ဝိန့်ဆန်းရွှေဆိုင် ရွှေထည်ပစ္စည်း သိန်း ၃ ထောင်ကျော်ဖိုး ဓားပြတိုက်ခံရ
သြဂုတ်၂၈ ၊ ၂၀၂၂
မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့၊ အမှတ်(၈) ရပ်ကွက်၊ စည်ပင်သာယာဈေးကြီး တောင်ဘက်မှာရှိတဲ့
ဝိန့်ဆန်း ရွှေရတနာဆိုင်ဟာ ယမန်နေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ
သိန်း ၃ ထောင်ကျော်ဖိုး ပါသွားတယ်လို့ မြင်းခြံမြို့တွေဆီက သိရပါတယ်။
” မျက်နှာဖုံးနဲ့လူ ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ဆိုင်ကိုရောက်လာတယ်၊ ဆိုင်က လုံခြုံရေးဝန်ထမ်း
၂ ယောက်ကို သေနတ်နဲ့ ဓားမြှောင် အသုံးပြုပြီး လက်မြှောက်ထိုင်ခိုင်းထားတယ် ၊
နောက်ပြီး ရွှေရတနာတွေ ခင်းထားတဲ့ မှန်ကောင်တာကို ရိုက်ခွဲပြီး ရွှေအလေးအချိန် ၁ ပိသာကျော် ရွှေထည်ပစ္စည်းမျိုးစုံကို လုယူသွားတာ ”
လို့ မြင်းခြံခရိုင်ရဲတပ်ဖွဲ့နီးစပ်သူ တယောက်က အတည်ပြုပြောပါတယ်။
အဲ့ဒီ လုယက်မှုနဲ့ ပတ်သက်ပြီး မြင်းခြံမြို့ခံ ရွှေလုပ်ငန်းရှင် တယောက်က ” သေခြာ စနစ်တကျ စီစဉ်ပြီးမှ လုပ်တာဖြစ်နိုင်တယ် ၊
နေ့လယ် ၁ နာရီကျော် အချိန်ဆိုတာ ဈေးတိုင်းမှာက ဈေးတိတ်နေတဲ့အချိန်ဖြစ်တယ် ၊ အခုလိုဖြစ်စဉ်က မြင်းခြံမှာ
ရွှေချိန်ပမာဏ အများဆုံးနဲ့ ပထမဆုံးဖြစ်တယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ရွှေဆိုင် ဓားပြတိုက်ခံရတာနဲ့ ပတ်သက်ပြီး မြင်းခြံမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူဖို့ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်းမှာ ဒီလအတွင်း ရွှေရတနာဆိုင် လုယက်ခံရတဲ့ ဖြစ်ပွားမှုပေါင်း
၅ ခုထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
zawgyi,
ဝိန႔္ဆန္းေ႐ႊဆိုင္ ေ႐ႊထည္ပစၥည္း သိန္း ၃ ေထာင္ေက်ာ္ဖိုး ဓားျပတိုက္ခံရ
ၾသဂုတ္၂၈ ၊ ၂၀၂၂
မႏၲေလးတိုင္း၊ ျမင္းၿခံခ႐ိုင္ ၊ ျမင္းၿခံၿမိဳ႕၊ အမွတ္(၈) ရပ္ကြက္၊ စည္ပင္သာယာေဈးႀကီး ေတာင္ဘက္မွာရွိတဲ့
ဝိန႔္ဆန္း ေ႐ႊရတနာဆိုင္ဟာ ယမန္ေန႔ ေန႔လယ္ပိုင္းက ဓားျပတိုက္ခံရၿပီး ေ႐ႊထည္ပစၥည္းမ်ိဳးစုံ
သိန္း ၃ ေထာင္ေက်ာ္ဖိုး ပါသြားတယ္လို႔ ျမင္းၿခံၿမိဳ႕ေတြဆီက သိရပါတယ္။
” မ်က္ႏွာဖုံးနဲ႔လူ ၄ ေယာက္က ဆိုင္ကယ္ ၂ စီးနဲ႔ ဆိုင္ကိုေရာက္လာတယ္၊ ဆိုင္က လုံၿခဳံေရးဝန္ထမ္း
၂ ေယာက္ကို ေသနတ္နဲ႔ ဓားေျမႇာင္ အသုံးျပဳၿပီး လက္ေျမႇာက္ထိုင္ခိုင္းထားတယ္ ၊
ေနာက္ၿပီး ေ႐ႊရတနာေတြ ခင္းထားတဲ့ မွန္ေကာင္တာကို ႐ိုက္ခြဲၿပီး ေ႐ႊအေလးအခ်ိန္ ၁ ပိသာေက်ာ္ ေ႐ႊထည္ပစၥည္းမ်ိဳးစုံကို လုယူသြားတာ ”
လို႔ ျမင္းၿခံခ႐ိုင္ရဲတပ္ဖြဲ႕နီးစပ္သူ တေယာက္က အတည္ျပဳေျပာပါတယ္။
အဲ့ဒီ လုယက္မႈနဲ႔ ပတ္သက္ၿပီး ျမင္းၿခံၿမိဳ႕ခံ ေ႐ႊလုပ္ငန္းရွင္ တေယာက္က ” ေသျခာ စနစ္တက် စီစဥ္ၿပီးမွ လုပ္တာျဖစ္ႏိုင္တယ္ ၊
ေန႔လယ္ ၁ နာရီေက်ာ္ အခ်ိန္ဆိုတာ ေဈးတိုင္းမွာက ေဈးတိတ္ေနတဲ့အခ်ိန္ျဖစ္တယ္ ၊ အခုလိုျဖစ္စဥ္က ျမင္းၿခံမွာ
ေ႐ႊခ်ိန္ပမာဏ အမ်ားဆုံးနဲ႔ ပထမဆုံးျဖစ္တယ္ ” လို႔ ေျပာပါတယ္။
အဲ့ဒီ ေ႐ႊဆိုင္ ဓားျပတိုက္ခံရတာနဲ႔ ပတ္သက္ၿပီး ျမင္းၿခံၿမိဳ႕နယ္ရဲတပ္ဖြဲ႕က အမႈဖြင့္ အေရးယူဖို႔ စုံစမ္းစစ္ေဆးတာေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။
မႏၲေလးတိုင္းမွာ ဒီလအတြင္း ေ႐ႊရတနာဆိုင္ လုယက္ခံရတဲ့ ျဖစ္ပြားမႈေပါင္း