ကြားသိရသမျှ

ေရႊေဈး က်ပ္ ၂၉သိန္းခန႔္ေရာက္လာလို႔ ေရႊအသင္းကလူေတြကို ယေန႔ ေနျပည္ေတာ္မွာ ေဆြးေႏြးဖို႔ ေခၚထား

ဩဂုတ္ ၂၇

ေရႊေဈး က်ပ္ ၂၉သိန္းခန႔္ေရာက္လာလို႔ ေရႊအသင္းကလူေတြကို ယေန႔ ေနျပည္ေတာ္မွာ ေဆြးေႏြးဖို႔ စစ္ေကာင္စီက ေခၚထားေၾကာင္း သိရပါတယ္။

ရန္ကုန္၊ မႏၲေလးႏွင့္ေမာ္လၿမိဳင္မွ ေရႊကုန္သည္မ်ား၊ ေရႊသန႔္စင္ေရးလုပ္ငန္းမ်ားႏွင့္ ေရႊေလွာ္ဖိုလုပ္ငန္း ပိုင္ရွင္မ်ားကို ေနျပည္ေတာ္သို႔ ယေန႔ ဩဂုတ္လ ၂၇ ရက္ေန႔

မြန္းလြဲ ၂ နာရီ မပ်က္မကြက္ အစည္းအေဝး လာတက္ၾကဖို႔ စစ္ေကာင္စီရဲ့ ေရႊႏွင့္ေငြေၾကးေစ်းကြက္ထိန္းသိမ္းေရး ေကာ္မတီကေခၚယူထားတာျဖစ္ပါတယ္။

ေငြေၾကးေဈးကြက္ ေလ့လာသူ တစ္ဦးက “ အမွန္က တစ္နိုင္ငံလုံးအင္နဲ႔အားနဲ႔ ေရႊက်င္ ေနၾကတာမို႔ ျပည္တြင္း ေရႊက အထြက္ေတာင္ အရင္ကထက္ ပိုမ်ားလို႔ supply မျပတ္ပါ၊

သို႔ေသာ္ ေရာင္းခ်မႈ စနစ္အကန႔္အသတ္ေတြေၾကာင့္ ေဒၚလာခုန္တဲ့အေပၚမွာ သူလည္း ကမၻာ့ေဈးက်ေပမဲ့ လိုက္တက္ေနရတာပါ။

ျမန္မာျပည္ကထြက္တဲ့ေရႊက ခုအခ်ိန္ ျပည္ပ ထုတ္ေရာင္းတာထက္ ျပည္တြင္းေရာင္းတာက ပိုကိုက္မွာပါ။

လူေတြေၾကာက္လန႔္ၿပီး ေရႊဝယ္ခ်င္ၾကတာကိုး၊ သို႔ေသာ္ေရႊက သက္ဆိုင္ရာက ထိန္းခ်ဳပ္သလို ဆိုင္ရွင္ေတြကလည္းေဈးဖြင့္မေရာင္းရဲေတာ့ထိန္းေရာင္းတယ္။

ေရႊက သာမန္လူကေန အလယ္အလတ္တန္းစားအကုန္လုံးဝယ္နိုင္တာမို႔ ဖြင့္ေပးရင္ ပိုေရာင္းဝယ္အားရွိမွာျဖစ္ပါတယ္”လို႔ဆိုပါတယ္။

ဩဂုတ္လ ၂၆ ရက္ေန႔ ျပည္တြင္းေဈးကြက္အတြင္းမွာ အေမရိကန္ တစ္ေဒၚလာကို ၃၃၀၀ ခန႔္ အထိ ျမင့္တက္ခဲ့ၿပီး ေရႊေဈးႏႈန္းကလည္း ၂၉ သိန္း ခန႔္အထိ ျမင့္တက္ခဲ့တာပါ။

credit

unicode

ဩဂုတ် ၂၇

ရွှေဈေး ကျပ် ၂၉သိန်းခန့်ရောက်လာလို့ ရွှေအသင်းကလူတွေကို ယနေ့ နေပြည်တော်မှာ ဆွေးနွေးဖို့ စစ်ကောင်စီက ခေါ်ထားကြောင်း သိရပါတယ်။

ရန်ကုန်၊ မန္တလေးနှင့်မော်လမြိုင်မှ ရွှေကုန်သည်များ၊ ရွှေသန့်စင်ရေးလုပ်ငန်းများနှင့် ရွှေလှော်ဖိုလုပ်ငန်း ပိုင်ရှင်များကို နေပြည်တော်သို့ ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့

မွန်းလွဲ ၂ နာရီ မပျက်မကွက် အစည်းအဝေး လာတက်ကြဖို့ စစ်ကောင်စီရဲ့ ရွှေနှင့်ငွေကြေးစျေးကွက်ထိန်းသိမ်းရေး ကော်မတီကခေါ်ယူထားတာဖြစ်ပါတယ်။

ငွေကြေးဈေးကွက် လေ့လာသူ တစ်ဦးက “ အမှန်က တစ်နိုင်ငံလုံးအင်နဲ့အားနဲ့ ရွှေကျင် နေကြတာမို့ ပြည်တွင်း ရွှေက အထွက်တောင် အရင်ကထက် ပိုများလို့ supply မပြတ်ပါ၊

သို့သော် ရောင်းချမှု စနစ်အကန့်အသတ်တွေကြောင့် ဒေါ်လာခုန်တဲ့အပေါ်မှာ သူလည်း ကမ္ဘာ့ဈေးကျပေမဲ့ လိုက်တက်နေရတာပါ။

မြန်မာပြည်ကထွက်တဲ့ရွှေက ခုအချိန် ပြည်ပ ထုတ်ရောင်းတာထက် ပြည်တွင်းရောင်းတာက ပိုကိုက်မှာပါ။

လူတွေကြောက်လန့်ပြီး ရွှေဝယ်ချင်ကြတာကိုး၊ သို့သော်ရွှေက သက်ဆိုင်ရာက ထိန်းချုပ်သလို ဆိုင်ရှင်တွေကလည်းဈေးဖွင့်မရောင်းရဲတော့ထိန်းရောင်းတယ်။

ရွှေက သာမန်လူကနေ အလယ်အလတ်တန်းစားအကုန်လုံးဝယ်နိုင်တာမို့ ဖွင့်ပေးရင် ပိုရောင်းဝယ်အားရှိမှာဖြစ်ပါတယ်”လို့ဆိုပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့ ပြည်တွင်းဈေးကွက်အတွင်းမှာ အမေရိကန် တစ်ဒေါ်လာကို ၃၃၀၀ ခန့် အထိ မြင့်တက်ခဲ့ပြီး ရွှေဈေးနှုန်းကလည်း ၂၉ သိန်း ခန့်အထိ မြင့်တက်ခဲ့တာပါ။

credit

Leave a Reply

Your email address will not be published. Required fields are marked *