စအိုထဲကို ငါးရှဉ့်ထည့်ပြီး ဆေးကုခဲ့တဲ့ လူနာတစ်ယောက်ရဲ့ ထိတ်လန့်ဖွယ်အဖြစ်အပျက်တစ်ခု
မောင်ယဿ
ဝမ်းချုပ်နေရင် စအိုထဲကို ငါးရှဉ့် ထည့်လိုက်ပါ ငါးရှဉ့် က အူလမ်းကြောင်း လှုပ်ရှားမှုကို အထောက် အကူပေးလို့ ဝမ်းချုပ်တာ သက်သာပြီး ဝမ်းကို မှန်စေတယ် ဆိုတဲ့ ကုထုံးအမှားကြီးကို တရုတ်နိုင်ငံမှာ လူတော်တော် များများက ဟိုလူပြော ဒီလူပြော နဲ့ လက်ခံထားကြပါတယ်။
ဒီလ ၂၀ ရက်နေ့က တရုတ်ပြည်အရှေ့ပိုင်း ကျင်စု ပြည်နယ်က အမျိုးသား တစ်ယောက်က ဝမ်းချုပ်တဲ့ ဝေဒနာကို နှစ်ရှည်လများ ခံစားနေရပါတယ်။
သက်သာလို သက်သာငြား ဆေးတွေကိုလည်း တစ်မျိုးပြီး တစ်မျိုး စမ်းသပ်ခဲ့ပါတယ်။ ဆေးတွေက မထိရောက်လို့ နောက်ဆုံး သူသိထားတဲ့ ငါးရှဉ့်ထည့်တဲ့ နည်းကို သုံးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။
ငါးရှဉ့်ကို စအိုကနေ ထည့်လိုက်ပြီးချိန်မှာ ငါးရှဉ့် က သူ့ရဲ့ မစင်အိမ်ထဲမှာ လျှောက်တိုးတော့တာပါပဲ။ ငါးရှဉ့် စာအိုထဲရောက်ကာစမှာ ဝမ်းတစ်ချက် သွားပြီးနောက် ငါးရှဉ့်က ဝမ်းတွေ နဲ့ ထွက်မလာဘဲ အူမကြီးထဲကို ရောက်သွားပါတယ်။
တစ်ပေလောက်ရှည်တဲ့ အဲ့ဒိငါးရှဉ့်က အူမကြီး နံရံကို စကိုက်ပါတော့တယ်။ နာကျင်လွန်းတဲ့ ဝေဒနာ ကို ခံစားနေရပေမယ့်လည်း သူက ရှက်လွန်းလို့ ဆရာဝန်ကို သွားမပြရဲဘူး ဖြစ်နေပါတယ်။
အဲ့ဒိလိုနဲ့ ၁ရက်လုံးလုံး နေကြည့်တာ အိမ်သာလည်း မထွက် ငါးရှဉ်လည်း ပြန်မထွက် ဗိုက်ထဲမှာလည်း နာကျင်လာလို့ ဆရာဝန်ကို သွားပြီး ပြတော့ ဆရာဝန်က ငါးရှဉ့်ကို ခွဲထုတ်လိုက်ရပါတယ်။
အရှင်အတိုင်း ထွက်လာပါတယ်။ အူမကြီးထဲက အစာချေ ဘတ်တီးရီးယားတွေ တော်တော် များများ ပျက်စီသွားရပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း အသက် ၅၀အရွယ် အမျိုးသားတစ်ယောက်လည်း ၁ပေကျော်ရှည်တဲ့ ငါးရှဉ့် တစ်ကောင်ကို ဝမ်းချုပ်တာ ကုဖို့ စအိုထဲကို ထည့်လို့ ခွဲပြီး ပြန်ထုတ်ခဲ့ရဖူးပါတယ်။ အဲ့ဒိတုန်းက ခွဲစိတ်မှု နောက်ကျ သွားလို့ အစာအိမ်သွေးကြောပေါက်ပြီး သွေးထွက်လွန်ကာ သေဆုံး သွားခဲ့ရပါတယ်။
REF: world of buzz, Photo Credit: pink news
Zawgyi
စအိုထဲကို ငါးရွဥ့္ထည့္ၿပီး ေဆးကုခဲ့တဲ့ လူနာရဲ႕ အျဖစ္အပ်က္
ေမာင္ယႆ
ဝမ္းခ်ဳပ္ေနရင္ စအိုထဲကို ငါးရွဥ့္ ထည့္လိုက္ပါ ငါးရွဥ့္ က အူလမ္းေၾကာင္း လႈပ္ရွားမႈကို အေထာက္ အကူေပးလို႔ ဝမ္းခ်ဳပ္တာ သက္သာၿပီး ဝမ္းကို မွန္ေစတယ္ ဆိုတဲ့ ကုထုံးအမွားႀကီးကို တ႐ုတ္ႏိုင္ငံမွာ လူေတာ္ေတာ္ မ်ားမ်ားက ဟိုလူေျပာ ဒီလူေျပာ နဲ႔ လက္ခံထားၾကပါတယ္။
ဒီလ ၂၀ ရက္ေန႔က တ႐ုတ္ျပည္အေရွ႕ပိုင္း က်င္စု ျပည္နယ္က အမ်ိဳးသား တစ္ေယာက္က ဝမ္းခ်ဳပ္တဲ့ ေဝဒနာကို ႏွစ္ရွည္လမ်ား ခံစားေနရပါတယ္။
သက္သာလို သက္သာျငား ေဆးေတြကိုလည္း တစ္မ်ိဳးၿပီး တစ္မ်ိဳး စမ္းသပ္ခဲ့ပါတယ္။ ေဆးေတြက မထိေရာက္လို႔ ေနာက္ဆုံး သူသိထားတဲ့ ငါးရွဥ့္ထည့္တဲ့ နည္းကို သုံးမယ္ဆိုၿပီး ဆုံးျဖတ္ခဲ့ပါတယ္။
ငါးရွဥ့္ကို စအိုကေန ထည့္လိုက္ၿပီးခ်ိန္မွာ ငါးရွဥ့္ က သူ႔ရဲ႕ မစင္အိမ္ထဲမွာ ေလွ်ာက္တိုးေတာ့တာပါပဲ။ ငါးရွဥ့္ စာအိုထဲေရာက္ကာစမွာ ဝမ္းတစ္ခ်က္ သြားၿပီးေနာက္ ငါးရွဥ့္က ဝမ္းေတြ နဲ႔ ထြက္မလာဘဲ အူမႀကီးထဲကို ေရာက္သြားပါတယ္။
တစ္ေပေလာက္ရွည္တဲ့ အဲ့ဒိငါးရွဥ့္က အူမႀကီး နံရံကို စကိုက္ပါေတာ့တယ္။ နာက်င္လြန္းတဲ့ ေဝဒနာ ကို ခံစားေနရေပမယ့္လည္း သူက ရွက္လြန္းလို႔ ဆရာဝန္ကို သြားမျပရဲဘူး ျဖစ္ေနပါတယ္။
အဲ့ဒိလိုနဲ႔ ၁ရက္လုံးလုံး ေနၾကည့္တာ အိမ္သာလည္း မထြက္ ငါးရွဥ္လည္း ျပန္မထြက္ ဗိုက္ထဲမွာလည္း နာက်င္လာလို႔ ဆရာဝန္ကို သြားၿပီး ျပေတာ့ ဆရာဝန္က ငါးရွဥ့္ကို ခြဲထုတ္လိုက္ရပါတယ္။
အရွင္အတိုင္း ထြက္လာပါတယ္။ အူမႀကီးထဲက အစာေခ် ဘတ္တီးရီးယားေတြ ေတာ္ေတာ္ မ်ားမ်ား ပ်က္စီသြားရပါတယ္။
ၿပီးခဲ့တဲ့ ႏွစ္ကလည္း အသက္ ၅၀အ႐ြယ္ အမ်ိဳးသားတစ္ေယာက္လည္း ၁ေပေက်ာ္ရွည္တဲ့ ငါးရွဥ့္ တစ္ေကာင္ကို ဝမ္းခ်ဳပ္တာ ကုဖို႔ စအိုထဲကို ထည့္လို႔ ခြဲၿပီး ျပန္ထုတ္ခဲ့ရဖူးပါတယ္။ အဲ့ဒိတုန္းက ခြဲစိတ္မႈ ေနာက္က် သြားလို႔ အစာအိမ္ေသြးေၾကာေပါက္ၿပီး ေသြးထြက္လြန္ကာ ေသဆုံး သြားခဲ့ရပါတယ္။
REF: world of buzz, Photo Credit: pink news