ကြားသိရသမျှ

အမှန်တရားအတွက် သမိုင်းကြောင်းဘယ်တော့မှမရိုင်းခဲ့တဲ့ လူရွှင်တော် စိန်သီး ရဲ့ မွေးနေ့ရက်မြတ်

အမှန်တရားအတွက် သမိုင်းကြောင်းဘယ်တော့မှမရိုင်းခဲ့တဲ့ လူရွှင်တော် စိန်သီး ရဲ့ မွေးနေ့ရက်မြတ်

ပရိသတ်ကြီးရေ တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ သီးလေးသီး လူရွှင်တော်အဖွဲ့ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။

နိုင်ငံရေးကိုပဲ အဓိကထား ဖျော်ဖြေခဲ့တဲ့ သီးလေးသီးအဖွဲ့ကတော့ နာမည်အရမ်းကြီးခဲ့ပြီး သူတို့ရဲ့ပြက်လုံးတွေဟာလဲ ပြောစမှတ်တွက်ခဲ့ပါတယ်။သီးလေးသီးအဖွဲ့ကိုတော့ စိန်သီး၊ပန်းသီး၊ဇီးသီး၊ကြယ်သီး အစရှိတဲ့ လူရွှင်တော် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

သီးလေးသီးအဖွဲ့ဝင်ထဲက လူရွှင်တော် စိန်သီး ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။သီးလေးသီး အဖွဲ့ဝင်တစ်ဦးဖြစ်ပေမယ့် လူရွှင်တော် စိန်သီး ကတော့ တော်လှန်‌ရေးအတွက် အဖွဲ့ထဲကနေ တစ်ဦးတည်းခွဲထွက်လာပြီး တော်လှန်နေတာပါ။

ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့ကတော့ အမှန်တရားဘက်တော်သားတစ်ဦးဖြစ်တဲ့ လူရွှင်တော် စိန်သီး ရဲ့ မွေးနေ့ရက်မြတ်ပဲ ဖြစ်ပါတယ်။“ဒီနေ့ဟာ ငါမွေးနေ့တဲ့ …….ဆန္ဒ နဲ့ ဘဝ တထပ်ထဲကြချင်ပါတယ်သတိမရတဲ့နေ့ တွေကို သတိရပါစေ …..” လို့ လူရွှင်တော် စိန်သီး ဟာ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ တော်လှန်ရေးနယ်မြေမှာ တာဝန်ထမ်းဆောင်နေတဲ့ လူရွှင်တော် စိန်သီးအတွက် ဆုတောင်းစကားလေးတွေ ကောမန့်မှာ ပြောပေးခဲ့ပါအုန်းန်ော။

Credit

Zawgyi







Credit

Leave a Reply

Your email address will not be published. Required fields are marked *