နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူ အများစုဟာ သနားစရာ၊ ချစ်စရာအလွန်ကောင်းကြပါတယ်။ သူတို့တွေဟာအပြင်ပန်းမှာ ခက်ထန်ကြမ်းတမ်းတယ် ထင်ရပေမယ့် အတွင်းစိတ်သဘောထားကတော့ အလွန်နူးညံ့သိမ်မွေ့ပါတယ်။ ပွစိပွစိလုပ်တာကတော့ ဝါသနာပါ။
သူများကိုကူညီလိုက်လို့ ကိုယ့်မှာသုညဖြစ်သွားခဲ့ရင်တောင် ကိုယ်ကူညီလိုက်တဲ့သူ အဆင်ပြေနေတယ်ဆိုရင် ကြည်နူးပီတိဖြစ်နေတတ်တဲ့သူတွေပါ။ စေတနာလည်း အရမ်းကောင်းသလို သံယောဇဉ်လည်း အလွန်ကြီးကြတဲ့သူတွေပါ။
နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူဟာ စိတ်ဆိုးစိတ်ကောက်လည်း လွယ်ပါတယ်။ ခဏခဏလည်း စိတ်ဆိုးစိတ်ကောက် တတ်ပါတယ်။ စိတ်ကောက်လည်း ခဏပဲ။ ချော့မယ့်သူရှိရင်တော့ ဟန်အမူပိုပြီး ဆက်ပြီးတော့ စိတ်ကောက်ဟန်ဆောင် နေတတ်ပါတယ်။ ချော့မယ့်သူ မရှိရင်တော့ သူ့အလိုလိုပျော့သွားရော။ ချစ်သူအပေါ်မှာလည်း ကလေးတစ်ယောက်လို ဆိုးနွဲ့ချင်ကြပါတယ်။
အချစ်လည်း အရမ်းကြီးပါတယ်။ ဒါပေမယ့် အချစ်စိတ်ကြီးတော့ ဘယ်လောက်ကြီးတဲ့ အပြစ်ဖြစ်ဖြစ် စိတ်ရှည်သည်းခံပြီးနားလည်ခွင့်လွှတ် ပေးနိုင်တဲ့သူတွေပါ။ ဒါပေမယ့် စိတ်ထဲမှာတော့ မတင်မကျနဲ့ အမြဲသံသယ ဖြစ်နေတတ်တယ်။ ဖြစ်ခဲ့သမျှ အတိတ်တွေကိုတော့ အမြဲမမေ့ဖျောက်နိုင်ပဲ အမှတ်ကြီးတဲ့သူတွေပါ။
နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူတွေဟာ အများအားဖြင့် ကိုယ့် ဘဝကို စိတ်ညစ်စရာကောင်းတယ်လို့ ထင်နေတတ်ပါတယ်။ သူများအကြည့်တွေကိုလည်း သည်းမခံနိုင်သလို သူ့ကိုသူများတွေက စိတ်ထဲမှာ ဘယ်လိုထင်နေမလဲဆိုတာကို အမြဲ သိချင်နေသူတွေပါ။ာသူများတကာတွေကိုလည်း တော်ရုံတန်ရုံ အထင်မကြီးတတ်ဘူး။ တစ်ခါတစ်လေကိုယ့်ကိုယ်ကို…..တောင် ယုံကြည်ဖို့ ခက်ခဲနေတတ်တယ်။
သူ့မှာအတွေးအခေါ်ကောင်းတွေ ရှိနေတာတောင်… သူများစကားကိုယုံပြီး လက်ခံတတ်တဲ့အတွက် အလုပ်တစ်ခုကို လုပ်မယ်ဆိုရင်လည်း စဉ်းစားနေတာနဲ့ပဲ အချိန်ကုန်သွားတတ်တယ်။ လုပ်လိုက်တဲ့ကိစ္စတစ်ခုကို အများအားဖြင့် ပြဿသနာဖြစ်မယ်၊ ဆုံးရှုးံမယ်ဆိုပြီး မကောင်းတဲ့ဘက်ကပဲ အများအားဖြင့် တွေးလေ့ရှိတယ်။
နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူတွေဟာ ငြိမ်းချမ်းခြင်းကို မြတ်နိုးသူတွေပါ။ ဖြစ်နိုင်ရင် ကိုယ်တစ်ယောက်တည်းပဲ ငြိမ်းချမ်းစွာ သာသာယာယာ နေသွားချင်ကြတဲ့သူတွေပါ။ ငြိမ်းချမ်းရေးကို မြတ်နိုးပေမယ့်လည်း တောင်းပန်ရမှာကိုတော့ သေလောက်အောင် မုန်းတယ်။ သူအမှားတစ်ခု လုပ်မိပြီဆိုရင်လည်း နောင်တရမဆုံး ဖြစ်နေတတ်ပါတယ်။
နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာ သူတစ်ပါးအပေါ်မှာကျတော့ ဦးစားပေးတတ်တယ်။ သနားတတ်တယ်။ အားနာတတ်တယ်။ ဒါပေမယ့် ကိုယ့်မိသားစုအပေါ်မှာတော့ အနိုင်ယူချင်တယ်။ သူတို့ကို ချစ်သူခင်သူလည်း ပေါသလို အပေါင်းအသင်းလည် းများပေမယ့် ….အများအားဖြင့်တစ်ယောက်တည်း နေရတာကိုပဲ… သဘောကျပြီး တစ်ယောက်တည်းပဲ ဖြစ်နေတတ်ပါတယ်။
ဒေါသကလည်း အရမ်းကြီးတတ်တယ်။ ဒါပေမယ့်တော်ရုံတန်ရုံ စိတ်မဆိုးတတ်ပါဘူး။ စိတ်ကလည်းအရမ်းမြန်တယ်။ သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမဆို ရင်ဆိုင်ရဲတယ်။ ဘာမဆိုလုပ်ရဲတယ်။ ကိစ္စတစ်ခုကို လုပ်ချင်ပြီဆိုရင်လည်း ဇွတ်လုပ်တတ်တယ်။ သူ့ကိုမခံချင်အောင် ဒေါသထွက်အောင် မထိတထိ သွားလုပ်တဲ့သူတွေဆို … အရွဲ့ပြန်တိုက်ရမှကို ကျေနပ်တယ်။
စိတ်တိုနေပြီဆိုရင်တော့ မျက်နှာထားကတင်းတင်းနဲ့ တစ်လောကလုံး သူ့လုပ်စာကိုပဲ ထိုင်စားနေရသလို ဘယ်သူနဲ့မှကိုစကားမပြောချင်တော့ဘူး။ နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာ သူများအပေါ်မှာလည်း ကိုယ့်သိက္ခာ အကျခံပြီးတော့ကို ကူညီပေးတတ်တဲ့သူတွေပါ။ မိသားစုနဲ့ပတ်သတ်ရင်လည်းသံယောဇဉ်အရမ်းကြီးပြီးခင်တွယ်တတ်တယ်။
သူတို့ဟာ ချစ်သူအပေါ်မှာလည်း…. ကိုယ့်ရဲ့စိတ်ကူးထက် ချစ်သူရဲ့ စိတ်ကူးကို ပိုပြီးဦးစားပေးတတ်ကြပါတယ်။ ကိုယ်ချစ်တဲ့သူကိုလည်း လိုတာထက်ပိုပြီးတော့ သဝန်တိုတတ်ကြတယ်။ ပြီးတော့စိတ်ထဲမှာရှိတာကို ပွင့်ပွင့်လင်းလင်း မပြောရဲကြဘူး။
နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာ ချစ်သူကိုအရမ်းချစ်သလောက် မြတ်နိုးသလောက် ဂရုစိုက်သလောက် ကြင်နာ သလောက် တွယ်တာသလောက် အလေးထားသလောက် နားလည်မှုတွေ ခွင့်လွှတ်မှုတွေရှိသလောက် အများအားဖြင့် သူ့ချစ်သူအပေါ် သူပေးနိုင်သလောက် ပြန်မရတတ်ကြပါဘူး။
နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက်ပါပဲ။ ဘူးဆို ဖရုံမသီးတတ်ပါဘူး။ စိတ်ခံစားမှုကလည်း အရမ်းပြင်းထန်တဲ့အတွက် ချစ်သူနဲ့ပတ်သတ်ပြီး ဘာမဟုတ်တာလေးကအစ စိတ်ထဲမှာဝမ်းနည်း ခံစားတတ်ပါတယ်။
credit