မီးလောင်မှု ဖြစ်ပွါးသည့်အခါ မီးသတ်ကားတွေ Level ခေါ်တာကိုသိချင်သူများအတွက်ပါ ။
မီးလောင်မှုတစ်ခုရဲ့LEVEL- (1 . 2 .3 .4 .5) ဆိုတာဟာ………
မီးလောင်မှုအခြေအနေအရမီးငြိမ်းသတ်ရန် မီးသတ်ကားများခေါ်ခြင်းဖြစ်ပါတယ်။
တချို့မီးလောင်မှုတွေကတော့(LEVEL) ခေါ်စရာမလိုပဲ နယ်မြေခံယာဉ်အုပ်စုနဲ့ငြိမ်းသွားတာမျိုးလည်းရှိပါတယ်။
မှတ်ချက် ။ ။(ယခုဖေါ်ပြပါ မီးသတ်ယာဉ် Level သည် ရန်ကုန်တိုင်းဒေသကြီး၏ အကူယာဉ် အုပ်စုဖြစ်ပီး ကျန်တိုင်းဒေသကြီးများတွင်လည်း အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်)
LEVEL – (1)
ယာဉ်အုပ်စုမှာမီးငြိမ်းသတ်ယာဉ်နဲ့ရေသယ်ယာဉ်(၁၀)စီးပါ၀င် ပြီးမီးလောင်မှုဖြစ်ပွားရာမြို့နယ်နှင့်ထိစပ်မြို့နယ်များမှကားများပါ၀င်ပါတယ်
LEVEL – (2)
ယာဉ်အုပ်စုမှာတော့နောက်ထပ် (၁၅)စီးထပ်မံပါ၀င်ငြှိမ်းသတ်ပြီးပေါင်း(၂၅)စီးဖြစ်သွားပါတယ်
LEVEL – (3)
ယာဉ်အုပ်စုမှာတော့မီးငြိမ်းသတ်ယာဉ်နှင့်ရေသယ်ယာဉ်(၂၅) စီးထပ်မံပါ၀င်လာပြီးစုစုပေါင်း (၅၀)စီးဖြစ်လာပါတယ်။
LEVEL – (4)
ယာဉ်အုပ်စုမှာ(၁၀)စီးထပ်မံပေါင်းစပ်ပြီးစုစုပေါင်း(၆၀)စီးဖြစ်လာပါတယ်။
LEVEL – (5)
ယာဉ်အုပ်စုမှာတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အကူယာဉ် (၁၀)စီး ထပ်မံပါဝင်လာပီး စုစုပေါင်း (၇၀) စီးဖြစ်လာပါတယ်။
အခြေနေအရ လိုအပ်လာလျှင် စည်ပင်သာယာထိစပ်နယ်နမိတ် မှကားများကလည်းလာကူရပါတယ်။
မှတ်ချက် ။ ။ စည်ပင်ရေသန့်ဌာနမှ ရေသယ်ယာဉ်များ၊ ပရဟိတလူမှုကူညီရေးအသင်းပိုင် မိတ်ဖက်ရေသယ်ယာဉ်များ၊ စက်ရုံအလုပ်ရုံပိုင် / ဆီဆိုင်ပိုင် ရှိ မီးသတ်ယာဉ် /ရေသယ်ယာဉ်များ ၊အရန်မီးသတ်တပ်ဖွဲ့ / သီးသန့်မီးသတ်တပ်ဖွဲ့ပိုင် မီးသတ်ယာဉ် / ရေသယ်ယာဉ်များဟာဆိုလျှင်လည်း ပူးပေါင်းကူညီ လာရောက် ငြိမ်းသတ်ပေးလျက်ရှိပါတယ်။
နယ်မြေခံယာဉ်အုပ်စုကတော့ အကုန်ထွက်စနစ်ဖြစ်ပီးမီးငြှိမ်းသတ်ရာတွင်လည်း မီးလောင်ပြင် လာတဲ့ကားမှန်သမျှမီးငြှိမ်းသတ်စရာမလိုအပ်ပဲရှေ့ဆုံးမှာရှိတဲ့မျက်နှာစာဖွင့်ထားသော(Fighter)ကားများကိုသာရေအဆင့်အဆင့်ဖြည့်ပေးရခြင်းဖြစ်ပါသည်။
ရှေ့ဆုံးကားမှ(pumper)မောင်းပြီးညှိမ်းသတ်နေခြင်းကြောင့် နောက်ကားများကမီးငြှိမ်းသတ်ရန်မလိုအပ်ပါ။ မီးလောင်သည့် နေရာ အခြေနေပေါ် မူတည်ပီး လိုအပ်မှသာ နောက်အကူလာသော ယာဉ်များဟာ မျက်နှာစာဖွင့် ငြိမ်းသတ်ခြင်းများ ဆောင်ရွက်ကြပါသည်။
အကူလာသောရေပေးနေသောယာဉ်များသည်ရေကုန်လျှင်ရေပြန်သယ်ရပါသည်။မီးလောင်ပြင်လာပီးမီးမငြိမ်းပဲလှည့်ပြန်ခြင်းမဟုတ်ပါ။
မီးဘေးအန္တာရာယ်ကင်းရှင်းကြပါစေ………
zawgyi
မီးေလာင္မႈ ျဖစ္ပြါးသည့္အခါ မီးသတ္ကားေတြ Level ေခၚတာကိုသိခ်င္သူမ်ားအတြက္ပါ ။
မီးေလာင္မႈတစ္ခုရဲ႕LEVEL- (1 . 2 .3 .4 .5) ဆိုတာဟာ………
မီးေလာင္မႈအေျခအေနအရမီးၿငိမ္းသတ္ရန္ မီးသတ္ကားမ်ားေခၚျခင္းျဖစ္ပါတယ္။
တခ်ိဳ႕မီးေလာင္မႈေတြကေတာ့(LEVEL) ေခၚစရာမလိုပဲ နယ္ေျမခံယာဥ္အုပ္စုနဲ႔ၿငိမ္းသြားတာမ်ိဳးလည္းရွိပါတယ္။
မွတ္ခ်က္ ။ ။(ယခုေဖၚျပပါ မီးသတ္ယာဥ္ Level သည္ ရန္ကုန္တိုင္းေဒသႀကီး၏ အကူယာဥ္ အုပ္စုျဖစ္ပီး က်န္တိုင္းေဒသႀကီးမ်ားတြင္လည္း အနည္းငယ္ကြဲလြဲမႈရွိႏိုင္ပါသည္)
LEVEL – (1)
ယာဥ္အုပ္စုမွာမီးၿငိမ္းသတ္ယာဥ္နဲ႔ေရသယ္ယာဥ္(၁၀)စီးပါ၀င္ ၿပီးမီးေလာင္မႈျဖစ္ပြားရာၿမိဳ႕နယ္ႏွင့္ထိစပ္ၿမိဳ႕နယ္မ်ားမွကားမ်ားပါ၀င္ပါတယ္
LEVEL – (2)
ယာဥ္အုပ္စုမွာေတာ့ေနာက္ထပ္ (၁၅)စီးထပ္မံပါ၀င္ျငႇိမ္းသတ္ၿပီးေပါင္း(၂၅)စီးျဖစ္သြားပါတယ္
LEVEL – (3)
ယာဥ္အုပ္စုမွာေတာ့မီးၿငိမ္းသတ္ယာဥ္ႏွင့္ေရသယ္ယာဥ္(၂၅) စီးထပ္မံပါ၀င္လာၿပီးစုစုေပါင္း (၅၀)စီးျဖစ္လာပါတယ္။
LEVEL – (4)
ယာဥ္အုပ္စုမွာ(၁၀)စီးထပ္မံေပါင္းစပ္ၿပီးစုစုေပါင္း(၆၀)စီးျဖစ္လာပါတယ္။
LEVEL – (5)
ယာဥ္အုပ္စုမွာေတာ့ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ အကူယာဥ္ (၁၀)စီး ထပ္မံပါဝင္လာပီး စုစုေပါင္း (၇၀) စီးျဖစ္လာပါတယ္။
အေျခေနအရ လိုအပ္လာလွ်င္ စည္ပင္သာယာထိစပ္နယ္နမိတ္ မွကားမ်ားကလည္းလာကူရပါတယ္။
မွတ္ခ်က္ ။ ။ စည္ပင္ေရသန္႔ဌာနမွ ေရသယ္ယာဥ္မ်ား၊ ပရဟိတလူမႈကူညီေရးအသင္းပိုင္ မိတ္ဖက္ေရသယ္ယာဥ္မ်ား၊ စက္႐ုံအလုပ္႐ုံပိုင္ / ဆီဆိုင္ပိုင္ ရွိ မီးသတ္ယာဥ္ /ေရသယ္ယာဥ္မ်ား ၊အရန္မီးသတ္တပ္ဖြဲ႕ / သီးသန္႔မီးသတ္တပ္ဖြဲ႕ပိုင္ မီးသတ္ယာဥ္ / ေရသယ္ယာဥ္မ်ားဟာဆိုလွ်င္လည္း ပူးေပါင္းကူညီ လာေရာက္ ၿငိမ္းသတ္ေပးလ်က္ရွိပါတယ္။
နယ္ေျမခံယာဥ္အုပ္စုကေတာ့ အကုန္ထြက္စနစ္ျဖစ္ပီးမီးျငႇိမ္းသတ္ရာတြင္လည္း မီးေလာင္ျပင္ လာတဲ့ကားမွန္သမွ်မီးျငႇိမ္းသတ္စရာမလိုအပ္ပဲေရွ႕ဆုံးမွာရွိတဲ့မ်က္ႏွာစာဖြင့္ထားေသာ(Fighter)ကားမ်ားကိုသာေရအဆင့္အဆင့္ျဖည့္ေပးရျခင္းျဖစ္ပါသည္။
ေရွ႕ဆုံးကားမွ(pumper)ေမာင္းၿပီးညႇိမ္းသတ္ေနျခင္းေၾကာင့္ ေနာက္ကားမ်ားကမီးျငႇိမ္းသတ္ရန္မလိုအပ္ပါ။ မီးေလာင္သည့္ ေနရာ အေျခေနေပၚ မူတည္ပီး လိုအပ္မွသာ ေနာက္အကူလာေသာ ယာဥ္မ်ားဟာ မ်က္ႏွာစာဖြင့္ ၿငိမ္းသတ္ျခင္းမ်ား ေဆာင္႐ြက္ၾကပါသည္။
အကူလာေသာေရေပးေနေသာယာဥ္မ်ားသည္ေရကုန္လွ်င္ေရျပန္သယ္ရပါသည္။မီးေလာင္ျပင္လာပီးမီးမၿငိမ္းပဲလွည့္ျပန္ျခင္းမဟုတ္ပါ။
မီးေဘးအႏၲာရာယ္ကင္းရွင္းၾကပါေစ………
crd