ကြားသိရသမျှ

အမြန်လမ်းပေါ်မှာ ကား Accident ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့လို့ ခေါင်းထိခိုက်မိပြီး (၆) ချက်ချုပ်လိုက်ရတဲ့ အဆိုတော်ပိုးမီ

အဆိုတော်ပိုးမီက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ခရီးတစ်ခုကအပြန် အမြန်လမ်းပေါ်မှာ ကားAccident ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ရတယ်လို့ သူ့ရဲ့Facebookမှာရေးသားထားပါတယ်။

“ကားတစ်စီးလုံး စုတ်ပြတ်သတ်သွားတဲ့အထိ ပြင်းထန်ခဲ့ပေမဲ့ … ခေါင်းကို ထိခိုက်မိပြီး ၆ချက်ချုပ်ရုံကလွဲလို့ … အပွန်းအပဲ့ အကျိုး အပဲ့ အထိအခိုက် တစ်စုံတစ်ရာတောင် မရခဲ့ပါဘူး … ကံကောင်းခဲ့တယ် လို့ပဲ တွေးမိတော့တယ် ။

တစ်စက္ကန့် နှစ်စက္ကန့်အတွင်း ဖြစ်သွားခဲ့သမျှ

သတိတချက်မလွတ်ခဲ့လို့ … အစ/အဆုံး အက်ရှင်ကားထဲက ဇာတ်ဝင်ခန်းလိုပါပဲ …

သွေးနည်းနည်းမြင်ရင်တောင် တုန်ယင်ပြီး ကြောက်တတ်ခဲ့ပေမယ့် တကယ်တမ်း ရင်ဆိုင်ရတဲ့အခါ .. တည်ငြိမ်ပြီး သတိမလွတ်တဲ့ ကိုယ့်ကိုကိုယ်တောင် အံ့ဩရပါတယ် … ။

အခုလို accidentဖြစ်ပြီးသွားတဲ့နောက် …တွေးမိသွားခဲ့တာကကံပါလာရင် ဘယ်အရာကိုမှ ရှောင်လွှဲလို့မရပါဘူး ..။

ကြိုမမြင်ရတဲ့ ကံကြမ္မာဟာ အချိန်အခါမရွေး

ကောင်းတာပဲ ဖြစ်ဖြစ် …ဆိုးတာပဲ ဖြစ်ဖြစ် ရွေးချယ်ခွင့်မရှိ ကြုံကိုကြုံရမယ် ဆိုတာပါပဲ …။

က်ိုယ် မမျှော်လင့်ထားပါပဲ … ဘုရားတည် ခွင့်ရခဲ့သလို

ကိုယ် မမျှော်လင့်ထားပါပဲ … ကား Accident ဖြစ်ခဲ့တယ်။

အကောင်းရော အဆိုးရော တစ်နှစ်တည်းမှာပဲ ကြုံဖူးခဲ့ပါပြီ ။

ရှေ့ဆက်လဲ ဘာတွေကြုံလာဦးမလဲ ကြိုမသိနိုင်တဲ့ လောကကြီးမှာ … မတော်တဆ

ရုတ်တရက် သေဆုံးခဲ့ရင်တောင်မှ … အဆင်သင့်ဖြစ်နေဖို့ လိုပါတယ် …

ဒါကြောင့် …

ဘုရား တရား လုံးဝ မမေ့ပါနဲ့ …

ဘုရား တရား လုံးဝ မမေ့ပါနဲ့ …

ဘုရား တရား လုံးဝ မမေ့ပါနဲ့ …

သေသွားတဲ့အခါ ….

ဘယ်အရာမှ ကိုယ့်နောက်မပါနိုင်သလို .. ဘယ်အရာကမှ ကိုယ်ရောက်ချင်တဲ့ဘဝကို တွန်းမပို့ပေးနိုင်ပါဘူး …

အသိနဲ့သတိလေး မလစ်ပဲ … ဆင်ခြင်ဖို့လိုပါပြီ …

သတင်းကြားပြီး စိတ်ပူနေကြတဲ့ မိတ်တွေ အပေါင်းအသင်းတွေ ကို စိတ်အေးစေချင်တာကြောင့်ရော ..

ပိုးမီ ကြုံတွေ့ရတဲ့ အခြေအနေကနေ … ဆင်ခြင်မိခဲ့တဲ့ အရာတွေကို ပြောချင်တာရော …
ကိုယ့်လို မဖြစ်ရလေအောင် သတိချပ်စေချင်တာရောကြောင့်

ဒီနေ့ ..ဒီစာလေးကို ရေးလိုက်တာပါ…

ပိုးမီ … အခု ..သက်သာနေပါပြီ …

မကြာမီ ချုပ်ရိုးဖြည်ရပါမယ် …

ပြီးရင်တော့ … လူဝတ်လဲပြီး သာသနာ့ဘောင်ကို ခဏ ဝင်ဖြစ်ပါမယ်ရှင့် “လို့ ဖြစ်စဉ်နဲ့ပတ်သက်လို့ပိုးမီကပြောပါတယ်။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *