ကြားသိရသမျှ

ဒူဘိုင်းမှာ အလုပ်သွားလုပ်ပြီး အီရတ်ကိုရောင်းစားခံရတဲ့ မြန်မာအမျိုးသမီးတွေနဲ့ပတ်သက်ပြီး သံရုံးထုတ်ပြန်ချက်……

ဒူဘိုင်းမှာ အလုပ်သွားလုပ်ပြီး အီရတ်ကို ရောင်းစားခံရတဲ့ မြန်မာအမျိုးသမီးတွေ ဒူဘိုင်း CID ရုံးရောက်နေ ဥပဒေချိုးဖောက်တာ မရှိရင် မြန်မာပြည် ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ သံရုံး ထုတ်ပြန်

ဩဂုတ် ၂၉

ဒူဘိုင်းမှာ အလုပ်သွားလုပ်ပြီး အီရတ်ကို ရောင်းစားခံရတဲ့ မြန်မာအမျိုးသမီးတွေကို မြန်မာပြည်ပြန်နိုင်လို့ ဆောင်ရွက်နေတယ်လို့ ရီရတ်ခ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ဒူဘိုင်းမှာ အလုပ်သွားလုပ်တဲ့ အမျိုးသမီး ၈ ဦးကို အီရတ်ကို ရောင်းစားခံရတာကြောင့် အွန်လိုင်းမှတစ်ဆင့် အကူအညီတောင်းခံခဲ့ကြတာဖြစ်ပါတယ်။

မြန်မာသံရုံးက မြန်မာအမျိုးသမီး ၈ ဦးရှိရာ ဒူဘိုင်းမြို့ကို သွားရောက် စုံစမ်း ခေါ်ဆောင်ခဲ့ပြီး ပွဲစားဆိုသူနဲ့ ကာယကံရှင်တို့အကြား ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်ပေးခဲ့ပြီး လက်ရှိမှာ ယင်းတို့ကို ဒူဘိုင်းမြို့ရှိ CID ရုံးမှာ ပို့ထားတယ်လို့ ဆိုပါတယ်။

ယင်းတို့အနေနဲ့ ယူအေအီး နိုင်ငံရဲ့ ဥပဒေနဲ့အညီ စစ်ဆောင်ရွက်ပြီး ဥပဒေ ချိုးဖောက်မှု မရှိဘူးဆိုရင် ပြန်လည်လွှတ်ပေးမယ်လို့လည်း ပြောတယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့သူတွေကိုတော့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင် ပေးနိုင်ဖို့အတွက် ဒူဘိုင်းမြို့မှာရှိတဲ့ မြန်မာ့လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်နေတယ်ဆိုပြီးတော့ သံရုံးက ထုတ်ပြန်ထားပါတယ်။

crd

ဒူဘိုင္းမွာ အလုပ္သြားလုပ္ၿပီး အီရတ္ကို ေရာင္းစားခံရတဲ့ ျမန္မာအမ်ိဳးသမီးေတြ ဒူဘိုင္း CID ႐ုံးေရာက္ေန ဥပေဒခ်ိဳးေဖာက္တာ မရွိရင္ ျမန္မာျပည္ ျပန္ပို႔ဖို႔ စီစဥ္ေနတယ္လို႔ သံ႐ုံး ထုတ္ျပန္

ဩဂုတ္ ၂၉

ဒူဘိုင္းမွာ အလုပ္သြားလုပ္ၿပီး အီရတ္ကို ေရာင္းစားခံရတဲ့ ျမန္မာအမ်ိဳးသမီးေတြကို ျမန္မာျပည္ျပန္ႏိုင္လို႔ ေဆာင္႐ြက္ေနတယ္လို႔ ရီရတ္ခ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ထုတ္ျပန္လိုက္ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက ဒူဘိုင္းမွာ အလုပ္သြားလုပ္တဲ့ အမ်ိဳးသမီး ၈ ဦးကို အီရတ္ကို ေရာင္းစားခံရတာေၾကာင့္ အြန္လိုင္းမွတစ္ဆင့္ အကူအညီေတာင္းခံခဲ့ၾကတာျဖစ္ပါတယ္။

ျမန္မာသံ႐ုံးက ျမန္မာအမ်ိဳးသမီး ၈ ဦးရွိရာ ဒူဘိုင္းၿမိဳ႕ကို သြားေရာက္ စုံစမ္း ေခၚေဆာင္ခဲ့ၿပီး ပြဲစားဆိုသူနဲ႔ ကာယကံရွင္တို႔အၾကား ညႇိႏႈိင္းေဆာင္႐ြက္မႈ ျပဳလုပ္ေပးခဲ့ၿပီး လက္ရွိမွာ ယင္းတို႔ကို ဒူဘိုင္းၿမိဳ႕ရွိ CID ႐ုံးမွာ ပို႔ထားတယ္လို႔ ဆိုပါတယ္။

ယင္းတို႔အေနနဲ႔ ယူေအအီး ႏိုင္ငံရဲ႕ ဥပေဒနဲ႔အညီ စစ္ေဆာင္႐ြက္ၿပီး ဥပေဒ ခ်ိဳးေဖာက္မႈ မရွိဘူးဆိုရင္ ျပန္လည္လႊတ္ေပးမယ္လို႔လည္း ေျပာတယ္လို႔ သံ႐ုံးရဲ႕ ထုတ္ျပန္ခ်က္ထဲ ေဖာ္ျပထားပါတယ္။

ျပန္လည္လြတ္ေျမာက္လာတဲ့သူေတြကိုေတာ့ ျမန္မာႏိုင္ငံကို ျပန္လည္ပို႔ေဆာင္ ေပးႏိုင္ဖို႔အတြက္ ဒူဘိုင္းၿမိဳ႕မွာရွိတဲ့ ျမန္မာ့လူမႈအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းစီစဥ္ ေဆာင္႐ြက္ေနတယ္ဆိုၿပီးေတာ့ သံ႐ုံးက ထုတ္ျပန္ထားပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *