ကြားသိရသမျှ

ကားဖြင့်တိုက်ဖမ်းဆီးခံခဲ့ရ‌‌သော မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် နှစ်ရှည်ထောင်ဒဏ်… see more

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား ၅၀၅ အမှု (၅) မှုအတွက် ထောင် (၁၀) နှစ်ချမှတ်

မုံရွာမြို့မှ ‌‌ နွေဦးတော်လှန်ရေး သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား ဆွဲဆိုထားသည့် အမှုများထဲမှ ပုဒ်မ ၅၀၅ အမှု (၅) မှုအတွက် ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ကိုဝေမိုးနိုင်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုအပြင် လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှု၊ မတရားသင်းဆက်သွယ်မှုတွေအပါအဝင် နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သည့်အမှုများနှင့် တရားရင်ဆိုင်နေရခြင်းဖြစ်ပြီး မုံရွာအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။

ကိုဝေမိုးနိုင်အား ဩဂုတ်လ (၁၂) ရက် ရုံးချိန်းတွင် ပုဒ်မ ၅၀၅ အမှု (၅) မှု အတွက် (၁) မှုလျင် ထောင်ဒဏ် (၂) မှုစီဖြင့် စုစုပေါင်း ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

ရတနာပုံရပ်ကွက်တွင် နေထိုင်သူ တစ်ဦးအား ဖမ်းဆီးရိုက်နှက်ကာ မိသားစုအား နယ်နှင်ဒဏ်ပေးသည့် ဖြစ်စဉ်တွင် ကိုဝေမိုးနိုင် ဦးဆောင်ပါဝင်သည်ဟုဆိုကာ ရာဇသ တ်ကြီး ဥပဒေ ပုဒ်မ ၃၉၅ (ဓားပြမှု) ၊ မတရားချုပ်နှောင်ထားမှု ပုဒ်မ ၃၄၂ ၊အပြင်းအထန် နာကျင်စေရန် သိလျက်နှင့်ပြုခြင်း ပုဒ်မ ၃၂၅ ၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ စသ ည့် ပုဒ်မများဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ထို့အပြင် ၂၀၂၁ မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ပုလဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ခင်ဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦး သတ်ဖြတ်ခံရမှုတွင်လည်း ကိုဝေမိုးနိုင်ဟာ ဦးဆောင်ပါဝင်သည်ဆိုသည့် စွဲချက်ဖြင့် ရာ ဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားခြင်း ဖြစါသည်။

CRPH/NUG တို့နှင့် ဆက်သွယ်မှုအတွက် ပုဒ်မ ၅၀၅ (က) ၊ မုံရွာမြို့မှ လူငယ်အချို့အား PDF သင်တန်းတက်ရန် ဆ က်သွယ်ပို့ဆောင်ပေးသည့်အတွက် မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) အပါအဝင် ပုဒ်မ ၁၂၄ ၊ ၅၁၁ အရ အမှုဖွင့် အရေးယူထားခြင်း ဖြစ်သည်။

ထို့အပြင် ကိုဝေမိုးနိုင်သည် မုံရွာမြို့ပေါ် ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့်အတွက် သဘာဝဘေး စီမံခန့်ခွဲရေးဆိုင် ရာဥပဒေ ပုဒ်မ ၂၅ ဖြင့်လည်း အမှုဖွင့်ခံထားရခြင်းဖြစ် သည်။ကိုဝေမိုးနိုင်သည် ၂၀၂၁ ၊ ဧပြီ ၁၅ ရက်က မုံရွာမြို့၊ သာစည်လမ်း ၊ ရွှေယင်းမာ သီလရှင် ကျောင်းတိုက်အနီး ဆ န္ဒပြနေစဉ် ကားဖြင့်တိုက်၍ ဖမ်းဆီးခြင်း ခံရကာ မုံရွာအကျဉ်း ထောင်၌ ထိန်းသိမ်းခြင်း ခံထားရသူဖြစ်သည်။

ပြီးခဲ့သည့် လအတွင်းက ကိုဝေမိုးနိုင်နှင့် မိသားစုဝင်များကို ပထမအကြိမ် တွေ့ဆုံခွင့် ပေးခဲ့ပြီး လက်ရှိအချိန်တွင် ကိုဝေမိုးနိုင်မှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

credit

Leave a Reply

Your email address will not be published. Required fields are marked *