ကြားသိရသမျှ

“ရန်ကုန်တိုင်းအတွင်းရှိ ဓာတ်တိုင်များတွင် ချည်နှောင်ချိတ်ဆက်ထားသော အင်တာနက် ဖိုက်ဘာနှင့် Wifi ကြိုးများ…

“ရန်ကုန်တိုင်းအတွင်းရှိ ဓာတ်တိုင်များတွင် ချည်နှောင်ချိတ်ဆက်ထားသော အင်တာနက် ဖိုက်ဘာနှင့်

Wifi ကြိုးများကို စည်ပင်နှင့် လျှပ်စစ်က ဖြတ်တောက်ဖယ်ရှားနေ ၊ မြို့နယ်အများစုတွင် အင်တာနက်များ ပြတ်တောက်”

ရန်ကုန်၊ ဩဂုတ် ၂၈

ရန်ကုန်တိုင်းတွင်းရှိ ဓာတ်တိုင်များတွင် ချည်နှောင်ချိတ်ဆက်ထားသော အင်တာနက် ဖိုက်ဘာနှင့်

Wifi ကြိုးများကို စည်ပင်နှင့် လျှပ်စစ်က ဖြတ်တောက် ဖယ်ရှားနေသဖြင့် မြို့နယ်အများစုတွင် အင်တာနက်များ ပြတ်တောက်နေကြောင်း သိရှိရသည်။

“ဒီဓာတ်တိုင်တွေမှာ ချိတ်ထားတဲ့ Wifi ကြိုးတွေ၊ အင်တာနက် ဖိုက်ဘာလိုင်းတွေက တရားမဝင်ဘူး။

ဒါကြောင့် ဖယ်ရှားတာဆိုပြီး ကြိုးတွေ အကုန်ဖြတ်ချနေတာ။ စီမံချက်လို့ လည်းပြောတယ်။

Wifi Box တွေဆို တူတွေနဲ့ ရိုက်ထုပြီး ဖြုတ်ချသွားတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ၎င်းတွေ့ကြုံရသည့် အခြေအနေများကို ရှင်းပြသည်။

ယနေ့ အင်းစိန်မြို့သစ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်မှ ဓာတ်တိုင်များတွင် ချည်နှောင် ချိတ်ဆက်

Wifi အင်တာနက် ကြိုးများနှင့် ဖိုက်ဘာအင်တာနက်ကြိုးများကို စည်ပင်နှင့် လျှပ်စစ်ဌာနက ဖယ်ရှား ဖြတ်တောက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အင်းစိန်မြို့သစ်၊ ဘုရင့်နောင်လမ်းမကြီး၊ ဓာတ်တွေတိုင်တွေပေါ်တက်ပြီး Wifiကြိုးတွေလိုက်ဖြတ်နေတယ်။

ဒီညနေ ၅ နာရီလောက်က” ဟု အင်းစိန်မှ ပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းမြို့နယ်အများစုတွင် ယင်းသို့ ဓာတ်တိုင်များမှ Wifi များနှင့် ဖိုက်ဘာအင်တာနက်လိုင်းများကို ဖယ်ရှားခြင်းမှာ

ပြည်သူများကို အင်တာနက် မသုံးစွဲစေချင်သည့် နိုင်ငံရေးရည်ရွယ်ချက်ပါဝင်သည်ဟု သုံးသပ်နိုင်ကြောင်း ၊

Click လုပ်၍ PDF နှင့် NUG များ ဝင်ငွေရသည်ကိုလည်း ဖြတ်တောက်ချင်သည့် သဘောရှိကြောင်း ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ဆိုသည်။

“ဖေ့ဘုတ်စ်တွေ လူမှုကွန်ရက်တွေ အင်တာနက်သုံးနေရင် စစ်တပ်က ယုတ်မာတာ၊ လူတွေ သတ်နေတာ

ကြည့်နေမှာစိုးလို့ထင်တာပဲ။ မြေပြင်မှာသာ သေ နတ်ပြပြီး ထိန်းလို့ရပေမယ့် လူမှုကွန်ရက်တွေမှာ ပြည်သူတွေက Click ဆို Click ကျတာပဲ။

နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဒီလို ဖယ်ရှားတယ်ထင်ပါတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ယနေ့ ညနေ ၅ နာရီအချိန် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး ပေါ် ရှိ ဓာတ်တိုင်များမှ အင်တာနက်ဖိုက်ဘာနှင့်

WiFi ကြိုးများကို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက ဖယ်ရှားနေစဉ်။

credit,

============

zawgyi

“ရန္ကုန္တိုင္းအတြင္းရွိ ဓာတ္တိုင္မ်ားတြင္ ခ်ည္ေႏွာင္ခ်ိတ္ဆက္ထားေသာ အင္တာနက္ ဖိုက္ဘာႏွင့္

Wifi ႀကိဳးမ်ားကို စည္ပင္ႏွင့္ လွ်ပ္စစ္က ျဖတ္ေတာက္ဖယ္ရွားေန ၊ ၿမိဳ႕နယ္အမ်ားစုတြင္ အင္တာနက္မ်ား ျပတ္ေတာက္”

ရန္ကုန္၊ ဩဂုတ္ ၂၈

ရန္ကုန္တိုင္းတြင္းရွိ ဓာတ္တိုင္မ်ားတြင္ ခ်ည္ေႏွာင္ခ်ိတ္ဆက္ထားေသာ အင္တာနက္ ဖိုက္ဘာႏွင့္

Wifi ႀကိဳးမ်ားကို စည္ပင္ႏွင့္ လွ်ပ္စစ္က ျဖတ္ေတာက္ ဖယ္ရွားေနသျဖင့္ ၿမိဳ႕နယ္အမ်ားစုတြင္ အင္တာနက္မ်ား ျပတ္ေတာက္ေနေၾကာင္း သိရွိရသည္။

“ဒီဓာတ္တိုင္ေတြမွာ ခ်ိတ္ထားတဲ့ Wifi ႀကိဳးေတြ၊ အင္တာနက္ ဖိုက္ဘာလိုင္းေတြက တရားမဝင္ဘူး။

ဒါေၾကာင့္ ဖယ္ရွားတာဆိုၿပီး ႀကိဳးေတြ အကုန္ျဖတ္ခ်ေနတာ။ စီမံခ်က္လို႔ လည္းေျပာတယ္။

Wifi Box ေတြဆို တူေတြနဲ႔ ႐ိုက္ထုၿပီး ျဖဳတ္ခ်သြားတာ” ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ၎ေတြ႕ႀကဳံရသည့္ အေျခအေနမ်ားကို ရွင္းျပသည္။

ယေန႔ အင္းစိန္ၿမိဳ႕သစ္၊ ဘုရင့္ေနာင္လမ္းမႀကီးေပၚမွ ဓာတ္တိုင္မ်ားတြင္ ခ်ည္ေႏွာင္ ခ်ိတ္ဆက္

Wifi အင္တာနက္ ႀကိဳးမ်ားႏွင့္ ဖိုက္ဘာအင္တာနက္ႀကိဳးမ်ားကို စည္ပင္ႏွင့္ လွ်ပ္စစ္ဌာနက ဖယ္ရွား ျဖတ္ေတာက္ေနေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။

“အင္းစိန္ၿမိဳ႕သစ္၊ ဘုရင့္ေနာင္လမ္းမႀကီး၊ ဓာတ္ေတြတိုင္ေတြေပၚတက္ၿပီး Wifiႀကိဳးေတြလိုက္ျဖတ္ေနတယ္။

ဒီညေန ၅ နာရီေလာက္က” ဟု အင္းစိန္မွ ျပည္သူတစ္ဦးက ေျပာသည္။

ရန္ကုန္တိုင္းၿမိဳ႕နယ္အမ်ားစုတြင္ ယင္းသို႔ ဓာတ္တိုင္မ်ားမွ Wifi မ်ားႏွင့္ ဖိုက္ဘာအင္တာနက္လိုင္းမ်ားကို ဖယ္ရွားျခင္းမွာ

ျပည္သူမ်ားကို အင္တာနက္ မသုံးစြဲေစခ်င္သည့္ ႏိုင္ငံေရးရည္႐ြယ္ခ်က္ပါဝင္သည္ဟု သုံးသပ္ႏိုင္ေၾကာင္း ၊

Click လုပ္၍ PDF ႏွင့္ NUG မ်ား ဝင္ေငြရသည္ကိုလည္း ျဖတ္ေတာက္ခ်င္သည့္ သေဘာရွိေၾကာင္း ရန္ကုန္ၿမိဳ႕မွ ျပည္သူတစ္ဦးက ဆိုသည္။

“ေဖ့ဘုတ္စ္ေတြ လူမႈကြန္ရက္ေတြ အင္တာနက္သုံးေနရင္ စစ္တပ္က ယုတ္မာတာ၊ လူေတြ သတ္ေနတာ

ၾကည့္ေနမွာစိုးလို႔ထင္တာပဲ။ ေျမျပင္မွာသာ ေသ နတ္ျပၿပီး ထိန္းလို႔ရေပမယ့္ လူမႈကြန္ရက္ေတြမွာ ျပည္သူေတြက Click ဆို Click က်တာပဲ။

ႏိုင္ငံေရးရည္႐ြယ္ခ်က္နဲ႔ ဒီလို ဖယ္ရွားတယ္ထင္ပါတယ္” ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ဆိုသည္။

ဓာတ္ပုံ- ယေန႔ ညေန ၅ နာရီအခ်ိန္ အင္းစိန္ၿမိဳ႕နယ္၊ ဘုရင့္ေနာင္လမ္းမႀကီး ေပၚ ရွိ ဓာတ္တိုင္မ်ားမွ အင္တာနက္ဖိုက္ဘာႏွင့္

WiFi ႀကိဳးမ်ားကို စစ္ေကာင္စီလက္ေအာက္ခံ ဝန္ထမ္းမ်ားက ဖယ္ရွားေနစဥ္။

credit,

Leave a Reply

Your email address will not be published. Required fields are marked *