ကြားသိရသမျှ

“ဘုရားဒကာကြီး မင်းအောင်လှိုင် နှင့် ဒကာမကြီး. . လို့ အစချီပြီး ဆုတောင်းမေတ္တာ ပို့သပေးလိုက်တဲ့ မိုင်းဖုန်းဆရာတော်ကြီး”

“ဘုရားဒကာကြီး မင်းအောင်လှိုင် နှင့် ဒကာမကြီး. . လို့ အစချီပြီး ဆုတောင်းမေတ္တာ ပို့သပေးလိုက်တဲ့ မိုင်းဖုန်းဆရာတော်ကြီး”

ဘုရားဒကာဂျီးမိငေါင်လှိုင်…ဒကာမ၊ ဒကာကြီး မိန်းမ တဲ့.. မအလတင်မက၊ သူ့မိန်းမ ကြူကြူလှကိုပါ ထိပ်ဆုံးက မေတ္တာထည့်ပို့တာ..

ထိုင်းက ကလေးတွေ ဂူထဲ ပိတ်မိတုန်းကတောင် ဂူနားသွား မေတ္တာပို့သေးမင့်ဟာ.. မြန်မာတပြည်လုံးက ဆယ်ကျော်သက်တွေလည်း အသက်နဲ့ပါ..

ဒီလိုအခြေအနေမှာတောင် သူယုတ်မာ မအလနဲ့ သူ့မိန်းမကို ဘုရားဒကာကြီးခေါ်ပြီး တကူးတက ထိပ်ဆုံးက မေတ္တာပို့တာ တကယ် အံ့ဩရပါတယ်..

မအလနဲ့ မအလရဲ့ စစ်ခွေးတွေ သတ်လို့ သေကြရရှာတဲ့ ပြည်သူတွေအတွက် တကယ် ဝမ်းနည်း စိတ်မကောင်း ဖြစ်ရတယ်..

လူယုတ်မာတွေ ယုတ်မာတာကို လူကောင်းလို့ ယူဆထားသူတွေက တားကြရမယ် မဟုတ်ဘူးလား..

မတားဘူး၊ လောကီအရေးမို့ မဆိုင်လို့ မပါဘူးဆိုရင်လည်း လုံးဝ ကင်းအောင်နေလေ၊ ဘုရားဒဂါဂျီးလို့တော့ တကူးတက ထည့်ခေါ်မနေနဲ့ပေါ့..

ကမ္ဘာကြီး ပျက်စီးရတာ လူယုတ်မာတွေကြောင့်ဆိုတာထက် အဲ့ဒီလူယုတ်မာတွေ ယုတ်မာနေတာကို နေစိမ့် လျှစ်လျူရှုနိုင်သူတွေကြောင့်ပဲတဲ့..

ခုကတော့ လျစ်လျှူရှုရုံမက ကောင်းချီးပေး၊ အနားကပ် နေကြတာ ရုရှားရောက် ဂူဂူတို့ကအစ.. စိတ်တအားပျက်ပဲ.. ?

မိုင်းဖုန်းဆရာတော်ဟာ အခု ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူနေတာဖြစ်ပါတယ်

ထိုင်းဆေးရုံရဲ့ ကြေငြာချက်မှာတော့ မိုင်းဖုန်းဆရာတော် ရဲ့ ဦးနှောက်ထဲကို ငှက်ဖျားပိုး ဝင်သွားတယ်လို့ ကြေငြာထားတာ တွေ့ရှိရပါတယ်crd












Leave a Reply

Your email address will not be published. Required fields are marked *