ကြားသိရသမျှ

ျမန္မာ့စီးပြါးေရးဘဏ္ဓားျပတိုက္ခံရ

ျမန္မာ့စီးပြါးေရးဘဏ္ဓားျပတိုက္ခံရ၊ ေငြက်ပ္ သိန္းရာခ်ီပါသြားဟုဆို

မင္းထက္

မဇၥ်ိမ ။ ။ ဧရာဝတီတိုင္း၊ က်ိဳက္လတ္ၿမိဳ႕ ျမန္မာ့စီးပြားေရးဘဏ္တြင္ ယေန႔ ၾသဂုတ္လ ၂၄ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၃၀ မိနစ္ခန႔္အခ်ိန္က ဓားျပတိုက္မႈျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

အမည္မသိ လူ ခုနစ္ဦးက ကားတစ္စီးျဖင့္ေရာက္ရွိလာၿပီး ဓားျပတိုက္သြားျခင္းျဖစ္ကာ ထိခိုက္ဒဏ္ရာရရွိသူမရွိခဲ့ေၾကာင္း ေဒသခံတစ္ဦးကေျပာသည္။

” ဓါးျပတိုက္ခံရတာေတာ့ ဟုတ္တယ္၊ သိန္း ၅၀၀ ေလာက္ပါသြားတယ္လို႔လည္းၾကားတယ္၊ တခ်ိဳ႕ေတြေျပာေနတာလည္း သိန္း ၁၅၀ ေလာက္ပါသြားတယ္လို႔ေျပာတယ္၊ ေသေတာ့ မေသခ်ာေသးဘူး “ဟု ေဒသခံက ဆိုသည္။

ဓားျပတိုက္မႈျဖစ္ပြားၿပီးေနာက္ က်ိဳက္လတ္ၿမိဳ႕ေပၚႏွင့္ ၿမိဳ႕အဝင္၊ အထြက္ဂိတ္မ်ားတြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ရဲမ်ားက ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္ေနၾကေၾကာင္း ေဒသခံမ်ားမွဆိုသည္။

ဘဏ္ဓားျပတိုက္မႈျဖစ္စဥ္ႏွင့္ပတ္သတ္၍ ဓားျပတိုက္ခံရသည္မွာ မဟုတ္ေၾကာင္း၊ စစ္ေကာင္စီတပ္မ်ားႏွင့္ ဘဏ္ဝန္ထမ္းမ်ား စကားမ်ားရန္ျဖစ္ျခင္းသာျဖစ္ေၾကာင္း စစ္ေကာင္စီက သတင္းလႊင့္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ယခုျဖစ္စဥ္သည္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဧရာဝတီတိုင္းတြင္ ပထမဆုံးအႀကိမ္ ျဖစ္ပြားသည့္ ဘဏ္ဓားျပတိုက္မႈဟုလည္း သိရသည္။

ဓားျပတိုက္မႈႏွင့္ ပတ္သက္၍ အေသးစိတ္အခ်က္အလက္မ်ားကို မဇၥ်ိမက ဆက္ လက္စုံစမ္းေနဆဲျဖစ္သည္။

ဓာတ္ပုံ-ပုံအေဟာင္း

စာတည္း ။ ။ Alden

စာမူတည္းျဖတ္။ ။ သန္႔ေဇာ္(သန္လ်င္)

က်ိဳက္လတ္ၿမိဳ႕ ရွိ ျမန္မာ့စီးပြါးေရးဘဏ္ဓားျပတိုက္ခံရ၊ ေငြက်ပ္ သိန္းရာခ်ီပါသြားဟုဆို

unicode

မြန်မာ့စီးပွါးရေးဘဏ်ဓားပြတိုက်ခံရ၊ ငွေကျပ် သိန်းရာချီပါသွားဟုဆို

မင်းထက်

မဇ္စျိမ ။ ။ ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်အချိန်က ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အမည်မသိ လူ ခုနစ်ဦးက ကားတစ်စီးဖြင့်ရောက်ရှိလာပြီး ဓားပြတိုက်သွားခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

” ဓါးပြတိုက်ခံရတာတော့ ဟုတ်တယ်၊ သိန်း ၅၀၀ လောက်ပါသွားတယ်လို့လည်းကြားတယ်၊ တချို့တွေပြောနေတာလည်း သိန်း ၁၅၀ လောက်ပါသွားတယ်လို့ပြောတယ်၊ သေတော့ မသေချာသေးဘူး “ဟု ဒေသခံက ဆိုသည်။

ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် ကျိုက်လတ်မြို့ပေါ်နှင့် မြို့အဝင်၊ အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်များနှင့်ရဲများက ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း ဒေသခံများမှဆိုသည်။

ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်နှင့်ပတ်သတ်၍ ဓားပြတိုက်ခံရသည်မှာ မဟုတ်ကြောင်း၊ စစ်ကောင်စီတပ်များနှင့် ဘဏ်ဝန်ထမ်းများ စကားများရန်ဖြစ်ခြင်းသာဖြစ်ကြောင်း စစ်ကောင်စီက သတင်းလွှင့်နေသည်ဟု ဒေသခံများက ပြောသည်။

ယခုဖြစ်စဉ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပွားသည့် ဘဏ်ဓားပြတိုက်မှုဟုလည်း သိရသည်။

ဓားပြတိုက်မှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မဇ္စျိမက ဆက် လက်စုံစမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ-ပုံအဟောင်း

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

ကျိုက်လတ်မြို့ ရှိ မြန်မာ့စီးပွါးရေးဘဏ်ဓားပြတိုက်ခံရ၊ ငွေကျပ် သိန်းရာချီပါသွားဟုဆို

Leave a Reply

Your email address will not be published. Required fields are marked *