မလေးရှားရှိ ဆေးရုံတစ်ရုံတွင် မြန်မာနိုင်ငံသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း မြန်မာလူမှု ကူညီရေး အသင်း (မလေးရှား) ကထုတ်ပြန်သည်။
မလေးရှားနိူင်ငံ ဂျိုဟိုးပြည်နယ် ဂျိုဟိုးဘရူးမြို့ ဆေးရုံကြီးတွင် မိမိကိုယ်ကိုမိမိအဆုံးစီရင် (ကြိုးဆွဲချ) သေဆုံးကြောင်း
ဆေးရုံမှအကူအညီတောင်းခံလာကြောင်း၊ နာရေးကိစ္စပြုလုပ်ရန် စုံစမ်းရာ မည်သူဖြစ်သည်ကို အတိအကျ မသိရှိရကြောင်း အဆိုပါအသင်းက ထုတ်ပြန်သည်။
ယင်းသို့ မသိရှိသေးသဖြင့် မိသားစုများ၊ မိတ်ဆွေများအနေဖြင့် နာရေးကိစ္စအတွက် ဆက်သွယ်ပေး ရန် မြန်မာလူမှု ကူညီရေး အသင်း (မလေးရှား) ကထုတ်ပြန်သည်။
အလားတူ သြဂုတ် ၂ ရက် နံနက်ကလည်း MRR2 အဝေးပြေးလမ်းမကြီး၏ တံတားပေါ်မှ ကလေး သုံးဦးကို ဖခင်ဖြစ်သူက အရင်ဆုံး ပစ်ချခဲ့ကြောင်း၊
ယင်းသို့ပစ်ချပြီးနောက် ဖခင်ကိုယ်တိုင် တံတားပေါ်မှ ခုန်ချကာ သေကြောင်းကြံစည်ခဲ့ကြောင်း၊ ယင်းသို့ သေကြောင်းကြံစည်မှုကြောင့် ကလေးနှစ်ဦးနှင့်
ဖခင်မှာ သေဆုံးခဲ့ပြီး သုံးနှစ်အရွယ် ကလေးတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိထားကြောင်း မလေးရှား အခြေစိုက် The Star သတင်းဌာနက ဖော်ပြထားသည်။
သေကြောင်းကြံစည်မှုကြောင့် ၃၈ နှစ်အရွယ်အမျိုးသားနှင့် အခြားကလေးနှစ်ဦးမှာ အခင်းဖြစ်နေရာ တွင် သေဆုံးပြီး အခြားကလေးတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိကာ
ဆက်လက်ကုသရန် ဆလာယန်း ဆေးရုံသို့ ပို့ဆောင်ထားကြောင်း Sentul ရဲချုပ် Beh Eng Lai က ပြောကြားသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။
သေဆုံးသွားသူများမှာ မြန်မာနိုင်ငံသား ချင်းလူမျိုးမိသားစုဖြစ်ကာ ဖခင်ဖြစ်သူမှာ ဦး Cholei၊ ရှစ်နှစ်အရွယ် သမီး Vadetisoh၊
ခြောက်နှစ်အရွယ် သား Vabiechose တို့ဖြစ်ကြောင်း၊ မိသားစုဝင်များအားလုံး ဘုရားသခင်၏စောင့်ရှောက်မှုကိုခံယူရရှိပြီး ကောင်းကင်ဘုံသို့ရောက်ရှိပါစေကြောင်း
မြန်မာလူမှုကူညီရေး အသင်း (မလေးရှား)က သတင်းထုတ်ပြန်သည်။ သေဆုံးသွားသည့် ဖခင်နှင့် ကလေးငယ်နှစ်ဦးကို သြဂုတ် ၄ ရက်က သဂြိုဟ်ခဲ့ကြောင်း သိရသည်။
credit
unicode