ကြားသိရသမျှ

အသက် (၂၄)နှစ်အရွယ်မိခင် တစ်ဦး က(၃)နှစ်သားကလေးငယ်အားချီ၍ နဝဒေးတံတားပေါ်မှ……..

အသက် (၂၄)နှစ်အရွယ်မိခင် တစ်ဦး က(၃)နှစ်သားကလေးငယ်အားချီ၍ နဝဒေးတံတားပေါ်မှ ခုန်ချမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့ နဝဒေးတံတားပေါ်မှ အသက် (၂၄)နှစ်အရွယ်မိခင် တစ်ဦး သူ၏ (၃)နှစ်သားအရွယ်ကလေးငယ်အားချီ၍ တံတား (၂)တိုင် နှင့် (၃) တိုင်ကြားပေါ်မှ ခုန်ချသွားခဲ့ကြောင်း ပရဟိတ ပါရမီအသင်းကသိရသည်။

ယင်းမှာ ယနေ့ဩဂုတ်လ ၂၈ရက် ညနေ ၃ နာရီခန့်အချိန်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုအချိန်ထိ ရှာနေကြဆဲပါ၊အသက်ရှင်တယ်မရှင်ဘူးကိုပြောလို့မရသေးပါဘူး။ရှာ‌လို့မတွေ့သေးပါဘူး”ဟု ပြည်မြန်မာသို့ အဆိုပါပရဟိတ တာဝန်ရှိသူက ယနေ့ ည ၇နာရီ ကျော်အချိန်တွင် ပြည်မြန်မာကိုပြောသည်။

MN

Photo-ပရဟိတပါရမီ





MN

Photo-ပရဟိတပါရမီ

Leave a Reply

Your email address will not be published. Required fields are marked *