အထွေထွေဗဟုသုတ

အထိုင်များပြီး အညောင်းမိတတ်သူများအတွက် အကြောဆန့်လေ့ကျင့်ခန်း (၅)မျိုး

အထိုင် များပြီး အ ညောင်းမိ တတ် သူလေးတွေအတွက် အကောင်းဆုံးလေ့ကျင့်ခန်းက ဘယ်လိုလေ့ ကျင့် ခန်းမျိုး ဖြစ်မလဲ ဆိုတာ စဉ်းစားစရာပါ ။

ပညာရှင် တွေ က တော့ အညောင်းမိ တာ တွေ အတွက် ပြင်းပြင်း ထန်ထန် လေ့ကျင့် ခန်းတွေ ထက် အကြောဆန့်တဲ့ လေ့ကျင့်ခန်းတွေက ပိုကောင်းတဲ့ အကျိုးသက်ရောက်မှုတွေကို ရနိုင်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ် တင်းကြပ်ညောင်းညာမှုတွေဖြစ်နေတဲ့သူလေးတွေအတွက် အ ညောင်း ပြေပြီး ပေါ့ပါးလန်းဆန်းစေရုံမကဘဲ ရက် ၃၀ အတွင်းမှာ ခန္ဓာကိုယ်ကောက်ကြောင်း ပိုလှလာစေမယ့်

အ ကြောဆန့် နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။ အညောင်းအညာပြေ၊ ပေါ့ပါးပြီး ပိုလည်း လှလာမှာမို့ အိပ်ရာဝင်ခါနီး ၁၀မိနစ်လောက်ပဲ အချိန်ပေးပြီး လုပ်ဖြစ်အောင် လုပ်လိုက်နော်။

( ၁ ) ဦးခေါင်းကို ဒူးနဲ့ ထိခြင်း

ပုံမှာပြထားသလို ညာဘက်ခြေထောက်ကို ဆန့်ပြီး ဘယ်ဘက်ခြေထောက်ကိုတော့ ဒူးနေရာကနေ ကွေးကာ ခြေဖျားကို ပေါင်နဲ့ထိ ထားပါ။

ညာဘက်လက်ကို ညာဘက်ခြေထောက် အတွင်းဘက် ကနေပြီး ခြေဖဝါးကိုကိုင်၊ ဘယ်လက်ကိုတော့ ဦးခေါင်းအပေါ်ကနေကျော်ပြီး ခြေဖျားကို ဆုပ်ကိုင်ထားပါ။

အဲ့ဒီ အနေအထားအတိုင်း တစ်မိနစ် နေပေးပါ။ ဘယ်ညာတလှည့်စီလုပ်ပေးပါ။

( ၂ ) ဖားပုံစံ

ခြေဖ နောင့်ကို တင်ပါးအောက် မှာ ထားပြီး ဒူးနှစ်ဖက်ကို ဘေးဘက်ကို ကားထိုင်ပါ။ ခန္ဓာကိုယ်ကို အရှေ့ဘက်ကိုင်းလိုက်ပြီး တင်ပါးကို ခြေဖနောင့်အပေါ်ကနေ ကြွလိုက်ပြီး

လက်နှစ်ဖက်ကို ခန္ဓာကိုယ်အရှေ့ဘက် တိုးနိုင်သလောက် တိုးသွားလိုက်ပါ။ အဲ့ဒီအနေ အထားမှာ ၂ မိနစ်လောက် နေပေးပါ။

(၃) မြွေ ဟောက်ပုံစံ

ပုံထဲကလိုမျိုး ဝမ်းဗိုက်နေရာကို ကြမ်းပြင်နဲ့ ထိထားပြီး ခြေထောက်တွေကို ဆန့်ထားပါ။
လက် နှစ်ဖက် ကို ပခုံး အ ကျယ် လောက်ခွဲပြီး ခန္ဓာကိုယ်အရှေ့မှာထောက်ထားပြီး

ဦးခေါင်းကို ကျောအနောက်ဘက် လှန်နိုင်သလောက် လှန်ပေးပါ။ အဲ့ဒီ အ နေအထားမှာ ၂ မိနစ်လောက် နေပေးလိုက်ပါ။

(၄) ဦးခေါင်းအောက် စိုက်တဲ့ပုံစံ

ပုံမှာပြထားသလို ခြေဖျားနဲ့ လက်နှစ်ဖက်ကို ထောက်ပြီး ခန္ဓာကိုယ်ကို တြိဂံပုံစံဖြစ်အောင်နေပါ။ ဒူးနဲ့တံတောင်ဆစ်တွေကို ဖြောင့်ထားဖို့ လိုပြီး ခြေဖျားလေး နဲ့ ထောက်ထားရမှာပါ။ အဲ့ဒီ အ နေ အထားမှာ ၂ မိနစ်လောက် နေပေးလိုက်ပါ။

(၅) ခါးလိမ်ခြင်း

ခြေထောက်နှစ်ဖက်ကို ဆန့်ပြီး ခါးကိုမတ်မတ်လေးထိုင်ပါ။ ဘယ်ဘက်ဒူးကို ကွေးလိုက်ပြီး ညာဘက် တံတောင်ဆစ်ကို

ဒူးပေါ် တင်လိုက်ပြီး ဘယ်လက်က အ နောက်ဘက်မှာ ထောက်ပေးပါ။ အဲ့ဒီအနေအထားအတိုင်း တစ်မိနစ်နေပေးပြီး ဘယ်ညာ တလှည့်စီ လုပ်ပေးပါ။

( ၆ ) အကျိုးရလဒ်တွေ က တော့…

ကောင်းကောင်းအိပ်ပျော်လာတယ်။ နေရတာ ပေါ့ပါးလာတယ်။

နာကျင်မှုတွေ၊ ခန္ဓာကိုယ် တောင့်တင်း ညောင်းညာနေတာတွေ သက်သာလာတယ်။

သွေးလှည့်ပတ်မှု ကောင်းလာတယ် ၊ သွေးဖိအား ပုံမှန် ဖြစ် လာ တယ် ။

စိတ်ဖိစီးမှုတွေ လျော့နည်း လာတယ် ။

ခန္ဓာကိုယ် ကောက်ကြောင်း အလှ ပေါ်လွင် လာတယ် ၊ ကိုယ်နေ ဟန်ထား လှပလာတယ်။

Credit

Unicode

Leave a Reply

Your email address will not be published. Required fields are marked *