see more
ရန္ကုန္၊ စက္တင္ဘာ ၂ ,Khit Thit
မေကြးတိုင္း၊ ေရနံေခ်ာင္းၿမိဳ႕နယ္မွ CDM ေက်ာင္း ဆရာမ ေဒၚစႏၵာမိုးကို ဩဂုတ္လ ၃၁ ရက္ေန႔တြင္ ပုဒ္မ ၅၀၅ (က) ျဖင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခံလိုက္ရေၾကာင္း မိတ္ေဆြမ်ားႏွင့္ ပညာေရးအသိုင္းအ၀ိုင္းက ေျပာဆိုသည္။
CDM ေက်ာင္းဆရာမ ေဒၚစႏၵာမိုးကို PDF ေတြကိုေထာက္ပံ့သည္ဟုဆိုကာ စစ္တပ္က ဖမ္းသြားျခင္းျဖစ္ေၾကာင္း၊ ပထမအႀကိမ္ လူမႈေရး မေက်နပ္ခ်က္ျဖင့္ တိုင္ၾကားမႈ ေၾကာင့္ အခ်ဳပ္ထဲတြင္ ၃ ရက္ေနၿပီး ျပန္လည္ လြတ္ေျမာက္ခဲ့ေၾကာင္း၊
ဒုတိယအႀကိမ္ တြင္မူ PDF ေထာက္ပံ့သည္ဆိုေသာ သတင္း ေပးတိုင္ၾကားမႈျဖင့္ အဖမ္းခံရၿပီး ေထာင္ဒဏ္ ၃ ႏွစ္ႏွင့္ အလုပ္ၾကမ္း ခ်မွတ္ခံရျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“ဆရာမက အမိန္႔ခ်ခံရၿပီး တရား႐ုံးကထြက္လာတဲ့အခါ လက္သုံးေခ်ာင္းေထာင္လို႔ ေခါင္းေမာ့ ရင္ေကာ့ၿပီး ထြက္လာခဲ့တယ္။ ပုဒ္မ ၅၀၅ (က)နဲ႔ အလုပ္ ၾကမ္းႏွင့္ ေထာင္ဒဏ္၃ႏွစ္ အခ်ခံရတာ။
ဆရာမက ျပည္သူေတြကို သတင္းစကားပါးတာက ဘယ္လိုပဲ ေထာင္ဒဏ္ ခ်မွတ္ခံရေပမယ့္ တညီတၫြတ္တည္း ႀကိဳးစားၾကဖို႔ တရားခြင္အၿပီး လက္သုံးေခ်ာင္းေထာင္ ၿပီး ဆႏၵထုတ္ေဖာ္သြားတာပါ” ဟု မိတ္ေဆြက ေျပာသည္။
CDM ေက်ာင္းဆရာမ ေဒၚစႏၵာမိုးသည္ မူလတန္းျပ ေက်ာင္းဆရာမတစ္ဦးျဖစ္ၿပီး လက္ရွိတြင္ မေကြးေဒါင္းေနအက်ဥ္းေထာင္တြင္ ေထာင္သြင္းအက်ဥ္းက်ျခင္းခံထားရေၾကာင္း သိရွိရသည္။
crd
CDM ဆရာမ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရသော်လည်း တရားခွင်မှ ပြန်အထွက် လက်သုံးချောင်း…see more
ရန်ကုန်၊ စက်တင်ဘာ ၂ ,Khit Thit
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှ CDM ကျောင်း ဆရာမ ဒေါ်စန္ဒာမိုးကို ဩဂုတ်လ ၃၁ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံလိုက်ရကြောင်း မိတ်ဆွေများနှင့် ပညာရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။
CDM ကျောင်းဆရာမ ဒေါ်စန္ဒာမိုးကို PDF တွေကိုထောက်ပံ့သည်ဟုဆိုကာ စစ်တပ်က ဖမ်းသွားခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် လူမှုရေး မကျေနပ်ချက်ဖြင့် တိုင်ကြားမှု ကြောင့် အချုပ်ထဲတွင် ၃ ရက်နေပြီး ပြန်လည် လွတ်မြောက်ခဲ့ကြောင်း၊
ဒုတိယအကြိမ် တွင်မူ PDF ထောက်ပံ့သည်ဆိုသော သတင်း ပေးတိုင်ကြားမှုဖြင့် အဖမ်းခံရပြီး ထောင်ဒဏ် ၃ နှစ်နှင့် အလုပ်ကြမ်း ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဆရာမက အမိန့်ချခံရပြီး တရားရုံးကထွက်လာတဲ့အခါ လက်သုံးချောင်းထောင်လို့ ခေါင်းမော့ ရင်ကော့ပြီး ထွက်လာခဲ့တယ်။ ပုဒ်မ ၅၀၅ (က)နဲ့ အလုပ် ကြမ်းနှင့် ထောင်ဒဏ်၃နှစ် အချခံရတာ။
ဆရာမက ပြည်သူတွေကို သတင်းစကားပါးတာက ဘယ်လိုပဲ ထောင်ဒဏ် ချမှတ်ခံရပေမယ့် တညီတညွတ်တည်း ကြိုးစားကြဖို့ တရားခွင်အပြီး လက်သုံးချောင်းထောင် ပြီး ဆန္ဒထုတ်ဖော်သွားတာပါ” ဟု မိတ်ဆွေက ပြောသည်။
CDM ကျောင်းဆရာမ ဒေါ်စန္ဒာမိုးသည် မူလတန်းပြ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး လက်ရှိတွင် မကွေးဒေါင်းနေအကျဉ်းထောင်တွင် ထောင်သွင်းအကျဉ်းကျခြင်းခံထားရကြောင်း သိရှိရသည်။
crd