အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
တစ္ခ်ိန္က ခ်င္းတြင္းေဒသ ခ်င္းလူမ်ိဳး ငေမာက္ဆို တဲ့ လူငယ္တစ္ဦးဟာ ျမန္မာျပည္က ကုန္ေတြ လိုက္ေရာင္းရင္း မိုးကုတ္ေဒသ ၾကပ္ျပင္ၿမိဳ႕ကို ေရာက္လာတယ္။
အဲ့ဒီတစ္ခ်ိန္က ၾကပ္ျပင္ၿမိဳ႕ရယ္ ကသဲၿမိဳ႕ရယ္ မိုးကုတ္အေရွ႕ပိုင္းရယ္လို႔ သုံးၿမိဳ႕ေပါင္းၿပီး မိုးကုတ္ ေဒသ ပတၱျမားေက်ာက္တြင္းနယ္လို႔ ေခၚၾကပါတယ္။
ဒီၿမိဳ႕ေလးနာမည္တြင္လာပုံေလးက ဘုရင့္ေနာင္မင္းတရာႀကီး လက္ထက္ ျမန္မာသကၠရာဇ္ (၉၂၁) ႏွစ္ အဲ့ဒီအခ်ိန္ မင္းတရားႀကီးသည္ ကသဲေစာ္ဘြားကို ႏွိမ္နင္းေအာင္ျမင္ၿပီး ဖမ္းစီးရမိတဲ့
ကသဲသုံ႔ပန္းေတြကို မိုးကုတ္ ေဒသကိုပို႔လိုက္တယ္။အဲ့ဒီကသဲလူမ်ိဳးေတြ စတင္ေနထိုင္ခဲ့တဲ့ေနရာကို ကသဲရပ္လို႔ ေခၚၾကတယ္
ကသဲလူူမ်ိဳးေတြဟာ လူဦးေရတိုးလာေတာ့ တျဖည္းျဖည္းနဲ႔ ရပ္ကြက္ေတြ တိုးခ်ဲ႕လာၾကတယ္။
အဲ့ဒီတိုးခ်ဲ႕ေနရာေတြမွာ ေနထိုင္ၾကတဲ့ ကသဲလူမ်ိဳးေတြဟာ သူတို႔ရဲ႕ ဓေလ့ထုံးစံအရ ထမင္းဟင္း ခ်က္ျပဳတ္ မစားခင္မွာ သန႔္ရွင္းေအာင္ဆိုၿပီး ေရအရင္ခ်ိဳးရတယ္
မိုးကုတ္ေဒသက ေရခဲတဲ့ အဆင့္ထိေအးတဲ့ေဒသဆိုေတာ့ ကသဲလူမ်ိဳးေတြဟာ ေရခ်ိဳးၿပီးတဲ့အခါ ေႏြးေအာင္ဆိုၿပီး ေဒသအေခၚ က်ပ္တင္သလို မီးဖိုနားမွာ ကပ္ေနၾကရတယ္
ဒါေၾကာင့္ အဲ့ဒီေဒသကို က်ပ္တင္ေဒသလို႔ေခၚရာကေန ေနာက္ေတာ့ (က်ပ္ျပင္)ရယ္လို႔ ျဖစ္လာပါတယ္ ။
အဲ့ဒီလို မိုးကုတ္ၿမိဳ႕ရယ္လို႔ ျဖစ္လာမယ့္ေနရာမွာလည္း မိုးခ်ဳပ္တာေစာၿပီး ေမွာင္လြယ္တာမို႔ိ မိုးခ်ဳပ္ေဒသလို႔ေခၚရာကေန ေနာင္မွာ မိုးကုတ္ေဒသ ဆိုၿပီး ျဖစ္လာပါတယ္။
ကဲ သမိုင္းေလးဆက္မယ္ခ်င္းတြင္းေဒသကေန ကုန္ေရာင္းလာတဲ့ ငေမာက္ဆိုတဲ့ လူငယ္ေလးဟာ အဲ့ဒီမွာပဲ လွပ်ိဳျဖဴတစ္ေယာက္နဲ႔ အိမ္ေထာင္က်ၿပီး ငေမာက္ဟာ
ေနရာအႏွံ႔လွည့္ၿပီး ကုန္ေရာင္းတဲ့ အလုပ္ကို မလုပ္ေတာ့ပဲ အင္းေဂါင္းအရပ္မွာ ၿခံအက်ယ္ႀကီးနဲ႔ စိုက္ပ်ိဳးေရး လုပ္ငန္းကိုအေျခခ်လုပ္ကိုင္ေနခဲ့တယ္။
ဒီလိုနဲ႔ တစ္ညမွာ ငေမာက္ဟာ အေပါ့အပါးထစြန႔္ရင္ ေန႔ခင္းကအပင္စိုက္ရန္တူးစြထားသည့္ ေျမေနရာမွ လေရာင္ေၾကာင့္ အေရာင္ေတြျဖာထြက္ေနတဲ့ နီနီရဲရဲေက်ာက္တုံးႀကီးကို ေတြ႕သြားပါေလေရာ။
ဒါနဲ႔ ငေမာက္လည္း ဒီအေရာင္ေတြျဖာထြက္ေနတဲ့ ေက်ာက္နီတုံးႀကီးဟာ တန္ဖိုးႀကီးမွန္းရိပ္မိၿပီး ေနာက္တေန႔မွာ သူ႔ ေယာက္ဖျဖစ္သူ ေမာင္ေ႐ႊ ဆိုသူနဲ႔တိုင္ပင္ၾကတယ္
အကိုႀကီး ဒီေက်ာက္ဟာ အင္မတန္မွ တန္ဖိုးႀကီးေတာ့ ဒီအတိုင္းေရာင္းရင္ အႏၲရာယ္မ်ားတယ္။
ဒါေၾကာင့္ ကြၽန္ေတာ္ကုန္သည္ဘဝက ခင္မင္ရင္းနီးခဲ့တဲ့ တ႐ုတ္ျပည္က ကုန္သည္တစ္ဦးရွိတယ္ သူ႔ကိုေရာင္းခိုင္းရင္ ေဈးေကာင္းလည္း ရမယ္
ဘယ္သူမွလည္း သိေတာ့မွာ မဟုတ္ဖူး ဆိုၿပီးေက်ာက္ႀကီးကို ႏွစ္ျခမ္းခြဲကာ တစ္ျခမ္းကို တ႐ုတ္ျပည္ဘက္ေရာင္းၿပီး တစ္ျခမ္းကို ျမန္မာဘုရင္မင္းျမတ္ထံတစ္ျခမ္းဆက္သလိုက္တယ္။
ဘုရင္မင္းျမတ္လည္း ေက်ာက္ႀကီးကိုၾကည့္ၿပီး အင္မတန္သေဘာက်ကာ ငေမာက္ လာဆက္သေသာေၾကာင့္ ပတၱျမားငေမာက္လို႔ အမည္ေပးၿပီး
ငေမာက္ကိုလည္း ဆုေတာ္လာဘ္ေတာ္မ်ား ခ်ီးျမင့္ေပးသနားေတာ္မူလိုက္တယ္။ဒီလိုနဲ႔ ငေမာက္တို႔မိသားစုဟာ
သားသၼီးေတြကို ရွင္ျပဳ အလႉေပးၿပီး မိုးကုတ္ေဒသထုံးစံအရ ေက်ာက္ေအာင္ရင္ ဘုရားတည္ၾကေလ့ရွိသလို ငေမာက္လည္း ဘုရားတည္ အလႉေပးပါေတာ့တယ္။
မၾကာပါဘူး တ႐ုတ္ျပည္မွာ နန္းတြင္း အရႈပ္အရွင္း ျဖစ္ၿပီး မင္မင္းဆက္ပ်က္ေတာ့ စစ္ရႈံးတဲ့ တ႐ုတ္မ်ိဳးႏြယ္စုတစ္စုဟာ ျမန္မာျပည္ဘက္ကိုကူးၿပီး
ျမန္မာဘုရင္မင္းထံမွာ ခိုလႈံခြင့္ေတာင္းၿပီး ေနၾကတယ္။အဲ့ဲဒီအထဲမွာမွ ငေမာက္ေရာင္းလိုက္တဲ့ ေက်ာက္ကုန္သည္ကလည္း ပါလာေလေရာ
ဒါနဲ႔ သူစီမွာရွိတဲ့ ေက်ာက္တစ္ျခမ္းကိုလည္း ျမန္မာဘုရင္မင္းထံ ဆက္သတဲ့အခါမွာေတာ့ ျမန္မာဘုရင္မင္းလည္း ငေမာက္ဆက္ထားတဲ့ ပတၱျမားနဲ႔ ယၡဳပတၱျမားကိုယွဥ္ၾကည့္တဲ့အခါ
တစ္လုံးထဲကေနခြဲထားမွန္းသိၿပီးပေဒသရာဇ္ေခတ္ရဲ႕ အာဏာရွင္စနစ္ဆိုးႀကီးအတိုင္းပဲ သူ႔ကို အလုံးလိုက္မဆက္သရေကာင္းလားဆိုၿပီး ေဒါသအႀကီးအက်ယ္ထြက္ကာ
ငေမာက္နဲ႔ သူ႔အမ်ိဳးအႏြယ္အားလုံးကို မီးေလာင္တိုက္သြင္းကာကြပ္မ်က္ေစအမိန္ခ်လိုက္သတဲ့ဗ်ာ။
ငေမာက္နဲ႔ေဆြမ်ိဳးေတြကိုကြပ္မ်က္ဖို႔ ေခၚသြားခဲ့တဲ့ေနရာဟာ ေရနဲ႔ေဝးရာအရပ္မို႔ ေရေဝးရပ္ဆိုၿပီး ယေန႔အခ်ိန္ထိ မိုးကုတ္မွာ အဲ့ဒီ႐ြာနာမည္ေခၚေနတုံးပါ ပဲ။
အဲ့ဒီ႐ြာနဲ႔ မနီးမေဝးမွာလည္း ငေမာက္တို႔ေဆြမ်ိဳးေတြကို သတ္ဖို႔ိ အေလာင္းစင္ေဆာက္ခဲ့တဲ့ေနရာကို အေလာင္းစင္ေနရာလို႔ေခၚဆိုရာကေန ေနာင္မွာ ေလာင္းစင္႐ြာဆိုၿပီ ျဖစ္လာခဲ့ပါေတာ့တယ္။
ငေမာက္နဲ႔ေဆြမ်ိဳးအားလုံးကို သတ္ခဲ့ေပမဲ့ ထြက္ေျပး လြတ္ေျမာက္ခဲ့တဲ့ သူတစ္ဦးေတာ့ရွိခဲ့ပါတယ္ သူကေတာ့ ငေမာက္ရဲ႕ အမေတာ္သူ ေဒၚနန္း ဆိုတဲ့ အမ်ိဳးသၼီးတစ္ဦးျဖစ္ပါတယ္
သူထြက္ေျပးရင္းနဲ႔ ၾကပ္ျပင္ၿမိဳ႕နားမွာရွိတဲ့ ေတာင္တန္းႀကီး တစ္ခုေပၚ ေရာက္သြားရွာတယ္။အဲ့ဒီေတာင္ေပၚကေန လွန္းၾကည့္လိုက္ရင္
သူ႔ရဲ႕ ေမာင္ေလး ငေမာက္နဲ႔ ေဆြမ်ိဳးေတြကိုမီးရႈိ႕သတ္ခဲ့တဲ့ ေနရာကိုျမင္ေနရတယ္။ ေဒၚနန္းဟာ အဲ့ဒီေနရာကေနထြက္ေနတဲ့ မီးခိုးေတြကို ၾကည့္ၿပီး ရင္ထဲမွာစို႔တက္လာကာ
ရင္ကြဲနာက်ၿပီး ေသသြားခဲ့ရွာပါေလေရာ ေသခါနီးအစြဲေၾကာင့္ ေဒၚနန္းဟာအဲ့ဒီေတာင္ေပၚမွာပဲအေစာင့္ျဖစ္သြားတယ္လို႔ ဆိုၾကတယ္။
ေတာင္ေပၚမွာလည္း ယၡဳခ်ိန္ထိ မယ္နန္းၾကည္ နတ္နန္းရယ္လို႔ သီးျခားေနရာနဲ႔ေဆာက္ေပးထားတာေတြ႕ရပါတယ္။
အဲ့ဒီေတာင္ကိုလည္း ေဒၚနန္းၾကည့္ေတာင္လို႔ ေခၚရာကေန ေနာက္ေတာ့ ေဒၚနန္းၾကည္ေတာင္ရယ္လို႔ ျဖစ္လာခဲ့ပါေတာ့တယ္။
ေဒၚနန္းဟာ တန္ဖိုးႀကီးတဲ့ ေက်ာက္တစ္ပြင့္ေၾကာင့္သူ႔ေမာင္ငေမာက္နဲ႔ ေဆြမ်ိဳးေတြေသၾကရရွာတာကို စိတ္နာၿပီးသူ႔နတ္နန္းရွိတဲ့ ေတာင္ေၾကာမွာေက်ာက္လုံးဝမထြက္ပါေစနဲ႔လို႔
က်ိန္စာတိုက္ခဲ့ပါသတဲ့။ ထူးျခားတိုက္ဆိုင္စြာပဲ မိုးကုတ္ၿမိဳ႕နဲ႔ေတာင္တန္းေတြ ေနရာတိုင္းမွာ ေက်ာက္ထြက္ေပမဲ့ ေဒၚနန္းၾကည္ေတာင္ေပၚမွာေတာ့ ေက်ာက္လုံးဝလုံးဝမထြက္ေတာ့ပါဘူးတဲ့။
ဒီသမိုင္းေလးဟာ ေဒၚနန္းၾကည္သမိုင္းသာမကပဲ ျမန္မာ့သမိုင္းရာဇဝင္ထဲက ပတၱျမားငေမာက္ေက်ာက္ရဲ႕သမိုင္းရာဇဝင္လည္း ဆက္စပ္ေနေသာပတၱျမားေျမက သမိုင္းရာဇဝင္ေလးပဲ ျဖစ္ပါတယ္။
အဲ့ဒီေတာင္ေပၚမွာခ်ယ္ရီပန္းေလးေတြလည္းအမ်ားႀကီးဘဲတဲ့ တစ္ရက္ေတာ့ သြားျဖစ္ေအာင္သြားရအုံးမယ္
Credit U Dhammapiya #SabeiLwin
Unicode
တစ်ချိန်က ချင်းတွင်းဒေသ ချင်းလူမျိုး ငမောက်ဆို တဲ့ လူငယ်တစ်ဦးဟာ မြန်မာပြည်က ကုန်တွေ လိုက်ရောင်းရင်း မိုးကုတ်ဒေသ ကြပ်ပြင်မြို့ကို ရောက်လာတယ်။
အဲ့ဒီတစ်ချိန်က ကြပ်ပြင်မြို့ရယ် ကသဲမြို့ရယ် မိုးကုတ်အရှေ့ပိုင်းရယ်လို့ သုံးမြို့ပေါင်းပြီး မိုးကုတ် ဒေသ ပတ္တမြားကျောက်တွင်းနယ်လို့ ခေါ်ကြပါတယ်။
ဒီမြို့လေးနာမည်တွင်လာပုံလေးက ဘုရင့်နောင်မင်းတရာကြီး လက်ထက် မြန်မာသက္ကရာဇ် (၉၂၁) နှစ် အဲ့ဒီအချိန် မင်းတရားကြီးသည် ကသဲစော်ဘွားကို နှိမ်နင်းအောင်မြင်ပြီး ဖမ်းစီးရမိတဲ့
ကသဲသုံ့ပန်းတွေကို မိုးကုတ် ဒေသကိုပို့လိုက်တယ်။အဲ့ဒီကသဲလူမျိုးတွေ စတင်နေထိုင်ခဲ့တဲ့နေရာကို ကသဲရပ်လို့ ခေါ်ကြတယ်
ကသဲလူူမျိုးတွေဟာ လူဦးရေတိုးလာတော့ တဖြည်းဖြည်းနဲ့ ရပ်ကွက်တွေ တိုးချဲ့လာကြတယ်။
အဲ့ဒီတိုးချဲ့နေရာတွေမှာ နေထိုင်ကြတဲ့ ကသဲလူမျိုးတွေဟာ သူတို့ရဲ့ ဓလေ့ထုံးစံအရ ထမင်းဟင်း ချက်ပြုတ် မစားခင်မှာ သန့်ရှင်းအောင်ဆိုပြီး ရေအရင်ချိုးရတယ်
မိုးကုတ်ဒေသက ရေခဲတဲ့ အဆင့်ထိအေးတဲ့ဒေသဆိုတော့ ကသဲလူမျိုးတွေဟာ ရေချိုးပြီးတဲ့အခါ နွေးအောင်ဆိုပြီး ဒေသအခေါ် ကျပ်တင်သလို မီးဖိုနားမှာ ကပ်နေကြရတယ်
ဒါကြောင့် အဲ့ဒီဒေသကို ကျပ်တင်ဒေသလို့ခေါ်ရာကနေ နောက်တော့ (ကျပ်ပြင်)ရယ်လို့ ဖြစ်လာပါတယ် ။
အဲ့ဒီလို မိုးကုတ်မြို့ရယ်လို့ ဖြစ်လာမယ့်နေရာမှာလည်း မိုးချုပ်တာစောပြီး မှောင်လွယ်တာမို့ိ မိုးချုပ်ဒေသလို့ခေါ်ရာကနေ နောင်မှာ မိုးကုတ်ဒေသ ဆိုပြီး ဖြစ်လာပါတယ်။
ကဲ သမိုင်းလေးဆက်မယ်ချင်းတွင်းဒေသကနေ ကုန်ရောင်းလာတဲ့ ငမောက်ဆိုတဲ့ လူငယ်လေးဟာ အဲ့ဒီမှာပဲ လှပျိုဖြူတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ငမောက်ဟာ
နေရာအနှံ့လှည့်ပြီး ကုန်ရောင်းတဲ့ အလုပ်ကို မလုပ်တော့ပဲ အင်းဂေါင်းအရပ်မှာ ခြံအကျယ်ကြီးနဲ့ စိုက်ပျိုးရေး လုပ်ငန်းကိုအခြေချလုပ်ကိုင်နေခဲ့တယ်။
ဒီလိုနဲ့ တစ်ညမှာ ငမောက်ဟာ အပေါ့အပါးထစွန့်ရင် နေ့ခင်းကအပင်စိုက်ရန်တူးစွထားသည့် မြေနေရာမှ လရောင်ကြောင့် အရောင်တွေဖြာထွက်နေတဲ့ နီနီရဲရဲကျောက်တုံးကြီးကို တွေ့သွားပါလေရော။
ဒါနဲ့ ငမောက်လည်း ဒီအရောင်တွေဖြာထွက်နေတဲ့ ကျောက်နီတုံးကြီးဟာ တန်ဖိုးကြီးမှန်းရိပ်မိပြီး နောက်တနေ့မှာ သူ့ ယောက်ဖဖြစ်သူ မောင်ရွှေ ဆိုသူနဲ့တိုင်ပင်ကြတယ်
အကိုကြီး ဒီကျောက်ဟာ အင်မတန်မှ တန်ဖိုးကြီးတော့ ဒီအတိုင်းရောင်းရင် အန္တရာယ်များတယ်။
ဒါကြောင့် ကျွန်တော်ကုန်သည်ဘဝက ခင်မင်ရင်းနီးခဲ့တဲ့ တရုတ်ပြည်က ကုန်သည်တစ်ဦးရှိတယ် သူ့ကိုရောင်းခိုင်းရင် ဈေးကောင်းလည်း ရမယ်
ဘယ်သူမှလည်း သိတော့မှာ မဟုတ်ဖူး ဆိုပြီးကျောက်ကြီးကို နှစ်ခြမ်းခွဲကာ တစ်ခြမ်းကို တရုတ်ပြည်ဘက်ရောင်းပြီး တစ်ခြမ်းကို မြန်မာဘုရင်မင်းမြတ်ထံတစ်ခြမ်းဆက်သလိုက်တယ်။
ဘုရင်မင်းမြတ်လည်း ကျောက်ကြီးကိုကြည့်ပြီး အင်မတန်သဘောကျကာ ငမောက် လာဆက်သသောကြောင့် ပတ္တမြားငမောက်လို့ အမည်ပေးပြီး
ငမောက်ကိုလည်း ဆုတော်လာဘ်တော်များ ချီးမြင့်ပေးသနားတော်မူလိုက်တယ်။ဒီလိုနဲ့ ငမောက်တို့မိသားစုဟာ
သားသ္မီးတွေကို ရှင်ပြု အလှူပေးပြီး မိုးကုတ်ဒေသထုံးစံအရ ကျောက်အောင်ရင် ဘုရားတည်ကြလေ့ရှိသလို ငမောက်လည်း ဘုရားတည် အလှူပေးပါတော့တယ်။
မကြာပါဘူး တရုတ်ပြည်မှာ နန်းတွင်း အရှုပ်အရှင်း ဖြစ်ပြီး မင်မင်းဆက်ပျက်တော့ စစ်ရှုံးတဲ့ တရုတ်မျိုးနွယ်စုတစ်စုဟာ မြန်မာပြည်ဘက်ကိုကူးပြီး
မြန်မာဘုရင်မင်းထံမှာ ခိုလှုံခွင့်တောင်းပြီး နေကြတယ်။အဲ့ဲဒီအထဲမှာမှ ငမောက်ရောင်းလိုက်တဲ့ ကျောက်ကုန်သည်ကလည်း ပါလာလေရော
ဒါနဲ့ သူစီမှာရှိတဲ့ ကျောက်တစ်ခြမ်းကိုလည်း မြန်မာဘုရင်မင်းထံ ဆက်သတဲ့အခါမှာတော့ မြန်မာဘုရင်မင်းလည်း ငမောက်ဆက်ထားတဲ့ ပတ္တမြားနဲ့ ယ္ခုပတ္တမြားကိုယှဉ်ကြည့်တဲ့အခါ
တစ်လုံးထဲကနေခွဲထားမှန်းသိပြီးပဒေသရာဇ်ခေတ်ရဲ့ အာဏာရှင်စနစ်ဆိုးကြီးအတိုင်းပဲ သူ့ကို အလုံးလိုက်မဆက်သရကောင်းလားဆိုပြီး ဒေါသအကြီးအကျယ်ထွက်ကာ
ငမောက်နဲ့ သူ့အမျိုးအနွယ်အားလုံးကို မီးလောင်တိုက်သွင်းကာကွပ်မျက်စေအမိန်ချလိုက်သတဲ့ဗျာ။
ငမောက်နဲ့ဆွေမျိုးတွေကိုကွပ်မျက်ဖို့ ခေါ်သွားခဲ့တဲ့နေရာဟာ ရေနဲ့ဝေးရာအရပ်မို့ ရေဝေးရပ်ဆိုပြီး ယနေ့အချိန်ထိ မိုးကုတ်မှာ အဲ့ဒီရွာနာမည်ခေါ်နေတုံးပါ ပဲ။
အဲ့ဒီရွာနဲ့ မနီးမဝေးမှာလည်း ငမောက်တို့ဆွေမျိုးတွေကို သတ်ဖို့ိ အလောင်းစင်ဆောက်ခဲ့တဲ့နေရာကို အလောင်းစင်နေရာလို့ခေါ်ဆိုရာကနေ နောင်မှာ လောင်းစင်ရွာဆိုပြီ ဖြစ်လာခဲ့ပါတော့တယ်။
ငမောက်နဲ့ဆွေမျိုးအားလုံးကို သတ်ခဲ့ပေမဲ့ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ သူတစ်ဦးတော့ရှိခဲ့ပါတယ် သူကတော့ ငမောက်ရဲ့ အမတော်သူ ဒေါ်နန်း ဆိုတဲ့ အမျိုးသ္မီးတစ်ဦးဖြစ်ပါတယ်
သူထွက်ပြေးရင်းနဲ့ ကြပ်ပြင်မြို့နားမှာရှိတဲ့ တောင်တန်းကြီး တစ်ခုပေါ် ရောက်သွားရှာတယ်။အဲ့ဒီတောင်ပေါ်ကနေ လှန်းကြည့်လိုက်ရင်
သူ့ရဲ့ မောင်လေး ငမောက်နဲ့ ဆွေမျိုးတွေကိုမီးရှို့သတ်ခဲ့တဲ့ နေရာကိုမြင်နေရတယ်။ ဒေါ်နန်းဟာ အဲ့ဒီနေရာကနေထွက်နေတဲ့ မီးခိုးတွေကို ကြည့်ပြီး ရင်ထဲမှာစို့တက်လာကာ
ရင်ကွဲနာကျပြီး သေသွားခဲ့ရှာပါလေရော သေခါနီးအစွဲကြောင့် ဒေါ်နန်းဟာအဲ့ဒီတောင်ပေါ်မှာပဲအစောင့်ဖြစ်သွားတယ်လို့ ဆိုကြတယ်။
တောင်ပေါ်မှာလည်း ယ္ခုချိန်ထိ မယ်နန်းကြည် နတ်နန်းရယ်လို့ သီးခြားနေရာနဲ့ဆောက်ပေးထားတာတွေ့ရပါတယ်။
အဲ့ဒီတောင်ကိုလည်း ဒေါ်နန်းကြည့်တောင်လို့ ခေါ်ရာကနေ နောက်တော့ ဒေါ်နန်းကြည်တောင်ရယ်လို့ ဖြစ်လာခဲ့ပါတော့တယ်။
ဒေါ်နန်းဟာ တန်ဖိုးကြီးတဲ့ ကျောက်တစ်ပွင့်ကြောင့်သူ့မောင်ငမောက်နဲ့ ဆွေမျိုးတွေသေကြရရှာတာကို စိတ်နာပြီးသူ့နတ်နန်းရှိတဲ့ တောင်ကြောမှာကျောက်လုံးဝမထွက်ပါစေနဲ့လို့
ကျိန်စာတိုက်ခဲ့ပါသတဲ့။ ထူးခြားတိုက်ဆိုင်စွာပဲ မိုးကုတ်မြို့နဲ့တောင်တန်းတွေ နေရာတိုင်းမှာ ကျောက်ထွက်ပေမဲ့ ဒေါ်နန်းကြည်တောင်ပေါ်မှာတော့ ကျောက်လုံးဝလုံးဝမထွက်တော့ပါဘူးတဲ့။
ဒီသမိုင်းလေးဟာ ဒေါ်နန်းကြည်သမိုင်းသာမကပဲ မြန်မာ့သမိုင်းရာဇဝင်ထဲက ပတ္တမြားငမောက်ကျောက်ရဲ့သမိုင်းရာဇဝင်လည်း ဆက်စပ်နေသောပတ္တမြားမြေက သမိုင်းရာဇဝင်လေးပဲ ဖြစ်ပါတယ်။
အဲ့ဒီတောင်ပေါ်မှာချယ်ရီပန်းလေးတွေလည်းအများကြီးဘဲတဲ့ တစ်ရက်တော့ သွားဖြစ်အောင်သွားရအုံးမယ်
Credit U Dhammapiya #SabeiLwin