အထွေထွေဗဟုသုတ

Breaking News: Big Forest ထဲက ကိုးရီးယားသ႐ုပ္ေဆာင္မင္းသမီး ယိုဂ်ဴအန္ ကိုယ့္ကိုကိုယ္ အ- ဆုံ း-စီ-ရင္-မူ-ျဖစ္-ပြား

Zawgyi

Breaking News: Big Forest ထဲက ကိုးရီးယားသ႐ုပ္ေဆာင္မင္းသမီး ယိုဂ်ဴအန္ ကိုယ့္ကိုကိုယ္ အ- ဆုံ း-စီ-ရင္-မူ-ျဖစ္-ပြား

Big Forest ထဲက ကိုးရီးယားသ႐ုပ္ေဆာင္မင္းသမီး ယိုဂ်ဴအန္ ကိုယ့္ကိုကိုယ္အဆုံးစီရင္ၿပီး ကြယ္လြန္

ေတာင္ကိုးရီးယားသ႐ုပ္ေဆာင္မင္းသမီး ယိုဂ်ဳအန္ Yoo Ju-eun ဟာ တနလၤာေန႔က ကိုယ့္ကိုကိုယ္အဆုံးစီရင္ၿပီး ေသဆုံးသြားတယ္လို႔ ေတာင္ကိုးရီးယားမီဒီယာေတြက ေဖာ္ျပၾကပါတယ္။ မင္းသမီးဟာ ကြယ္လြန္ခ်ိန္မွာ (၂၇)ႏွစ္ရွိပါၿပီ။

ဩဂုတ္ ၂၉ရက္က သူ႔အစ္ကိုအႀကီးဆုံးက သူမရဲ႕ အင္စတာဂရမ္မွာ သူမေသဆုံးေၾကာင္းေရးသားခဲ့ၿပီး အဲဒီတနလၤာေန႔ မနက္မွာ ကိုယ့္ကိုကိုယ္အဆုံးစီရင္ခဲ့တာျဖစ္တယ္လို႔လည္း‌ ေဖာ္ျပထားပါတယ္။ သူမရဲ႕ ဈာပနအခမ္းအနားကို ဩဂုတ္ ၃၁ ရက္ ဗုဒၶဟူးေန႔မွာက်င္းပမွာျဖစ္ပါတယ္။

သူမရဲ႕ ေနာက္ဆုံးေရးခဲ့တဲ့စာေတြကိုလည္း သူမရဲ႕ စိတ္ဆႏၵအရအင္စတာဂရမ္မွာ တင္ေပးလိုက္ပါတယ္လို႔လည္း အစ္ကိုႀကီး ျဖစ္သူကေျပာပါတယ္။

သူမေစာေစာထြက္ခြာသြားရတဲ့အတြက္ အဖြား၊အေဖႏွင့္အေမႏွင့္အစ္ကိုႀကီးကို ေတာင္းပန္ပါတယ္လို႔ သူမက စာထဲမွာ ေရးထားပါတယ္။

“ ကြၽန္မတကယ့္ကိုသ႐ုပ္ေဆာင္ခ်င္တာပါ” လို႔ လည္းစာထဲမွာေရးထားပါတယ္။

“ သ႐ုပ္ေဆာင္ရတာဟာ ကြၽန္မအတြက္ အဓိပၸါယ္အျပည့္ ဒါမွမဟုတ္ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီဘဝမွာ ေနထိုင္ရတာ သိပ္မလြယ္လွဘူး” လို႔လည္း သူမကေရးပါတယ္။

သူမဟာ ကြယ္လြန္ၿပီးျဖစ္တဲ့ အေမရိကန္ရက္ပါ မက္မီလာရဲ႕ Circles (2020) သီခ်င္းကိုလည္း သူမရဲ႕ အင္စတာဂရမ္ စတိုရီ မွာ တနဂၤေႏြညက တင္ထားပါတယ္။

အဲဒီအထဲက ကမာၻႀကီးေလ်ာက်ဆင္းလာတာကို ၾကည့္ေနတယ္”Watchin’ the world falling down its decline”. ဆိုတဲ့ သီခ်င္းစာသားအပိုင္းကေလးကိုျဖစ္ပါတယ္။

ယိုဟာ Big Forest (2018) ဆိုတဲ့ ဒရာမာဇာတ္ျမဴးမွာသ႐ုပ္ေဆာင္ခဲ့ပါတယ္။ Joseon Survival Period (2019). ဆိုတဲ့ အခ်ိန္ခရီးသြား စီးရီးမွာလည္း ဇာတ္ပို႔တစ္ဦးအျဖစ္သ႐ုပ္ေဆာင္ခဲ့ပါတယ္။

Source: Straits Times

#Yoo Ju-eu

Unicode

Breaking News: Big Forest ထဲက ကိုးရီးယားသရုပ်ဆောင်မင်းသမီး ယိုဂျူအန် ကိုယ့်ကိုကိုယ် အ- ဆုံ း-စီ-ရင်-မူ-ဖြစ်-ပွား

Big Forest ထဲက ကိုးရီးယားသရုပ်ဆောင်မင်းသမီး ယိုဂျူအန် ကိုယ့်ကိုကိုယ်အဆုံးစီရင်ပြီး ကွယ်လွန်

တောင်ကိုးရီးယားသရုပ်ဆောင်မင်းသမီး ယိုဂျုအန် Yoo Ju-eun ဟာ တနင်္လာနေ့က ကိုယ့်ကိုကိုယ်အဆုံးစီရင်ပြီး သေဆုံးသွားတယ်လို့ တောင်ကိုးရီးယားမီဒီယာတွေက ဖော်ပြကြပါတယ်။ မင်းသမီးဟာ ကွယ်လွန်ချိန်မှာ (၂၇)နှစ်ရှိပါပြီ။

ဩဂုတ် ၂၉ရက်က သူ့အစ်ကိုအကြီးဆုံးက သူမရဲ့ အင်စတာဂရမ်မှာ သူမသေဆုံးကြောင်းရေးသားခဲ့ပြီး အဲဒီတနင်္လာနေ့ မနက်မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့လည်း‌ ဖော်ပြထားပါတယ်။ သူမရဲ့ ဈာပနအခမ်းအနားကို ဩဂုတ် ၃၁ ရက် ဗုဒ္ဓဟူးနေ့မှာကျင်းပမှာဖြစ်ပါတယ်။

သူမရဲ့ နောက်ဆုံးရေးခဲ့တဲ့စာတွေကိုလည်း သူမရဲ့ စိတ်ဆန္ဒအရအင်စတာဂရမ်မှာ တင်ပေးလိုက်ပါတယ်လို့လည်း အစ်ကိုကြီး ဖြစ်သူကပြောပါတယ်။

သူမစောစောထွက်ခွာသွားရတဲ့အတွက် အဖွား၊အဖေနှင့်အမေနှင့်အစ်ကိုကြီးကို တောင်းပန်ပါတယ်လို့ သူမက စာထဲမှာ ရေးထားပါတယ်။

“ ကျွန်မတကယ့်ကိုသရုပ်ဆောင်ချင်တာပါ” လို့ လည်းစာထဲမှာရေးထားပါတယ်။

“ သရုပ်ဆောင်ရတာဟာ ကျွန်မအတွက် အဓိပ္ပါယ်အပြည့် ဒါမှမဟုတ် အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဘဝမှာ နေထိုင်ရတာ သိပ်မလွယ်လှဘူး” လို့လည်း သူမကရေးပါတယ်။

သူမဟာ ကွယ်လွန်ပြီးဖြစ်တဲ့ အမေရိကန်ရက်ပါ မက်မီလာရဲ့ Circles (2020) သီချင်းကိုလည်း သူမရဲ့ အင်စတာဂရမ် စတိုရီ မှာ တနင်္ဂနွေညက တင်ထားပါတယ်။

အဲဒီအထဲက ကမ္ဘာကြီးလျောကျဆင်းလာတာကို ကြည့်နေတယ်”Watchin’ the world falling down its decline”. ဆိုတဲ့ သီချင်းစာသားအပိုင်းကလေးကိုဖြစ်ပါတယ်။

ယိုဟာ Big Forest (2018) ဆိုတဲ့ ဒရာမာဇာတ်မြူးမှာသရုပ်ဆောင်ခဲ့ပါတယ်။ Joseon Survival Period (2019). ဆိုတဲ့ အချိန်ခရီးသွား စီးရီးမှာလည်း ဇာတ်ပို့တစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။

Source: Straits Times

#Yoo Ju-eu

Leave a Reply

Your email address will not be published. Required fields are marked *