ကြားသိရသမျှ

မိုင်းဖုန်းဆရာတော်ဘုရားကြီးမိန့်ကြားချက်ထုတ်ပြန် (ဆရာတော်ကအပိုင်ဂဏန်းပေးတာလား)

မိုင်းဖုန်းဆရာတော်ဘုရားကြီးမိန့်ကြားချက်ထုတ်ပြန် (ဆရာတော်ကအပိုင်ဂဏန်းပေးတာလား)

မိုင္းဖုန္းဆရာေတာ္ ယေန႔ တာခ်ီလိတ္ကို ႂကြမည္ ဝါတြင္းကာလမို႔ မည္သူ႔ကိုမွ် ဖူးေတြ႕ခြင့္ မေပးပါ

မိုင္းဖုန္းဆရာေတာ္ ယေန႔ တာခ်ီလိတ္ကို ႂကြေရာက္မည္ျဖစ္ေသာ္လည္း ဝါတြင္းကာလမို႔ မည္သူ႔ကိုမွ် ဖူးေတြ႕ခြင့္ မျပဳေသးဘူးလို႔ ေတာင္တန္းသာသနာျပဳဆရာေတာ္ ဦးသုခမိႏၵ (စဝ္ဆုခမ္း တန႔္ယန္း)က မိန႔္ၾကားပါတယ္။

ဆရာေတာ္ ဦးသုခမိႏၵ (စဝ္ဆုခမ္း တန႔္ယန္း)က “ ထိုင္းႏိုင္ငံ ဘန္ေကာက္ေဆး႐ုံတြင္ ေဆးကုသခံယူခဲ့ေသာ အရညဝါဒီ မိုင္းဖုန္းဆရာေတာ္သည္ က်န္းမာေရး ျပန္လည္ေကာင္းမြန္လာၿပီး ယေန႔ ဩဂုတ္ ၂၂ ရက္ေန႔တြင္ မယ္ဆိုင္မွတဆင့္ တာခ်ီလိတ္သို႔ ဝင္လာကာ မိုင္းဖုန္း(ခ) ပါဆာ လြန္းလိန္းေက်ာင္းတိုက္သို႔ ႂကြေရာက္ပါမည္။

ဝါတြင္းကာလျဖစ္ေသာေၾကာင့္ ဆရာေတာ္သည္ ဧကစာရီ တစ္ပါးတည္း တရားအားထုတ္ ေမတၱာပို႔သြားပါမည္။

(မည္သူကိုမွ် ဖူးေတြ႕ခြင့္မျပဳေသးပါ) သီတင္းကြၽတ္မွပဲ ဆရာေတာ္သည္ အဖူးေမွ်ာ္ခံမည္ျဖစ္ေၾကာင္း ရပ္နီးရပ္ေဝး ဒကာဒကာမမ်ားအား အသိေပးအပ္ပါတယ္” လို႔မိန႔္ၾကားထားပါတယ္။

ယေန႔မွာ မိုင္းဖုန္းဆရာေတာ္ တာခ်ီလိတ္ကို ႂကြေရာက္လာစဥ္မွာ ဒါယိကာဒါယိကာမ မ်ားသည္ မိုင္းဖုန္းေက်ာင္းသို႔လိုက္မသြားၾကရန္ အထူးေမတၱာရပ္ခံၿပီး ဆရာေတာ္ႂကြ ေရာက္သည့္

လမ္းတစ္ေလွ်ာက္ လမ္းေဘးဝဲယာ မိမိတို႔၏ အိမ္ေရွ႕မွေနၿပီး ဖူးေမွ်ာ္ၾကပါရန္ တိုက္တြန္းပါတယ္လို႔လည္း ဆရာေတာ္ ဦးသုခမိႏၵ (စဝ္ဆုခမ္း တန႔္ယန္း) က ထပ္မံ မိန႔္ၾကားပါတယ္။

Unicode

မိုင်းဖုန်းဆရာတော် ယနေ့ တာချီလိတ်ကို ကြွမည် ဝါတွင်းကာလမို့ မည်သူ့ကိုမျှ ဖူးတွေ့ခွင့် မပေးပါ

မိုင်းဖုန်းဆရာတော် ယနေ့ တာချီလိတ်ကို ကြွရောက်မည်ဖြစ်သော်လည်း ဝါတွင်းကာလမို့ မည်သူ့ကိုမျှ ဖူးတွေ့ခွင့် မပြုသေးဘူးလို့ တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)က မိန့်ကြားပါတယ်။

ဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)က “ ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံတွင် ဆေးကုသခံယူခဲ့သော အရညဝါဒီ မိုင်းဖုန်းဆရာတော်သည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီး ယနေ့ ဩဂုတ် ၂၂ ရက်နေ့တွင် မယ်ဆိုင်မှတဆင့် တာချီလိတ်သို့ ဝင်လာကာ မိုင်းဖုန်း(ခ) ပါဆာ လွန်းလိန်းကျောင်းတိုက်သို့ ကြွရောက်ပါမည်။

ဝါတွင်းကာလဖြစ်သောကြောင့် ဆရာတော်သည် ဧကစာရီ တစ်ပါးတည်း တရားအားထုတ် မေတ္တာပို့သွားပါမည်။

(မည်သူကိုမျှ ဖူးတွေ့ခွင့်မပြုသေးပါ) သီတင်းကျွတ်မှပဲ ဆရာတော်သည် အဖူးမျှော်ခံမည်ဖြစ်ကြောင်း ရပ်နီးရပ်ဝေး ဒကာဒကာမများအား အသိပေးအပ်ပါတယ်” လို့မိန့်ကြားထားပါတယ်။

ယနေ့မှာ မိုင်းဖုန်းဆရာတော် တာချီလိတ်ကို ကြွရောက်လာစဉ်မှာ ဒါယိကာဒါယိကာမ များသည် မိုင်းဖုန်းကျောင်းသို့လိုက်မသွားကြရန် အထူးမေတ္တာရပ်ခံပြီး ဆရာတော်ကြွ ရောက်သည့်

လမ်းတစ်လျှောက် လမ်းဘေးဝဲယာ မိမိတို့၏ အိမ်ရှေ့မှနေပြီး ဖူးမျှော်ကြပါရန် တိုက်တွန်းပါတယ်လို့လည်း ဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း) က ထပ်မံ မိန့်ကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *