ကြားသိရသမျှ

(၁၀) တန္းစာေမးပြဲ မေအာင္တဲ့သူေတြနဲ႔ မေျဖလိုက္ရသူေတြ ျပန္ေျဖဆိုခြင့္ ေလၽွာက္ထားနိုင္ၿပီ

(၁၀) တန္းစာေမးပြဲ မေအာင္တဲ့သူေတြနဲ႔ မေျဖလိုက္ရသူေတြ ျပန္ေျဖဆိုခြင့္ ေလၽွာက္ထားနိုင္ၿပီ

တကၠသိုလ္ဝင္တန္းစာေမးပြဲ မေအာင္တဲ့သူေတြနဲ႔ မေျဖလိုက္ရသူေတြ ျပန္ေျဖဆိုခြင့္ ေလၽွာက္ထားနိုင္ၿပီလို႔ စကစ ေၾကညာ..

၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲမွာ စာေမးပြဲက်ရႈံးသူေတြနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စာေမးပြဲဝင္မေျဖလိုက္သူေတြအတြက္ လာမယ့္ ၂၀၂၃ ခုႏွစ္မွာ စာေမးပြဲေနာက္တစ္ႀကိမ္ျပန္ေျဖခြင့္ေပးမယ္လို႔ စကစ က ၿပီးခဲ့တဲ့ ဇြန္လကတည္းက ထုတ္ျပန္ေၾကညာထားခဲ့ပါတယ္။

အခုလို စာေမးပြဲျပန္ေျဖဆိုခြင့္အတြက္ ေလၽွာက္လႊာေတြကို လာမယ့္ စက္တင္ဘာ ၁ ရက္ေန႔ကေန ၃၀ ရက္ေန႔အထိ သက္ဆိုင္ရာၿမိဳ႕နယ္ပညာေရးမႉး႐ုံးေတြမွာ ေလၽွာက္ထားနိုင္တယ္လို႔ၾသဂုတ္ ၂၃ ရက္စြဲနဲ႔ စကစ က ထုတ္ျပန္လာပါတယ္။

စာေမးပြဲျပန္ေျဖဆိုခြင့္အတြက္ ေလၽွာက္လႊာတစ္ေစာင္ကို ၂၀၀ က်ပ္နဲ႔ ပညာေရးဝန္ႀကီးဌာန ေငြသြင္းတံဆိပ္ေခါင္း ၇၀၀ က်ပ္ က်သင့္မွာျဖစ္ၿပီး ေနျပည္ေတာ္ စာစစ္ဌာနနဲ႔ ရန္ကုန္၊ လွိုင္တကၠသိုလ္နယ္ေျမကစာစစ္ဌာနမွာ ဝယ္ယူနိုင္တယ္လို႔ စကစရဲ့ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

စာေမးပြဲ ဝင္ခြင့္ေလၽွာက္လႊာတင္သြင္းရာမွာေတာ့ ဘာသာတြဲ အမွတ္စဥ္ (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) ေျဖဆိုမယ့္သူေတြ အတြက္ အစိမ္းေရာင္ ဝင္ခြင့္ေလၽွာက္လႊာ နဲ႔ ဘာသာတြဲ အမွတ္စဥ္ (၂)၊ (၃)၊ (၄) ေျဖဆိုမယ့္ သူေတြကေတာ့ ပန္းေရာင္ဝင္ခြင့္ ေလၽွာက္လႊာ တင္သြင္းဖို႔ သတ္မွတ္ထားပါတယ္။

အေျခခံပညာအထက္တန္း ေက်ာင္းမ်ား၊ ေက်ာင္းခြဲမ်ား၊ တြဲဖက္ေက်ာင္းမ်ားႏွင့္ ကိုယ္ပိုင္ အ.ထ.က ေက်ာင္းမ်ားမွ ေျဖဆိုရန္ ေလၽွာက္လႊာတင္သြင္းမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ စာေမးပြဲဝင္ေၾကးအတြက္ ေက်ာင္းအုပ္ႀကီးမ်ားသည္ စာေမးပြဲဝင္ေၾကး ၇၀ဝ က်ပ္တန္ ေငြသြင္းတံဆိပ္ ေခါင္းမ်ားဝယ္ယူၿပီး၊ ေလၽွာက္လႊာတစ္ေစာင္ခ်င္း၌ကပ္၍ စုေပါင္းၿပီး ျမန္မာနိုင္ငံစာစစ္ ဦးစီးဌာနသို႔ သတ္မွတ္ရက္အမီ တင္သြင္းရမယ္လို႔ဆိုပါတယ္။

ျပင္ပေျဖဆိုရန္ ေလၽွာက္လႊာတင္သြင္းသူမ်ားသည္ သက္ဆိုင္ရာ ၿမိဳ႕နယ္ပညာေရးမႉး ႐ုံးမ်ားတြင္ စာေမးပြဲဝင္ေၾကး ၇၀ဝ က်ပ္တန္ေငြသြင္းတံဆိပ္ေခါင္းမ်ားဝယ္ယူၿပီး ဝင္ခြင့္ ေလၽွာက္လႊာ၏ လက္ဝဲဘက္ထိပ္ပိုင္းတြင္ကပ္၍ မိမိတို႔ အမွန္တကယ္ေနထိုင္သည့္ ၿမိဳ႕နယ္ပညာ ေရးမႉး႐ုံး၌ သတ္မွတ္ရက္မ်ားအတြင္း တင္သြင္းရမွာျဖစ္သလို စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား၊ေက်ာင္းသူမ်ားသည္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုခြင့္ေလၽွာက္လႊာပုံစံ၌ မိဘအမည္၊ ေမြးသကၠရာဇ္မ်ားအား ေက်ာင္းဝင္(ခ)စာရင္းအတိုင္း မွန္ ကန္စြာျဖည့္စြက္ရမယ္လို႔ေဖာ္ျပထားပါတယ္။

စာေျဖသူတင္သြင္းသည့္ စာေမးပြဲဝင္ခြင့္ေလၽွာက္လႊာႏွင့္ကတ္ျပားတြင္ပါရွိသည့္ ဘာသာတြဲမွအပ အျခားဘာသာတြဲသို႔ေျပာင္းလဲေျဖဆိုခြင့္ျပဳမည္မဟုတ္၍ မိမိေျဖဆိုမည့္ ဘာသာတြဲအလိုက္ ပုံစံမ်ားကိုမွန္ကန္မႈ ရွိ၊ မရွိ ေသခ်ာစြာစစ္ေဆးၿပီး သတ္မွတ္ရက္အတြင္း အခ်ိန္မီေပးပို႔ရမယ္လို႔ဆိုပါတယ္။

တကၠသိုလ္ဝင္စာေမးပြဲဝင္ခြင့္ေလၽွာက္လႊာပုံစံမ်ားႏွင့္ေငြသြင္းတံဆိပ္ေခါင္းမ်ားအား ျမန္မာနိုင္ငံစာစစ္ဦးစီးဌာန႐ုံးခ်ဳပ္၊ ႐ုံးအမွတ္(၅၂)၊ ေနျပည္ ေတာ္ႏွင့္ရန္ကုန္ၿမိဳ႕၊ လွိုင္တကၠသိုလ္ နယ္ေျမ၊ ၁၂ ရပ္ကြက္၊ ပါရမီလမ္းရွိ ျမန္မာနိုင္ငံစာစစ္ဦးစီးဌာနတို႔၌ ဝယ္ယူနိုင္တယ္လို႔ဆိုပါတယ္။

၂၀၂၁-၂ဝ၂၂ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုသူေတြရဲ့ ေအာင္စာရင္းကို စကစ ပညာေရးဝန္ႀကီးဌာနေအာက္က စာစစ္ဦးစီးဌာနက ဇြန္လ ၁၇ ရက္ေန႔မွာ ထုတ္ျပန္ခဲ့ၿပီး ေအာင္ျမင္သူ ၄၆ ရာခိုင္ႏႈန္း ရွိခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

Credit

unicode

(၁၀) တန်းစာမေးပွဲ မအောင်တဲ့သူတွေနဲ့ မဖြေလိုက်ရသူတွေ ပြန်ဖြေဆိုခွင့် လျှောက်ထားနိုင်ပြီ

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်တဲ့သူတွေနဲ့ မဖြေလိုက်ရသူတွေ ပြန်ဖြေဆိုခွင့် လျှောက်ထားနိုင်ပြီလို့ စကစ ကြေညာ..

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စာမေးပွဲကျရှုံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲဝင်မဖြေလိုက်သူတွေအတွက် လာမယ့် ၂၀၂၃ ခုနှစ်မှာ စာမေးပွဲနောက်တစ်ကြိမ်ပြန်ဖြေခွင့်ပေးမယ်လို့ စကစ က ပြီးခဲ့တဲ့ ဇွန်လကတည်းက ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

အခုလို စာမေးပွဲပြန်ဖြေဆိုခွင့်အတွက် လျှောက်လွှာတွေကို လာမယ့် စက်တင်ဘာ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးတွေမှာ လျှောက်ထားနိုင်တယ်လို့သြဂုတ် ၂၃ ရက်စွဲနဲ့ စကစ က ထုတ်ပြန်လာပါတယ်။

စာမေးပွဲပြန်ဖြေဆိုခွင့်အတွက် လျှောက်လွှာတစ်စောင်ကို ၂၀၀ ကျပ်နဲ့ ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း ၇၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး နေပြည်တော် စာစစ်ဌာနနဲ့ ရန်ကုန်၊ လှိုင်တက္ကသိုလ်နယ်မြေကစာစစ်ဌာနမှာ ဝယ်ယူနိုင်တယ်လို့ စကစရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စာမေးပွဲ ဝင်ခွင့်လျှောက်လွှာတင်သွင်းရာမှာတော့ ဘာသာတွဲ အမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) ဖြေဆိုမယ့်သူတွေ အတွက် အစိမ်းရောင် ဝင်ခွင့်လျှောက်လွှာ နဲ့ ဘာသာတွဲ အမှတ်စဉ် (၂)၊ (၃)၊ (၄) ဖြေဆိုမယ့် သူတွေကတော့ ပန်းရောင်ဝင်ခွင့် လျှောက်လွှာ တင်သွင်းဖို့ သတ်မှတ်ထားပါတယ်။

အခြေခံပညာအထက်တန်း ကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင် အ.ထ.က ကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ရဝဝ ကျပ်တန် ငွေသွင်းတံဆိပ် ခေါင်းများဝယ်ယူပြီး၊ လျှောက်လွှာတစ်စောင်ချင်း၌ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ် ဦးစီးဌာနသို့ သတ်မှတ်ရက်အမီ တင်သွင်းရမယ်လို့ဆိုပါတယ်။

ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် စာမေးပွဲဝင်ကြေး ရဝဝ ကျပ်တန်ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့် လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာ ရေးမှူးရုံး၌ သတ်မှတ်ရက်များအတွင်း တင်သွင်းရမှာဖြစ်သလို စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာပုံစံ၌ မိဘအမည်၊ မွေးသက္ကရာဇ်များအား ကျောင်းဝင်(ခ)စာရင်းအတိုင်း မှန် ကန်စွာဖြည့်စွက်ရမယ်လို့ဖော်ပြထားပါတယ်။

စာဖြေသူတင်သွင်းသည့် စာမေးပွဲဝင်ခွင့်လျှောက်လွှာနှင့်ကတ်ပြားတွင်ပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်၍ မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများကိုမှန်ကန်မှု ရှိ၊ မရှိ သေချာစွာစစ်ဆေးပြီး သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့ရမယ်လို့ဆိုပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့်လျှောက်လွှာပုံစံများနှင့်ငွေသွင်းတံဆိပ်ခေါင်းများအား မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရုံးချုပ်၊ ရုံးအမှတ်(၅၂)၊ နေပြည် တော်နှင့်ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ် နယ်မြေ၊ ၁၂ ရပ်ကွက်၊ ပါရမီလမ်းရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၌ ဝယ်ယူနိုင်တယ်လို့ဆိုပါတယ်။

၂၀၂၁-၂ဝ၂၂ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူတွေရဲ့ အောင်စာရင်းကို စကစ ပညာရေးဝန်ကြီးဌာနအောက်က စာစစ်ဦးစီးဌာနက ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး အောင်မြင်သူ ၄၆ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *