ကြားသိရသမျှ

သူမရဲ့ ချစ်သူကို ဘာလို့ ယူဖို့ဆုံးဖြတ်ခဲ့လဲ ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ ခေးဆက်သွင်

ပရိသတ် ကြီးရေ MRTV-4 ရုပ်သံ ဇာတ် လမ်းတွဲတွေ ရိုက်ကူးရင်း နာမည်ကြီး လူကြိုက်များလာတဲ့ မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲလေးတွေထဲ ကနေချ စ်စရာ အပြုအမူ လေး တွေကြောင့် အချိန် တိုအတွင်း ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့် အဝရရှိခဲ့ တာပဲဖြစ်ပါတယ်။

ပရိသတ် တွေက ချစ်စနိုးနဲ့ ခေး လို့ခေါ်တဲ့ ခေးဆက်သွင်ဟာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်ပြီးအပိုအလိုမရှိသရုပ်ဆောင်ချက်တွေကိုပရိသတ်တွေကလည်း သဘောကျအား ပေးလျက်ရှိတာပါ။

ခေးဆက်သွင်ကတော့ နန်းဆန်တဲ့အလှကိုပိုင်ဆိုင်ထားပြီး တည်ငြိမ်အေးဆေးတဲ့အပြုံးလေးတွေနဲ့ အပြုအမူအပြောလေးတွေကြောင့် ပုရိသတွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားသူပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း ခေးဆက်သွင်ရဲ့ ချစ်သူက သူမကို Suprise လုပ်ပြီး လက်ထပ်ခွင့်တောင်းခြင်းခံခဲ့ရပေမဲ့ သူမရဲ့ ချစ်သူ ဟာ အိမ်ထောင်ကျခဲ့ဖူးသူ ဖြစ်တာကြောင့် လူတချို့ရဲ့ ဝေဖန်မှုကိုခံနေရပါတယ်။ဒီကြောင်းနှင့်ပတ်သတ်ပြီး ခေးဆက်သွင်က

“ဟုတ်ကဲ့ ခေးချစ်သူကတခုလပ်ပါ…လက်ရှိအိမ်ထောင်လည်း မရှိပါဘူးရှင့်ကွဲခဲ့တာကြာပါပြီ …ဘာလို့ယူဖို့ဆုံးဖြတ်လည်းဆိုတော့ချစ်လို့ပါ ယောကျာ်းကောင်းပီသလို့ပါနားလည်မှု တာဝန်ယူမှုရှိပြီးမဖောက်ပြန်လို့ပါ…”

“စDate ကတည်းက အားလုံးမကွယ်မဝှက် ပွင့်ပွင့်လင်းလင်းပြောပြထားပြီးသားပါ..သူ့မိသားစုနဲ့လည်း ခဏခဏတွေ့ကြည့်ပြီးရင်းနှီးပြီးသားပါ…ပတ်ဝန်းကျင် သူငယ်ချင်း မိတ်ဆွေကြားမှာလည်းမကောင်းသတင်း မကြားရတဲ့ မိသားစုပါ.သူတို့ဆွေမျိုးတွေကြားမှာ ဖြစ်တဲ့ အိမ်တွင်းရေးပြဿနာနဲ့ အမှုအခင်းကိစ္စတွေကခေး သိပြီးသားပါရှင့်..”

“ချစ်လို့ ခင်လို့ လာပြောပြကြတဲ့ စေတနာတွေကိုနားလည်ပေမယ့် တချို့က အရှက်ခွဲချင်လို့ အားလုံးရှိတဲ့ ခေးရဲ့ post အောက်က public commentမှာ လာမန့်တာတွေ သတင်း media pageအောက်မှာ ဝင်ရေးတဲ့သူတွေကျတော့ ဘယ်လို နားလည်ရမှန်းမသိလို့ပါရှင်…”

“တကယ်သိစေချင်လို့ ချစ်တဲ့စိတ်ရှိသူတိုင်းက Cbက လာပြောကြပါတယ်..ချစ်လို့ခင်လို့ စေတနာထားကြတာ ကျေးဇူးပါနော်တစ်စိတ်ကို တစ်အိတ်မဖြစ်စေချင်လို့ပါ ခေးအဆင်ပြေပါတယ်…”ဆိုပြီ သူမရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး ပွင့်လင်းစွာပြောပြလာတာဖြစ်ပါတယ်နော်။

Source Khay Sett Thwin

Zawgyi

ပရိသတ္ ႀကီးေရ MRTV-4 ႐ုပ္သံ ဇာတ္ လမ္းတြဲေတြ ႐ိုက္ကူးရင္း နာမည္ႀကီး လူႀကိဳက္မ်ားလာတဲ့ မင္းသမီးေခ်ာေလး ေခးဆက္သြင္ကေတာ့ ဇာတ္လမ္းတြဲေလးေတြထဲ ကေနခ် စ္စရာ အျပဳအမူ ေလး ေတြေၾကာင့္ အခ်ိန္ တိုအတြင္း ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို အျပည့္ အဝရ႐ွိခဲ့ တာပဲျဖစ္ပါတယ္။

ပရိသတ္ ေတြက ခ်စ္စႏိုးနဲ႔ ေခး လို႔ေခၚတဲ့ ေခးဆက္သြင္ဟာ က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္တဲ့သူတစ္ေယာက္ျဖစ္ၿပီးအပိုအလိုမ႐ွိသ႐ုပ္ေဆာင္ခ်က္ေတြကိုပရိသတ္ေတြကလည္း သေဘာက်အား ေပးလ်က္႐ွိတာပါ။

ေခးဆက္သြင္ကေတာ့ နန္းဆန္တဲ့အလွကိုပိုင္ဆိုင္ထားၿပီး တည္ၿငိမ္ေအးေဆးတဲ့အျပဳံးေလးေတြနဲ႔ အျပဳအမူအေျပာေလးေတြေၾကာင့္ ပုရိသေတြရဲ႕ ခ်စ္ခင္အားေပးမႈကိုအျပည့္အဝရ႐ွိထားသူပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္း ေခးဆက္သြင္ရဲ႕ ခ်စ္သူက သူမကို Suprise လုပ္ၿပီး လက္ထပ္ခြင့္ေတာင္းျခင္းခံခဲ့ရေပမဲ့ သူမရဲ႕ ခ်စ္သူ ဟာ အိမ္ေထာင္က်ခဲ့ဖူးသူ ျဖစ္တာေၾကာင့္ လူတခ်ိဳ႕ရဲ႕ ေဝဖန္မႈကိုခံေနရပါတယ္။ဒီေၾကာင္းႏွင့္ပတ္သတ္ၿပီး ေခးဆက္သြင္က

“ဟုတ္ကဲ့ ေခးခ်စ္သူကတခုလပ္ပါ…လက္႐ွိအိမ္ေထာင္လည္း မ႐ွိပါဘူး႐ွင့္ကြဲခဲ့တာၾကာပါၿပီ …ဘာလို႔ယူဖို႔ဆုံးျဖတ္လည္းဆိုေတာ့ခ်စ္လို႔ပါ ေယာက်ာ္းေကာင္းပီသလို႔ပါနားလည္မႈ တာဝန္ယူမႈ႐ွိၿပီး
မေဖာက္ျပန္လို႔ပါ…”

“စDate ကတည္းက အားလုံးမကြယ္မဝွက္ ပြင့္ပြင့္လင္းလင္းေျပာျပထားၿပီးသားပါ..သူ႕မိသားစုနဲ႔လည္း ခဏခဏေတြ႕ၾကည့္ၿပီးရင္းႏွီးၿပီးသားပါ…ပတ္ဝန္းက်င္ သူငယ္ခ်င္း မိတ္ေဆြၾကားမွာလည္းမေကာင္းသတင္း မၾကားရတဲ့ မိသားစုပါ.သူတို႔ေဆြမ်ိဳးေတြၾကားမွာ ျဖစ္တဲ့ အိမ္တြင္းေရးျပႆနာနဲ႔ အမႈအခင္းကိစၥေတြကေခး သိၿပီးသားပါ႐ွင့္..”

“ခ်စ္လို႔ ခင္လို႔ လာေျပာျပၾကတဲ့ ေစတနာေတြကိုနားလည္ေပမယ့္ တခ်ိဳ႕က အ႐ွက္ခြဲခ်င္လို႔ အားလုံး႐ွိတဲ့ ေခးရဲ႕ post ေအာက္က public commentမွာ လာမန္႔တာေတြ သတင္း media pageေအာက္မွာ ဝင္ေရးတဲ့သူေတြက်ေတာ့ ဘယ္လို နားလည္ရမွန္းမသိလို႔ပါ႐ွင္…”

“တကယ္သိေစခ်င္လို႔ ခ်စ္တဲ့စိတ္႐ွိသူတိုင္းက Cbက လာေျပာၾကပါတယ္..ခ်စ္လို႔ခင္လို႔ ေစတနာထားၾကတာ ေက်းဇူးပါေနာ္တစ္စိတ္ကို တစ္အိတ္မျဖစ္ေစခ်င္လို႔ပါ ေခးအဆင္ေျပပါတယ္…”ဆိုၿပီ သူမရဲ႕ အခ်စ္ေရးနဲ႔ပတ္သတ္ၿပီး ပြင့္လင္းစြာေျပာျပလာတာျဖစ္ပါတယ္ေနာ္။

Source Khay Sett Thwin

Leave a Reply

Your email address will not be published. Required fields are marked *