မိုးလေဝသ

MA-ONအမည်ရမုန်တိုင်း ဝင်ရောက်တိုက်ခတ်မူနှင့် မြန်မာနိုင်ငံရဲ့ ထူးခြားမိုးလေဝသအခြေအနေ

MA-ONအမည်ရမုန်တိုင်း ဝင်ရောက်တိုက်ခတ်မူနှင့် မြန်မာနိုင်ငံရဲ့ ထူးခြားမိုးလေဝသအခြေအနေ

ထူးခြားမိုးလေဝသအခြေအနေ

မြန်မာနိုင်ငံအပေါ်အကျိုးသက်မှုရှိနိုင်သော လေထု

မငြိမ်သက်မှုတစ်ခုနှင့် MA-ONအမည်ရမုန်တိုင်းတို့

တောင်တရုတ်ပင်လယ်တွင် တစ်ပြိုင်တည်းဖြစ်ပေါ်နေ

၂၄.၈.၂၀၂၂ ညနေ ၉ နာရီ ၁၁ မိနစ်

ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၀မိနစ်အချိန်

မိတ္ထီလာလေကြောင်းမိုးလေဝသရုံး၏တိုင်းထွာချက်

များအရလည်းကောင်း ထိုင်းနိုင်ငံမိုးလေဝသဌာန၏

တိုင်းထွာချက်များအရလည်းကောင်း တောင်တရုတ်ပင်လယ်တွင် မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်

မှုရှိနိုင်သော လေထုမငြိမ်သက်မှုတစ်ခုနှင့် MA-ON

အမည်ရမုန်တိုင်းတို့တောင်တရုတ်ပင်လယ်တွင်

တစ်ပြိုင်တည်းဖြစ်ပေါ်လာတာကိုတွေ့ရှိရပါသည်။

လေထုမငြိမ်သက်မှုက မြန်မာနိုင်ငံအပေါ်အကျိုးသက်

ရောက်မှုသည် ၂၆၊၂၇ရက်များမှာ မိုးနည်းရပ်ဝန်းဖြစ်

တဲ့မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအပါအဝင် မြန်မာ

တစ်ပြည်လုံးကို နေရာဒေသအပေါ်မှုတည်ပြီး မိုးအ

နည်းနဲ့အများဆိုသလို မိုးများရရှိကြဖြစ်ပြီး MA-ON

အမည်ရမုန်တိုင်းကတော့၃၀၊၃၁ရက်များမှာ မိုးနည်း

ရပ်ဝန်းဖြစ်တဲ့မြန်မာနိုင်ငံအလယ်ပိုင်းဒေသအပါ

အဝင် မြန်မာတစ်ပြည်လုံးကို နေရာဒေသအပေါ်

မှုတည်ပြီး မိုးအနည်းနဲ့အများဆိုသလို မိုးများရရှိ

လာနိုင်တယ်လို့တော့ ကနဦးခန့်မှန်းတွက်ချက်ရရှိ

ထားပါတယ်ခင်ဗျာ။

မုန်းတိုင်းအခြေအနေခန့်မှန်းချက်

ယခု ဖြစ်ပေါ်နေသော MA-ONအမည်ရမုန်တိုင်းရဲ့

အခြေအနေကတော့…

ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၀မိနစ်

အချိန်မိတ္ထီလာလေကြောင်းမိုးလေဝသရုံး၏

တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်

တွင်MA-ONအမည်ရ အပူပိုင်းမုန်တိုင်း

၏ Center pressureမှာ “980hpa”ဖြစ်ပြီး

တစ်နာရီ ၁၆ မိုင်နှုန်းဖြင့် အနောက်ဘက်သို့

ဦးတည်ရွေ့လျားနေပြီး အမြင့်ဆုံးလေတိုက်နှုန်း

မှာ တစ်နာရီ ၇၉ မိုင်နှုန်းဖြစ်ပါတယ်။

မုန်တိုင်းလမ်းကြောင်းခန့်မှန်းချက်

အနောက်ဘက် ဗီယက်နမ်နိုင်ငံဘက်မှ မြန်မာနိုင်ငံ

ဘက်သို့ ဆက်လက်ရွေ့လျားကာ ၂၆နေ့ရက်တွင်

ဗီယက်နမ်နိုင်ငံ၊ Hanoiမြို့မြောက်ဘက်မှ ဖြတ်

ကျော်ဝင်ရောက်ကာ မြန်မာနိုင်ငံဘက်သို့ အရှေ့ဘက်

ကလာသော လေပွေလှိုင်းများအဖြစ်နဲ့ လာမည့်၃၀၊

၃၁ရက်လောက်မှာ မြန်မာနိုင်ငံတွင် မိုးများရွာသွန်း

လာနိုင်တယ် လို့တော့ခန့်မှန်းတွက်ချက်ရရှိထားပါတယ် ခင်ဗျာ။

လေထုမငြိမ်သက်မှုကလာသောလေပွေလှိုင်းများခန့်မှန်းချက်

ယခုဖြစ်ပေါ်နေသော တောင်တရုတ်ပင်လယ်မှ

လေထုမငြိမ်သက်မှုသည် မြန်မာနိုင်ငံဘက်ကို

ဦးတည်ရွေလျားလာနိုင်ကာ မနက်ဖြန် ၂၅ရက်နေ့

မွန်းလွဲညနေပိုင်းမှာရှမ်းပြည်နယ်အရှေ့ပိုင်းကို

ရောက်ရှိလာနိုင်ကာ ၂၆၊၂၇ရက်လောက်မှာ မြန်မာ

နိုင်ငံတွင် မိုးများရွာသွန်းလာနိုင်တယ် လို့တော့

ခန့်မှန်းတွက်ချက်ရရှိထားပါတယ် ခင်ဗျာ။

ဝေဖြိုးဟန်( လေကြောင်းမိုးလေဝသ)

Leave a Reply

Your email address will not be published. Required fields are marked *