ကြားသိရသမျှ

ျပည္သူ ၁၀၀၀ေက်ာ္အတြက္ ဆန္နဲ႔ကုလားပဲကို ၁၀၀က်ပ္နဲ႔ေရာင္းခ်ေန

ျပည္သူ ၁၀၀၀ေက်ာ္အတြက္ ဆန္နဲ႔ကုလားပဲကို ၁၀၀က်ပ္နဲ႔ေရာင္းခ်ေန

ျပည္သူ ၁၀၀၀ ေက်ာ္ကို ဆန္ႏွင့္ ကုလားပဲ ၁၀၀ က်ပ္ျဖင့္ May Yu Mart က ေရာင္းခ်

စားဝတ္ေနေရး ခက္ခဲေနတဲ့ ျပည္သူ ၁၀၀၀ ေက်ာ္ကို ေဒါပုံၿမိဳ႕နယ္ ဝါဆိုမွတ္တိုင္အနီးက May Yu Mart မွာ ၾသဂုတ္ ၂၈ ရက္ ညေနပိုင္းက ဆန္၊ သို႔မဟုတ္ ပဲ ဘာပဲယူယူ တရာက်ပ္နဲ႔ ေရာင္းခ်ခဲ့တယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

ေဒါပုံၿမိဳ႕နယ္ ဝါဆိုမွတ္တိုင္အနီး ယမုံနာလမ္းေထာင့္နဲ႔ ဓမၼေစတီလမ္းေထာင့္မွာ ဩဂုတ္ ၂၈ ရက္ ညေန ၃ နာရီကစတင္ကာ ေရာင္းခ်ေပးတာလို႔ သာေကတၿမိဳ႕နယ္ေန ျပည္သူတဦးက DVB ကို ေျပာပါတယ္။

“ဆိုင္က ပထမ လူသုံးရာပဲ ေရာင္းေပးမယ္လို႔ ေၾကညာထာတာ။ ေနာက္ေတာ့ လူက တစ္ေထာင္ေလာက္ရွိေတာ့ အကုန္ေရာင္းေပးတယ္။ မရွိေနတဲ့အခ်ိန္ဆိုေတာ့ ဆန္ေလးလုံးကို တစ္ရာနဲ႔ရတာဆိုေတာ့ အဆင္ေျပတာေပါ့။”

ဆန္၊ သို႔မဟုတ္ ပဲကို ေဒါပုံ၊ သာေကတ၊ သန္လ်င္၊ တာေမြ၊ မဂၤလာေတာင္ၫြန႔္ စတဲ့ ၿမိဳ႕နယ္ေတြက အေျခခံလူတန္းစားေတြ လာေရာက္ဝယ္ယူၾကတယ္လို႔ ဝါဆိုမွတ္တိုင္အနီးမွာ ေနသူတဦးက ဒီဗြီဘီ ကို ေျပာပါတယ္။

“ဝမ္းလည္းသာတယ္၊ စိတ္ထဲလည္း မေကာင္းဘူး။ ျပည္တြင္းမွာ လူေတြ ဘယ္ေလာက္ အခက္အခဲျဖစ္ေနလဲဆိုတာ ဆန္ ေလးလုံးနဲ႔ မိုးထဲ ေရထဲမွာ လာဝယ္ၾကတဲ့သူေတြ အမ်ားႀကီးပဲ၊ မိသားစု သုံးဦးဆို ဆန္တျပည္ခြဲရမွာေလ၊ အဲဒါေၾကာင့္ လာတိုးဝယ္ၾကတာ။”

May Yu Mart (Dawbon Branch) မွာ အရင္က ဆန္၊ Red Ruby တံဆိပ္ ဆန္လုံးရွည္ (Long Grain Rice) – 1Kg နဲ႔ Red Ruby တံဆိပ္ ပဲဝါေလး – 300g တို႔ကို (တစ္ထုပ္) ကို တစ္ရာက်ပ္နဲ႔ လူ ၄၀၀ သာ ေရာင္းခ်မယ္လို႔ စီစဥ္ထားေပမဲ့ လာေရာက္ဝယ္ယူသူ မ်ားျပားလြန္းတာေၾကာင့္ လူ ၁၀၀၀ ေက်ာ္ ေရာင္းခ်ေပးခဲ့တယ္လို႔ May Yu Mart တာဝန္ခံက ဒီဗြီဘီကို ရွင္းျပပါတယ္။

“လူက မ်ားေတာ့ ေလးရာပဲ ေရာင္းေပးမယ္ဆိုတဲ့ အစီအစဥ္ကို ဖ်က္ၿပီး လာတဲ့လူ အကုန္ေရာင္းေပးလိုက္တာ။ တစ္ေထာင္ေက်ာ္ ရွိတယ္။ ေနာက္ထပ္ေရာင္းေပးဖို႔လည္း အစီအစဥ္ရွိတယ္။”

ၿပီးခဲ့တဲ့ ၾသဂုတ္ ၁၇ ရက္ မနက္ပိုင္းကလည္း သဃၤန္းကြၽန္းၿမိဳ႕နယ္ ဘဝျမင့္မွတ္တိုင္အနီးရွိ Aladdin Men Fashion ဆိုင္မွာ ဆန္တစ္ျပည္ ၁၀၀ က်ပ္၊ ၾကက္ဥတစ္ကတ္ ၁၀၀ က်ပ္နဲ႔ ေရာင္းခ်ေပးခဲ့ပါတယ္။

ႏြယ္ေအးစြႏၷီဂ်ာေမဗလီ လူမႈေရးအသင္းက ေဒါပုံၿမိဳ႕နယ္ထဲက ရပ္ကြက္ေတြမွာ ၾကက္ဥ ၆ လုံးကို တစ္ရာက်ပ္နဲ႔ ေရာင္းခ်ေပးေနတာလည္း ရွိပါတယ္။

စစ္တပ္ အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံမွာ အလုပ္အကိုင္ အခြင့္အလမ္း ရွားပါးလာၿပီး ကုန္ေဈးႏႈန္း ႀကီးျမင့္လာတာေၾကာင့္ လုပ္ငန္းရွင္ေတြနဲ႔ လူမႈေရးအဖြဲ႕အစည္းေတြက ေရာင္းခ်ေပးေနတာပါ။

credit

unicode

ပြည်သူ ၁၀၀၀ကျော်အတွက် ဆန်နဲ့ကုလားပဲကို ၁၀၀ကျပ်နဲ့ရောင်းချနေ

ပြည်သူ ၁၀၀၀ ကျော်ကို ဆန်နှင့် ကုလားပဲ ၁၀၀ ကျပ်ဖြင့် May Yu Mart က ရောင်းချ

စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူ ၁၀၀၀ ကျော်ကို ဒေါပုံမြို့နယ် ဝါဆိုမှတ်တိုင်အနီးက May Yu Mart မှာ သြဂုတ် ၂၈ ရက် ညနေပိုင်းက ဆန်၊ သို့မဟုတ် ပဲ ဘာပဲယူယူ တရာကျပ်နဲ့ ရောင်းချခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒေါပုံမြို့နယ် ဝါဆိုမှတ်တိုင်အနီး ယမုံနာလမ်းထောင့်နဲ့ ဓမ္မစေတီလမ်းထောင့်မှာ ဩဂုတ် ၂၈ ရက် ညနေ ၃ နာရီကစတင်ကာ ရောင်းချပေးတာလို့ သာကေတမြို့နယ်နေ ပြည်သူတဦးက DVB ကို ပြောပါတယ်။

“ဆိုင်က ပထမ လူသုံးရာပဲ ရောင်းပေးမယ်လို့ ကြေညာထာတာ။ နောက်တော့ လူက တစ်ထောင်လောက်ရှိတော့ အကုန်ရောင်းပေးတယ်။ မရှိနေတဲ့အချိန်ဆိုတော့ ဆန်လေးလုံးကို တစ်ရာနဲ့ရတာဆိုတော့ အဆင်ပြေတာပေါ့။”

ဆန်၊ သို့မဟုတ် ပဲကို ဒေါပုံ၊ သာကေတ၊ သန်လျင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့် စတဲ့ မြို့နယ်တွေက အခြေခံလူတန်းစားတွေ လာရောက်ဝယ်ယူကြတယ်လို့ ဝါဆိုမှတ်တိုင်အနီးမှာ နေသူတဦးက ဒီဗွီဘီ ကို ပြောပါတယ်။

“ဝမ်းလည်းသာတယ်၊ စိတ်ထဲလည်း မကောင်းဘူး။ ပြည်တွင်းမှာ လူတွေ ဘယ်လောက် အခက်အခဲဖြစ်နေလဲဆိုတာ ဆန် လေးလုံးနဲ့ မိုးထဲ ရေထဲမှာ လာဝယ်ကြတဲ့သူတွေ အများကြီးပဲ၊ မိသားစု သုံးဦးဆို ဆန်တပြည်ခွဲရမှာလေ၊ အဲဒါကြောင့် လာတိုးဝယ်ကြတာ။”

May Yu Mart (Dawbon Branch) မှာ အရင်က ဆန်၊ Red Ruby တံဆိပ် ဆန်လုံးရှည် (Long Grain Rice) – 1Kg နဲ့ Red Ruby တံဆိပ် ပဲဝါလေး – 300g တို့ကို (တစ်ထုပ်) ကို တစ်ရာကျပ်နဲ့ လူ ၄၀၀ သာ ရောင်းချမယ်လို့ စီစဉ်ထားပေမဲ့ လာရောက်ဝယ်ယူသူ များပြားလွန်းတာကြောင့် လူ ၁၀၀၀ ကျော် ရောင်းချပေးခဲ့တယ်လို့ May Yu Mart တာဝန်ခံက ဒီဗွီဘီကို ရှင်းပြပါတယ်။

“လူက များတော့ လေးရာပဲ ရောင်းပေးမယ်ဆိုတဲ့ အစီအစဉ်ကို ဖျက်ပြီး လာတဲ့လူ အကုန်ရောင်းပေးလိုက်တာ။ တစ်ထောင်ကျော် ရှိတယ်။ နောက်ထပ်ရောင်းပေးဖို့လည်း အစီအစဉ်ရှိတယ်။”

ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက် မနက်ပိုင်းကလည်း သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်မှတ်တိုင်အနီးရှိ Aladdin Men Fashion ဆိုင်မှာ ဆန်တစ်ပြည် ၁၀၀ ကျပ်၊ ကြက်ဥတစ်ကတ် ၁၀၀ ကျပ်နဲ့ ရောင်းချပေးခဲ့ပါတယ်။

နွယ်အေးစွန္နီဂျာမေဗလီ လူမှုရေးအသင်းက ဒေါပုံမြို့နယ်ထဲက ရပ်ကွက်တွေမှာ ကြက်ဥ ၆ လုံးကို တစ်ရာကျပ်နဲ့ ရောင်းချပေးနေတာလည်း ရှိပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာပြီး ကုန်ဈေးနှုန်း ကြီးမြင့်လာတာကြောင့် လုပ်ငန်းရှင်တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ရောင်းချပေးနေတာပါ။

credit

Leave a Reply

Your email address will not be published. Required fields are marked *