ကြားသိရသမျှ

အတွဲလိုက်ပ-စ်ခတ်နိုင်တဲ့ တာဝေးပ-စ်လ-က်နက်ကြီးကို ထုတ်လုပ်လိုက်တဲ့ ဒုံးပျံ Local PDF (ဗီဒီယို)

ရန်ကုန် | ဩဂုတ် ၁၁
အောက်တွင်ရုပ်သံတင်ပေးထားသည်။

စစ်ကိုင်းတိုင်းအတွင်းအခြေစိုက်ပြီး စစ်အာဏာရှင်ကိုတော်လှန်တိုက်ခိုက်နေကြတဲ့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့

ဒုံးပျံ Local PDFက အတွဲလိုက်ပစ်ခတ်နိုင်တဲ့ တာဝေးပစ် လက်နက်ကြီးတစ်မျိုးကို အောင်အောင်မြင်မြင်ထုတ်လုပ်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါလက်နက်ကြီးဟာ ရှော့တိုက်အမြောက်တွေကို တစ်ခုချင်းဖြစ်စေ ၊ အတွဲလိုက်ဖြစ်စေ လိုသလိုပစ်ခတ်နိုင်တဲ့ ၆လုံးတွဲ တာဝေးပစ်လက်နက်ကြီးလို့ဆိုပါတယ်။

အဆိုပါလက်နက်ကြီး ပြန်လည် အဆင့်မြှင်တင်မွမ်းမံတာကို ပြီးခဲ့တဲ့ ဩဂုတ်လ ၉ရက်နေ့က အောင်မြင်ပြီးစီးခဲ့ပြီလို့က ဒုံးပျံ LPDFက ဆိုပါတယ်။

ပစ်ခတ်ဖို့အတွက် ခလုပ်၆ခုတပ်ဆင်ထားပြီး လိုသလို ချိန်ညှိပစ်ခတ်နိုင်အောင်စီမံထားကာ ထိရောက်မှုအနေနဲ့ မီတာ ၁၂၀၀ဝန်းကျင်အထိ ပစ်ခတ်နိုင်တယ်လို့ဆိုပါတယ်။

ဗီဒီယို – ဒုံးပျံ Local PDF

ဓါတ်ပုံ – AAMIJ

Leave a Reply

Your email address will not be published. Required fields are marked *