အထွေထွေဗဟုသုတ

ကားရေမြုပ်သွားရင် လုပ်ဆောင်ရမယ့် အချက် ၆ ချက်

ကားရေမြုပ်သွားရင် လုပ်ဆောင်ရမယ့် အချက် ၆ ချက်

မိမိကားကို ပါကင်ထိုးထားပြီး တစ်နေရာရာကို သွားနေချိန် မိုးရွာပြီး လမ်းရေကြီးလို့ ကားရေမြုပ်သွားရင် ဘာဆက်လုပ်မလဲ။ မိုးရေထဲ ကားမောင်းနေရင်းနဲ့ မထင်မှတ်ပဲ ကားစက်ရပ်သွားရင် ဘယ်လိုဆက်လုပ်မလဲ။ လမ်းကျပ်နေလို့ ကားကို စက်နှိုးပြီးရပ်ထားတုန်း လမ်းပေါ်ရေတွေတက်ပြီး ရုတ်တရက်ရေကြီးလာရင် ဘယ်လိုလုပ်မလဲ။

၁။ မိမိကားဘယ်လောက်ထိရေမြုပ်နေသလဲဆိုတာကို စစ်ဆေးပါ။ တကယ်လို့များ ကားတံခါး အောက်ခြေထက်မပိုပဲ ရေမြုပ်နေတယ်ဆိုရင်တော့ နံပါတ် ၄ ကိုသွားပါ။ တကယ်လို့ ကားရှေ့ဘောနက်ဖုံး ထိရေမြုပ်နေရင်တော့ ရေကျသွားတဲ့အထိခဏစောင့်ပါ။ ပြီးရငလေစစ်ကို စစ်ဆေးပါ။ လေစစ်မှာ ရေစိုနေရင်တော့ နီးစပ်ရာ ကား၀ပ်ရှော့ဆီ ကားကိုဆွဲသွားပါ။

၂။ ကားစက်နှိုးဖို့ မကြိုးစားပါနဲ့ မတော်တဆ ကားအင်ဂျင်ထဲ ရေ၀င်နေရင် မိမိက ကားစက်နှိုးလိုက်တဲ့ အခါ ပြုပြင်လို့မရလောက်အောင် ကားအင်ဂျင်ပျက်စီးသွားပါလိမ့်မယ်။ အောက်ပါအချက်တွေကို စစ်ဆေးပြီး အိုကေတယ်ဆိုမှ စက်နှိုးဖို့စဉ်းစားပါ။အကောင်းဆုံးကတော့ ကျွမ်းကျင်စက်ပြင်တစ်ယောက်ယောက်ကို ခေါ်ပြီး စစ်ဆေးခိုင်းပါ။

၃။ အင်ဂျင်ဝိုင်ကို စစ်ဆေးပါ အင်ဂျင်ဝိုင်တိုင်းတဲ့ တုတ်တံမှာ ရေစက်တွေတွေ့နရင်(သို့မဟုတ်) အင်ဂျင်ဝိုင်ပမာဏများလာရင် ဒါဟာ အင်ဂျင်ဝိုင်ခွက်ထဲ ရေ၀င်တဲ့လက္ခဏာပါ။

လုံး၀လုံး၀ စက်မနှိုးပါနဲ့။နီးစပ်ရာ ကား၀ပ်ရှော့ဆီ ကားကိုဆွဲသွားပြီး အင်ဂျင်ဝိုင်တွေအကုန်ဖောက်ထုတ်ပါ။ ပြီးရင် အင်ဂျင်ဝိုင်ခွက်၊ ပလပ်၊ စတာတွေကို သန့်ရှင်းပြီး အင်ဂျင်ထဲမှာ ရေမကျန်အောင်လုပ်ရပါမယ်။

၄။ ဂီယာဝိုင်ကိုစစ်ဆေးပါ အင်ဂျင်ဝိုင်ကိုစစ်ဆေးသလိုပဲ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံ ကို ရေရှိမရှိစစ်ဆေးပါ။တချို့ ဂီယာဘောက်စ်တွေမှာ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံမထည့်ထားဘူး။
တကယ်လို့များမိမိကားက အဲ့လိုဂီယာဘောက်စ်ပါရင် လုံး၀လုံး၀ ဂီယာထိုးခြင်း စက်နှိုးခြင်းမလုပ်ပဲ နီးစပ်ရာ ကား၀ပ်ရှော့ကို ကားဆွဲသွားလိုက်ပါ။

၅။ စတီယာရင်ကို စစ်ဆေးပါ EPS (electronic power steering) ပါတဲ့ ကားတွေပြဿနာအဖြစ်များပါတယ်။ လျှပ်စစ်မော်တာသုံးပြီး ပါဝါစတီယာရင်ဖြစ်အောင်လုပ်ထားတဲ့အတွက် စတီယာရင်အုံကို (အရပ်ခေါ် စတီယာရင်ဂန်း) ရေ၀ပ်ရင်ပျက်ပါတယ်။

ရိုးရိုး ဟိုက်ဒရောလစ်ဆီသုံးတဲ့ ပါဝါစတီယာရင်ဆိုရင်လည်း စတီယာရင်ဂန်းထဲ ရေစိမ့်သွားရင် အထဲက ဗားတွေ ပျက်စီးတတ်ပါတယ်။ ဒါကြောင့် မိမိကားစတီယာရင်လေးလာရင် မပေ့ါပါနဲ့။

၆။ လျှပ်စစ်စနစ်ကို စစ်ဆေးပါ ကားမောင်းသူတစ်ယောက်အနေနဲ့ လျှပ်စစ်ပစ္စည်းတွအကြောင်းအသေးစိတ်မသိနိုင်ဘူး။ဒါပေမဲ့ ကြိုးပြတ်တာတွေ၊ ကြိုးလွတ်နေတာတွေ ရှိမရှိကိုတော့ စစ်ဆေးရမယ်။ရှေ့မီးကြီး၊ ကားအဲ့ယားကွန်း၊ တံခါးဂျက်၊ အတွင်းခန်းမီး စတာတွေ ကို စစ်ဆေးပါ။ တစ်ခုခု မသင်္ခါရင် ပြနေကျ ကား၀ပ်ရှော့ကို သွားပြီးစစ်ဆေးခိုင်းပါ။

ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အောက်ပါအချက်တွေကို ပြုလုပ်ပါ။

မိမိပြနေကျ ကား၀ပ်ရှော့ရဲ့ ဖုန်းနံပါတ်ကို မိမိလက်ကိုင်ဖုန်း နဲ့ ကားထဲမှာ မှတ်ထားပါ။
အခုဖော်ပြထားတဲ့ Infographic အသေးစားကို ကားထဲမှာဖြစ်စေ၊ လက်ကိုင်ဖုန်းထဲမှာ ဖြစ်စေမှတ်သားထားပါ။ကားဆွဲတဲ့ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖုန်းနံပါတ်တွေကို မှတ်သားထားပါ။ ဖြစ်နိုင်မယ်ဆိုရင် မိမိသွားမယ့် နေရာရဲ့ အခြေအနေကို ကြိုတင်စုံစမ်းပါ။ အခုဆိုရေဒီယိုကနေ တခါတလေ ယာဉ်ကြောအခြေအနေတွေဖော်ပြပေးတတ်ပါတယ်။

ကားရေမြုပ်သွားရင် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကမနည်းဘူး။ ကားဘေးတံခါအောက်ခြေလောက်အထိ မြုပ်သွားရင်တောင် အန္တရာယ်များတယ်။ ပြန်လည်ပြုပြင်ရတဲ့ စရိတ်၊ ၀ပ်ရှော့ထိုးထားရတဲ့ အချိန်၊ စတဲ့ ဆုံးရှူံးမှုတွေက တော်တော်လေးကြီးမားတယ်။

ဒါကြောင့် ကားအသုံးပြုသူတွေအနေနဲ့ မလိုအပ်ပဲ ကားကို ရေထဲဖြတ်မမောင်းပါနဲ့။

ရေကြီးလေ့ကြီးထ ရှိတဲ့ လမ်းပေါ်မှာ မိုးရွာနေစဉ် ကားရပ်မထားခဲ့ပါနဲ့။

မိုးတွင်းမှာ အပျက်အစီးမရှိပဲ ကားကို အသုံးပြုနိုင်ကြပါစေဗျာ။

???

ကားချစ်သူ

Credit》》

Leave a Reply

Your email address will not be published. Required fields are marked *