ငယ်သူငယ်ချင်းဖြစ်သူ ရန်ရန်ချမ်း ပြောပြတဲ့ကိုဖြိုးဇေယျာသော် အကြောင်း
မောင်ကျော်(ဇေယျာသော်) နဲ့ကငယ်ငယ်ထဲကတစ်လမ်းထဲတစ်ကျောင်းထဲဒါမဲ့ဒီကောင်ကနှစ်တန်းငယ်တယ် ကိုယ်ကရွယ်တူတွေနဲ့လည်းပေါင်းသလိုဒီကောင်တွေအတန်းကကောင်တွေနဲ့လည်းပေါင်းတယ်။
အဲ့ခေတ်ကကျောင်းပြေးတာတွေခေတ်စားပေမဲ့ကျွန်တော်တို့ကျောင်းမပြေးခဲ့ဖူးဘူးဘာလို့ဆိုအိမ်ကနေလမ်းကူးရင်ကျောင်း ကျောင်းကနေလမ်းကူးရင်အိမ်ဆိုတော့
ပိုဆိုးတာကကျောင်းကိုစောင့်ရှောက်ရတဲ့တစ်မိသားစုလုံးနဲ့ကတစ်လမ်းထဲသားတွေလိုဖြစ်နေတော့ကိုယ်တွေအတွက်ကပင်ပန်းခံပြီးကျောင်းခြံစည်းရိုးကိုပုဆိုးအပြဲခံပြီးခွကျော်စရာမလိုဘူးတံခါးလေးဖွင့်ပြီးထွက်လာရုံပဲ
အဲ့တော့ကျောင်းပိတ်ရက်တို့ဘာတို့ဆိုကိုယ့်ေဘာ်တာတွေရော ဒီကောင့်ဘော်ဒါတွေရောနဲ့ချိန်းပြီး ရင်ပြင်တို့ဘာတို့မှာရေကူးတာတို့တစ်ခါတစ်လေတိရစ္ဆာန်ရုံတို့ဘာတို့ေလှျာက်ဂျလန်းကြတာပေါ့…..
တစ်ခေါက် တိရစ္ဆာန်ရုံသွားကြတဲ့အခေါက်ကပေါ့ (ဒီနေရာမှာစကားပုလ္လင်ခံချင်တာကကိုယ့်ကောင်ရဲ့မင်းမလုပ်ရဲပါဘူးကွာဆိုရင်ကြံရည်ကြိတ်စက်ထဲတောင်လက်ထဲ့မဲ့ကောင်ဆိုတာကိုပဲ)
အကောင်ပလောင်တွေကြည့်တာနည်းနည်း နောက်ကြပြောင်ကြခွီကြတာများများဘရုတ်လျှောက်လုပ်ကြလို့အပြီး ကျားရုံတို့ခြင်္သေ့ရုံတို့အရှေ့အရောက်မှာဘယ်ကောင်ကစကြပ်လိုက်လည်းမသိဘူး
ခြင်္သေ့နှုတ်ခမ်းမွှေးဘယ်ကောင်နှုတ်ရဲလည်းဆိုတဲ့တော်တော်လေးပြသာနာရှာတဲ့စိန်ခေါ်မှုကိုလုပ်လိုက်ပါလေရော (ခင်ဗျားတို့သားတွေဆယ်ကျော်သက်အရွယ်zooတွေဘာတွေသွားမယ်ဆိုသတိထားရအောင်ပါ)…..
ဘယ်ကောင်လက်ညှိုးေထာင်လိုက်မယ်ဆိုတာကြိုပြောစရာမလိုအောင်သိပြီးသားပဲဟုတ် ဟုတ်တယ်ခင်ဗျားတို့ထင်တဲ့ကောင်ပဲငါလုပ်ရဲတယ်ဆိုပြီးလက်သီးလက်မောင်းတန်းတော့တာပဲ…..
ခြင်္သေ့လှောင်အိမ်ဆိုတာကသံတိုင်တွေနဲ့ထားတဲ့အပြင်သံတိုင်အတားနောက်တစ်ခုရှေ့မှာထားထားတာမျိုး အဲ့တုန်းကခြင်္သေ့ကလှောင်အိမ်ဒေါင့်အုတ်နဲ့သံတိုင်နားမှာဝါးဒီးပေးပြီးငိုက်နေတဲ့အချိန်
သံတိုင်အတားနဲ့သံလှောင်အိမ်ကြားဝင်ရင်ရုပ်ပေါက်မှာဆိုးတာေရာလူကိုမြင်ရင်နိုးလာမှာေရာဆိုးတာနဲ့အုတ်ကာနဲ့သံလှောင်အိမ်ဒေါင့်ကနေသူနှိုက်မယ်ပေါ့ ဒါမဲ့လှမ်းနှိုက်ဖို့ကမြင်တစ်ချက်မမြင်တစ်ချက်ဆုိေတာ့စွန့်စားခန်းကစပြီ…..
သူလက်ချီပဲနှိုက်မယ်ဘေးကကောင်တွေက off-road rallyမောင်းရင်ဘေးကမြေပုံပြောပေးတဲ့သူတွေလိုပြောပေးတယ် ဟေ့ကောင်ဘယ်ဘက်နည်းနည်းရွှေ့အပေါ်ဘက်တိုး ဟုတ်ပြီမိပြီနှုတ်ဘာညာအော်ပေးကြတာ တော်သေးတယ်ခြင်္သေ့ပါးစပ်ထဲလက်မပါသွားသလို ခြင်္သေ့နှုတ်ခမ်မွှေးလည်းသူ့လက်ထဲမပါခဲ့ဘူး
#YanYanChan